၂၀၂၂
အာဗြဟံနှင့် စာရာ
ဖေဖော်ဝါရီ ၂၀၂၂


“အာဗြဟံနှင့် စာရာ၊” လစဉ် မိတ်ဆွေ အမှာစကား၊ ဖေဖော်ဝါရီ ၂၀၂၂

“အာဗြဟံနှင့် စာရာ”

လစဉ် မိတ်ဆွေ အမှာစကား၊ ဖေဖော်ဝါရီ ၂၀၂၂

အာဗြဟံနှင့် စာရာ

ရုပ်ပုံ
တဲထဲမှ အာဗြဟံနှင့် စာရာ

ဧပရယ်လ် စတော့၏ သရုပ်ဖော်ပုံများ

အာဗြဟံသည် ပရောဖက်တစ်ပါးဖြစ်ပါတယ်။ ဘုရားသခင်က အာဗြဟံနှင့်သူ့ဇနီး စာရာတို့နဲ့ပဋိညာဉ်တစ်ခုပြုခဲ့ပါတယ်။

ရုပ်ပုံ
အာဗြဟံနှင့်စာရာတို့ဟာဝမ်းနည်းတဲ့ပုံပေါက်နေကြပါတယ်

ဘုရားသခင်က သူတို့ကို ကောင်းချီးပေးဖို့ ကတိထားခဲ့ပါတယ်။ သူတို့မှာ သားသမီးတွေရမယ့်အကြောင်းမိန့်တော်မူခဲ့ပါတယ်။ အာဗြဟံနဲ့စာရာက ဘုရားသခင်နောက်ကိုလိုက်လျှောက်ဖို့ ကတိထားခဲ့ကြပါတယ်။

ရုပ်ပုံ
အာဗြဟံနှင့် စာရာ

အာဗြဟံနှင့် စာရာဟာ သူတို့ရဲ့ကတိကို စောင့်ထိန်းခဲ့ကြပါတယ်။ ဒါပေမယ့်၊ သူတို့မှာ အချိန်အတော်ကြာအောင် သားသမီးတစ်ယောက်မှ မရခဲ့ကြပါဘူး။ သူတို့အသက်ကြီးသထက်ကြီးလာကြပါတယ်။

ရုပ်ပုံ
ကလေးငယ်ဣဇာက်နှင့် အာ‌ဗြဟံ၊ စာရာ

နောက်ဆုံးမှာ၊ အာဗြဟံ အသက် ၁၀၀၊ စာရာ အသက် ၉၀ ရှိတဲ့အခါ၊ သူတို့မှာ သားယောက်ျားလေးတစ်ယောက် ရခဲ့ကြပါတယ်။ သူ့ကို ဣဇာက်လို့အမည်ပေးခဲ့ကြပါတယ်။ သူတို့ကို ဘုရားသခင်ကောင်းချီးပေးခဲ့တယ်ဆိုတာကို သူတို့သိခဲ့ကြပါတယ်။

ရုပ်ပုံ
မျိုးစေ့များစိုက်ပျိုးနေသည့်ကလေး

ကျွန်တော်ဘုရားသခင်ကို ယုံကြည်စိတ်ချနိုင်ပါတယ်။ တစ်ခါတစ်ရံမှာ ကောင်းချီးမင်္ဂလာတွေဟာ ချက်ချင်းရောက်မလာပါဘူး။ ဒါပေမယ့် ဘုရားသခင်က သူ၏ကတိများကိုအမြဲစောင့်ထိန်းပါတယ်။

အရောင်ချယ်စာမျက်နှာ

ကျွန်တော်ဘုရားသခင်ကို ယုံကြည်စိတ်ချနိုင်ပါတယ်

ရုပ်ပုံ
ဆုတောင်းနေသည့်ကလေး

ဆွဲချရန် ရုပ်ပုံပေါ်မှာ နှိပ်ပါ။

ဧပရယ်လ် စတော့၏ သရုပ်ဖော်ပုံ

သင် ထိတ်လန့် သို့မဟုတ် ဝမ်းနည်းတဲ့အခါ ကောင်းကင်ဘုံရှင်အဘက သင့်ကို ဘယ်လိုကူညီခဲ့ပါသလဲ။

ပုံနှိပ်သည်