၂၀၂၃
ယေရှုသည် ကျွန်ုပ်တို့အား လမ်းပြခဲ့သည်
သြဂုတ်လ ၂၀၂၃


“ယေရှုသည် ကျွန်ုပ်တို့အား လမ်းပြခဲ့သည်၊” မိတ်ဆွေ၊၊ ဩဂုတ်လ ၂၀၂၃၊ ၄-၅။

လစဉ်မိတ်ဆွေ အမှာစကား၊ ဩဂုတ်လ ၂၀၂၃

ယေရှုသည် ကျွန်ုပ်တို့အား လမ်းပြခဲ့သည်

ရုပ်ပုံ
အသွင်ပြောင်းစာသား

ဒန်းဘား၏ သရုပ်ဖော်ပုံများ

ယေရှုခရစ်တော်သည် ကောင်းကင်ဘုံရှင်အဖ၏ သားတော်ဖြစ်သည်။ ကောင်းကင်ဘုံရှင်အဖထံသို့ တစ်နေ့တွင် မည်သို့ပြန်နိုင်ကြောင်း ကျွန်ုပ်တို့အား ပြသရန် ကိုယ်တော်သည် လောကသို့ ကြွလာခဲ့သည်။ ယေရှုသည် ဗတ္တိဇံခံခဲ့သည်။ ကျွန်ုပ်တို့သည်လည်း ဗတ္တိဇံခံသင့်ကြောင်း ကိုယ်တော် သွန်သင်ခဲ့သည်။

ရုပ်ပုံ
အသွင်ပြောင်းစာသား

ယေရှုသည် ကျွန်ုပ်တို့အား မည်သို့ အသက်ရှင်နေထိုင်ရမည့်အကြောင်း ပြသခဲ့သည်။ ကိုယ်တော်သည် လူတိုင်းကို ချစ်ပြီး ကူညီခဲ့သည်။ ကိုယ်တော်သည် ကျွန်ုပ်တို့အား သူ့နောက်သို့လိုက်ရန် အလိုရှိခဲ့သည်။

ရုပ်ပုံ
အသွင်ပြောင်းစာသား

ယေရှုသည် ကျွန်ုပ်တို့၏ နာကျင်မှုများ အားလုံးကိုခံစားပြီး ကျွန်ုပ်တို့၏အပြစ်များအတွက် ပေးဆပ်ခဲ့သည်။ ထို့နောက် ကိုယ်တော်သည် ကျွန်ုပ်တို့အတွက် အသေခံခဲ့၏။ ထိုအရာကို ယေရှုခရစ်တော်၏ အပြစ်ဖြေခြင်းမင်္ဂလာ ဟုခေါ်သည်။ ကိုယ်တော်သည် ပြန်လည်ရှင်ပြန်ထမြောက်ခဲ့၏။ ဆိုလိုသည်မှာ ကိုယ်တော်သည် ယနေ့တိုင် အသက်ရှင်၏။ ယေရှုခရစ်တော်အားဖြင့်၊ ကျွန်ုပ်တို့သည် သေပြီးနောက် တဖန်ပြန်လည်ရှင်သန်ကြမည်ဖြစ်သည်။

ရုပ်ပုံ
အသွင်ပြောင်းစာသား

ကိုယ်တော်သည် ကျွန်ုပ်တို့အား ချစ်သောကြောင့် ကျွန်ုပ်တို့အတွက် အရာအားလုံးပြုလုပ်ပေးခဲ့၏။ ကိုယ်တော်အားဖြင့် ၊ ကျွန်ုပ်တို့သည် ကောင်းကင်ဘုံအဖနှင့်တကွ ကျွန်ုပ်တို့၏မိသားစုများနှင့်အတူ တစ်နေ့တွင် နေထိုင်နိုင်မည်ဖြစ်သည်။

ရုပ်ပုံ
အသွင်ပြောင်းစာသား

ကျွန်ုပ်တို့သည် ဗတ္တိဇံခံခြင်းအားဖြင့် ယေရှုနောက်သို့ လိုက်လျှောက်နိုင်သည်။ ကိုယ်တော်အား ချစ်ခင်ခြင်း၊ သူတစ်ပါးအားကူညီခြင်း နှင့် သူ၏ပညတ်တော်များကို စောင့်ထိန်းသည့်အခါ ကျွန်ုပ်တို့သည် သူနောက်သို့ နေ့စဉ်လိုက်လျှောက်နိုင်၏။

ပုံနှိပ်သည်