၂၀၂၁
ကျွန်ုပ် ယေရှုနောက် လိုက်လျှောက်လိုသည်
မတ် ၂၀၂၁


“ကျွန်ုပ် ယေရှုနောက် လိုက်လျှောက်လိုသည်၊” မိတ်ဆွေ မတ် ၂၀၂၁

ယေရှုအကြောင်းပုံပြင်များ

ကျွန်ုပ် ယေရှုနောက် လိုက်လျှောက်လိုသည်

ရုပ်ပုံ
သင်္ဘောပေါ်မှသွန်သင်နေသော ယေရှု

ဧပရယ်လ် စတော့၏ သရုပ်ဖော်ပုံများ

တစ်နေ့မှာ ယေရှုဟာ သင်္ဘောပေါ်ကို တက်ခဲ့ပါတယ်။ သူက တံငါသည်တွေကို သင်္ဘောကို ရေချဖို့ ပြောခဲ့ပါတယ်။ သူက သင်္ဘောပေါ်မှာ ရပ်ပြီးတော့ ကမ်းပေါ်က လူအုပ်ကို သွန်သင်ခဲ့ပါတယ်။

ရုပ်ပုံ
တမန်တော်များ ငါးအပြည့်နှင့်ပိုက်ကို ဆွဲနေပုံ

အဲဒီနောက်၊ ယေရှုက ပေတရုအမည်ရှိတဲ့ တံငါသည်ကို ပိုက်ကိုရေထဲချဖို့ ပြောခဲ့ပါတယ်။ ပေတရုက သူ တစ်နေ့လုံး ငါးတစ်ကောင်မျှ မမိသေးကြောင်း၊ ဒါပေမယ့် တစ်ဖန်ကြိုစားကြည့်လိုကြောင်း ပြောပါတယ်။ ဒီအကြိမ်မှာ၊ ပေတရုဟာ လှေနှစ်စင်းစာ ငါးတွေကို မိခဲ့ပါတယ်။

ရုပ်ပုံ
တမန်တော်များကို သွန်သင်နေသည့် ယေရှုခရစ်တော်

ယေရှုက တံငါသည်တွေကို သူ့တို့လှေတွေကို ထားခဲ့ပြီး သူ့နောက်ကိုလိုက်ဖို့ ခေါ်ခဲ့ပါတယ်။ သူတို့ကို သူ့တပည့်တော်တွေဖြစ်စေလိုခဲ့ပါတယ်။

ရုပ်ပုံ
အနာငြိမ်းစေရန် လက်တင်နေသည့် ယေရှု၏တပည့်တော်များ

ယေရှုရဲ့ တပည့်တော်တွေဟာ သူ ကောင်းကင်ဘုံရှင်အဘအကြောင်း သွန်သင်ပေးတဲ့အခါ နားထောင်ခဲ့ကြပါတယ်။ သူတို့ဟာ ယေရှု ဖျားနာသူတွေကို အနာငြိမ်းစေတာ၊ အခြားသူတွေအပေါ် ချစ်ခြင်းပြတာတွေကို စောင့်ကြည့်ခဲ့ကြပါတယ်။ ယေရှုသေသွားပြီးတဲ့နောက်မှာ၊ တပည့်တော်တွေဟာ ယေရှုလုပ်ဆောင်တာကို မြင်ခဲ့ကြတဲ့အတိုင်း လုပ်ဆောင်ခဲ့ကြပါတယ်။ သွန်သင်ခဲ့ကြ၊ အနာငြိမ်းစေခဲ့ကြ၊ ပြီးတော့ ချစ်ခဲ့ကြပါတယ်။

ရုပ်ပုံ
ငိုနေသောမိန်းကလေးကို နှစ်သိမ့်နေသောမိန်းကလေး

ကျွန်ုပ်သည် ကျွန်ုပ်ပြောသည့် လုပ်ဆောင်သည့်အရာအားဖြင့် ယေရှုခရစ်တော်အကြောင်း အခြားသူတွေကို သွန်သင်နိုင်တယ်။ ကျွန်ုပ်သည် လူတို့၏ နာကျင်သောခံစားချက်များကို ကြင်နာခြင်းဖြင့် အနာငြိမ်းစေနိုင်ပါတယ်။ ကျွန်ုပ်သည် ဖျားနာသော၊ သို့မဟုတ် ဆင်းရဲသောသူများကို စောင့်ရှောက်ရာမှာ ကူညီနိုင်ပါတယ်။ ကျွန်ုပ်သည် ယေရှုကဲ့သို့ ချစ်ခြင်းကို ပြပါမည်။

အရောင်ချယ်စာမျက်နှာ

ယေရှုနောက်လိုက်လျှောက်ခြင်းက ကျွန်ုပ်ကို ပျော်ရွှင်စေပါသည်

ရုပ်ပုံ
1 full-page b&w line art illustration based on theme "Following Jesus Makes Me Happy" A young boy shows his younger brother a picture of Jesus.

ပုံနှိပ်သည်