၂၀၂၂
ယောသပ်သည် ခက်ခဲသောအချိန်များအတွက် ပြင်ဆင်၏
မတ် ၂၀၂၂


“အဲဂုတ္တုပြည်၌ ခက်ခဲသောအချိန်များတွင် ‌ယောသပ်ပြင်ဆင်ပုံ၊” လစဉ် မိတ်ဆွေ ၊ အမှာစကား၊ မတ်၊ ၂၀၂၂

“ယောသပ်သည် ခက်ခဲသောအချိန်များအတွက် ပြင်ဆင်၏”

လစဉ်မိတ်ဆွေ အမှာစကား၊ မတ် ၂၀၂၂

ယောသပ်သည် ခက်ခဲသောအချိန်များအတွက် ပြင်ဆင်၏

ရုပ်ပုံ
‌ဖာရောရှေ့မှ ယောသပ်

ဧပရယ်လ် စတော့၏ သရုပ်ဖော်ပုံများ

ယောသပ်ဟာ ပရောဖက်တစ်ပါးဖြစ်ပါတယ်။ သူဟာ အဲဂုတ္တုပြည်မှာ နေခဲ့ပါတယ်။ တစ်ညမှာ၊ အဲဂုတ္တုဘုရင် ‌၊ ‌ဖာရောက ထူးဆန်းတဲ့အိပ်မက်တစ်ခုမက်ပါတယ်။ သူက ယောသပ်ကို အိပ်မက်ရဲ့ဆိုလိုတဲ့အရာကို မေးခဲ့ပါတယ်။

ရုပ်ပုံ
ဘာမျှမရှိသည့် ခွက်နှင့် က‌လေး

ဘုရားသခင်က ယောသပ်ကို အိပ်မက်ကိုနားလည်စေဖို့ ကူညီခဲ့ပါတယ်။ ခုနစ်နှစ်ကြာအောင်၊ လူတွေမှာ အစားအစာများစွာရှိလိမ့်မယ်။ အဲဒီနောက် ခုနစ်နှစ်ကြာ၊ သူတို့မှာ အစာလုံ‌‌လောက်အောင်ရှိမှာမဟုတ်။ ယောသပ်က‌‌ဖာရောကို ပြောခဲ့ပါတယ်။

ရုပ်ပုံ
အဲဂုတ္တုပြည်၌ ကောက်ပဲသီးနှံများစုဆောင်းနေသည့် ယောသပ်

ယောသပ်က သူတို့ယခုအစာစုဆောင်းသင့်ကြောင်းပြောခဲ့ပါတယ်။ သို့မှာသာ ခက်ခဲသောအချိန်များအတွက် အဆင်သင့်ဖြစ်ပါလိမ့်မယ်။ ဖာရောက ယောသပ်ကို အစာစုဆောင်းခြင်းမှာ အကြီးအမှူးအဖြစ်ခန့်အပ်ပါတယ်။ ယောသပ်ကအလုပ်ကြိုးစားပါတယ်။

ရုပ်ပုံ
လူတို့အားကောက်ပဲသီနှံများကို ‌ဝေပေးနေသည့် ယောသပ်

အစာခေါင်းပါးခြင်း ခုနစ်နှစ်ရောက်လာတဲ့အခါ၊ လူတွေမှာ စားစရာအစာလုံလောက်အောင်ရှိကြပါတယ်။ အခြားသူတွေနဲ့ဝေငှဖို့တောင်သူတို့မှာ အလုံအလောက်ရှိကြပါတယ်။

ရုပ်ပုံ
ဘုရားကျောင်းဆီသို့ လမ်းလျှောက်နေသည့် မိသားစု

ကျွန်ုပ်ယခုပြင်ဆင်နိုင်ပါတယ်။ ဘုရားသခင်၏အကူအညီဖြင့်၊ ကျွန်ုပ်ခက်ခဲသောအချိန်များကို ကျော်ဖြတ်နိုင်ပါတယ်။

အရောင်ချယ်စာမျက်နှာ

ကောင်းကင်ဘုံရှင်အဘက ကျွန်ုပ်ကို ခက်ခဲသောအချိန်များတလျှောက်မှာ ကူညီလိမ့်မည်။

ရုပ်ပုံ
လက်ဝှေ့ယမ်းနှုတ်ဆက်နေသည့် ဆွေမျိုးများ

ဆွဲချရန် ရုပ်ပုံပေါ်မှာ နှိပ်ပါ။

ဧပရယ်လ် စတော့၏ သရုပ်ဖော်ပုံ

ကောင်းကင်ဘုံရှင်အဘက သင့်ကို မည်သည့်အချိန်က ကူညီခဲ့သနည်း။

ပုံနှိပ်သည်