၂၀၂၁
ယေရှုဗတ္တိဇံခံခဲ့၏
ဖေဖော်ဝါရီ ၂၀၂၁


“ယေရှုဗတ္တိဇံခံခဲ့၏၊” မိတ်ဆွေ ဖေဖော်ဝါရီ ၂၀၂၁

လစဉ် မိတ်ဆွေ အမှာစကား၊ ဖေဖော်ဝါရိ ၂၀၂၁

ယေရှုဗတ္တိဇံခံခဲ့၏

ရုပ်ပုံ
ဗတ္တိဇံဆရာ ယောဟန် သွန်သင်ခြင်း

ဧပရယ်လ် စတော့၏ သရုပ်ဖော်ပုံများ

ဗတ္တိဇံဆရာယောဟန်သည် ကြီးစွာသောပရောဖက်တစ်ပါးဖြစ်၏။ သူက လူတို့ကို နောင်တရရန်နှင့် ဗတ္တိဇံခံရန် သွန်သင်ခဲ့ပါတယ်။

ရုပ်ပုံ
ဗတ္တိဇံပေးနေသော ဗတ္တိဇံဆရာ ယောဟန်

တစ်နေ့မှာ ယောဟန်ဟာ လူတွေကို ဂျော်ဒန်မြစ်ထဲမှာ ဗတ္တိဇံပေးနေပါတယ်။ ယေရှုရောက်လာပြီး သူ့ကို ဗတ္တိဇံပေးဖို့ ယောဟန်ကို တောင်းဆိုခဲ့ပါတယ်။ ယောဟန်ဟာ ယေရှုမှာ အပြစ်တစ်ခုမျှမရှိတာကို သိပါတယ်။ ထိုသို့ဆိုလျှင် ယေရှုဟာ ဘာကြောင့် ဗတ္တိဇံခံချင်တာပါလဲ။

ရုပ်ပုံ
ယေရှုခရစ်တော်

ယေရှုက သူဟာပညတ်တော်အားလုံးကို နာခံဖို့လိုအပ်ကြောင်းပြောခဲ့ပါတယ်။ ဗတ္တိဇံခံခြင်းဟာ ပညတ်တော်တစ်ခုဖြစ်ပါတယ်။

ရုပ်ပုံ
ယေရှုကို ဗတ္တိဇံပေးနေသော နှစ်ခြင်းဆရာ ယောဟန်

ယောဟန်က ယေရှုကို ဗတ္တိဇံပေးပြီးတဲ့အခါ၊ ချိုးငှက်တစ်ကောင်က အဲဒီနေရာမှ သန့်ရှင်းသောဝိညာဉ်တော်ရှိတဲ့အကြောင်း ပြဖို့ ရောက်လာခဲ့ပါတယ်။ ကောင်းကင်ဘုံရှင်အဘရဲ့အသံက ကောင်းကင်ကနေ ရောက်လာပြီး၊ “ဤသူကား ငါနှစ်သက်မြတ်နိုးရာ ငါ၏ချစ်သားပေတည်း” ဟု မိန့်တော်မူခဲ့ပါတယ်(မဿဲ ၃း၁၇)။

ရုပ်ပုံ
ဗတ္တိဇံ၌ အဖေနှင့် သမီး

ကျွန်တော်တို့ဟာ ယေရှုလို ပညတ်တော်တွေကို နာခံဖို့နဲ့ ဗတ္တိဇံခံဖို့ ရွေးချယ်နိုင်ပါတယ်။ အဲဒီနောက် အတည်ပြုခံရနိုင်၊ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ ဆုကျေးဇူးကိုလည်း ရရှိနိုင်ပါတယ်။

အရောင်ချယ်စာမျက်နှာ

ကျွန်တော်ရဲ့ကိုယ်ခန္ဓာအတွက် ကျေးဇူးတင်ပါတယ်။

ရုပ်ပုံ
အရောင်ချယ်စာမျက်နှာ

ပုံနှိပ်သည်