၂၀၂၂
ဟေရှာယသည် ယေရှုခရစ်တော်အကြောင်းကို သွန်သင်၏
စက်တင်ဘာလ ၂၀၂၂


“ဟေရှာယသည် ယေရှုခရစ်တော်အကြောင်းကို သွန်သင်၏၊“ လစဉ် မိတ်ဆွေအမှာစကား၊ စက်တင်ဘာ ၂၀၂၂

“ဟေရှာယသည် ယေရှုခရစ်တော်အကြောင်းကို သွန်သင်၏”

လစဉ် မိတ်ဆွေ အမှာစကား၊ စက်တင်ဘာ ၂၀၂၂

ဟေရှာယသည် ယေရှုခရစ်တော်အကြောင်းကို သွန်သင်၏

ရုပ်ပုံ
စာရေးနေသည့် ဟေရှာယ

ဧပရယ်လ် စတော့၏ သရုပ်ဖော်ပုံများ

ဟေရှာယဟာ ပရောဖက်တစ်ပါးဖြစ်ပါတယ်။ သူဟာ ယေရှုခရစ်တော်မဖွားမီကရှိခဲ့ပါတယ်။ သို့ရာတွင် သူက ယေရှုကြွလာမယ်ဆိုတာကို သိခဲ့ပါတယ်။

ရုပ်ပုံ
ဟောပြောနေသည့် ဟေရှာယ

ယေရှုဟာ ဘုရားသခင်ရဲ့ သားတော်အဖြစ် ဖွားလိမ့်မယ်လို့ ဟေရှာယက ပြောခဲ့ပါတယ်။ ယေရှုက အခြားသူတွေကို ကူညီလိမ့်မယ်၊ အနာငြိမ်းစေပါလိမ့်မယ်။

ရုပ်ပုံ
ယောသပ်၊ မာရိနှင့် သူငယ်တော်ယေရှု

ယေရှုကမ္ဘာမြေကို ကြွလာတော်မူလိမ့်မယ်လို့လည်း ဟေရှာယကပြောခဲ့ပါတယ်။ ငြိမ်းချမ်းခြင်းမင်းအဖြစ်အခေါ်ခံရပါလိမ့်မယ်။ သူက ကျွန်တော်တို့ကို အလွန်ချစ်လို့ ကျွန်တော်တို့အတွက် သူ့ဘဝကို ပေးပါလိမ့်မယ်။

ရုပ်ပုံ
ရှင်ပြန်ထမြောက်တော်မူသည့် ယေရှုခရစ်တော်

ဟေရှာယသွန်သင်ခဲ့တဲ့အရာတွေ ဖြစ်ပျက်ခဲ့ပါတယ်။ နှစ်ပေါင်းများစွာကြာပြီးတဲ့နောက်မှာ၊ ယေရှု မြေကြီးပေါ်ကို ကြွလာတော်မူခဲ့ပါတယ်။ သူက ကျွန်တော်တို့ကို လမ်းကိုပြခဲ့ပါတယ်။ သူသေပြီးတစ်ဖန်ရှင်ခဲ့ပါတယ်။ သူဒီနေ့အသက်ရှင်ပါတယ်။

ရုပ်ပုံ
ကလေးများအား ယေရှုခရစ်တော်အကြောင်းဖတ်ပြနေသည့်မိခင်

ကျွန်တော် ယေရှုခရစ်တော် အကြောင်းကို သင်ယူနိုင်ပါတယ်။ ကျွန်တော့်အတွက် သူလုပ်ဆောင်ခဲ့တဲ့အရာကို ကျွန်တော်မှတ်မိတဲ့အခါ ငြိမ်းချမ်းခြင်နဲ့ မျှော်လင့်ခြင်းကို ခံစားနိုင်ပါတယ်။

အရောင်ချယ်စာမျက်နှာ

ကျွန်တော်ယေရှုခရစ်တော်အကြောင်းကို သင်ယူနိုင်ပါတယ်

ရုပ်ပုံ
အမျိုးသမီးတစ်ဦးကို စကားပြောရန် ဒူးထောက်နေသည့် ယေရှုခရစ်တော်

ဆွဲချရန် ရုပ်ပုံပေါ်မှာ နှိပ်ပါ။

ဧပရယ်လ် စတော့၏ သရုပ်ဖော်ပုံ

ယေရှုအကြောင်း သင်အနှစ်သက်ဆုံးအဖြစ်အပျက်မှာ မည်သည့်အရာနည်း။

ပုံနှိပ်သည်