၂၀၂၂
ကျွန်ုပ်တို့မြေကြီးသို့မလာမီ
၂၀၂၂ ဇန်နဝါရီလ


“ကျွန်ုပ်တို့မြေကြီးသို့မလာမီ၊” လစဉ် မိတ်ဆွေအမှာစကား၊ ဇန္နဝါရီ ၂၀၂၂

“ကျွန်ုပ်တို့မြေကြီးသို့မလာမီ”

လစဉ်မိတ်ဆွေ အမှာစကား၊ ဇန္နဝါရီ ၂၀၂၂

ကျွန်ုပ်တို့မြေကြီးသို့မလာမီ

ရုပ်ပုံ
လူ့ဇာတိမတိုင်မီ ဝိညာဉ်လောက၌ ‌ကောင်းကင်ဘုံရှင်အဘနှင့် ယေရှုခရစ်တော်

ဧပရယ်လ် စတော့၏ သရုပ်ဖော်ပုံများ

ကျွန်တော်တို့ဟာ မမွေးခင်မှာ၊ ကျွန်တော်တို့ရဲ့ ‌ကောင်းကင်ဘုံရှင်မိဘတွေနဲ့အတူ ကောင်းကင်ဘုံမှာနေခဲ့ကြပါတယ်။ သူက ကျွန်တော်တို့ကို သူ့ရဲ့ ပျော်ရွှင်ခြင်းအစီအစဉ်အကြောင်း သွန်သင်ခဲ့ပါတယ်။

ရုပ်ပုံ
ငိုနေသော‌ယောက်ျားလေး၊ ဘောလုံးကိုင်နေသည့် မိန်းကလေး

ကျွန်တော်တို့ဟာ ကိုယ်ခန္ဓာတွေရရှိဖို့ ‌မြေကြီးသို့လာရမည့်အကြောင်း ‌ကောင်းကင်ဘုံရှင်အဘက မိန့်တော်မူခဲ့ပါတယ်။ ကျွန်တော်တို့သင်ယူကြ၊ ရွေးချယ်မှုတွေပြုကြပါလိမ့်မယ်။ တစ်ခါတစ်ရံမှာ ကျွန်တော်တို့ အမှားလုပ်ကြပါလိမ့်မယ်။ ကျွန်တော်တို့မှာ ကင်တင်ရှင်တစ်ပါး လိုပါလိမ့်မယ်။

ရုပ်ပုံ
ဘောလုံးကိုင်နေသည့် မိန်း‌ကလေးက ငိုနေသည့် ယောက်ျားလေးကို နှစ်သိမ့်နေပုံ

ကယ်တင်ရှင်က ကျွန်တော်တို့ကို ဘယ်လိုနေထိုင်ရမယ်ဆိုတာ ပြပါလိမ့်မယ်။ ကျွန်တော်တို့ မှားတဲ့ရွေးချယ်မှုပြုတဲ့အခါ၊ ကျွန်တော်တို့နောင်တရနိုင်ကြပါလိမ့်မယ်။

ရုပ်ပုံ
လူ့ဇာတိဘဝမတိုင်မီယေရှုခရစ်တော်

ယေရှုကမိန့်တော်မူခဲ့ပါတယ်၊ “အကျွန်ုပ်ရှိပါ၏၊ အကျွန်ုပ်ကို စေလွှတ်ပါ။” ကောင်းကင်ဘုံရှင်အဘက သူ့ကို ကျွန်တော်တို့ရဲ့ကယ်တင်ရှင်ဖြစ်စေဖို့ ရွေးချယ်ခဲ့ပါတယ်။ ယေရှုက ကျွန်တော်တို့ကို ကယ်တင်ဖို့ မြေကြီးကိုလာကြောင်း ကတိထားတော်မူခဲ့ပါတယ်။

ရုပ်ပုံ
ဆီလက်ရှယ်လ်နိုင်ငံတော်၌ ကောင်းကင်ဘုံရှင်အဘနှင့် ယေရှုခရစ်တော်

ကျွန်တော်ယေရှုနောက်ကို လိုက်လျှောက်နိုင်ပါတယ်။ တစ်နေ့နေ့မှာ ကျွန်တော် ပြန်သွားပြီး ကောင်းကင်ဘုံရှင်အဘနဲ့ အတူနေနိုင်ပါတယ်။

အရောင်ချယ်စာမျက်နှာ

ကျွန်ုပ်သည် ဘုရားသခင်၏သားဖြစ်သည်

ရုပ်ပုံ
ကြယ်များကို ကြည့်နေသည့် ကလေးများ

ဆွဲချရန် ရုပ်ပုံပေါ်မှာ နှိပ်ပါ။

ဧပရယ်လ် စတော့၏ သရုပ်ဖော်ပုံ

သင်သည် ကောင်းကင်ဘုံရှင်အဘ၏ချစ်ခြင်းကို မည်သို့ခံစားရပါသလဲ။

ပုံနှိပ်သည်