မိတ်ဆွေ
ဘုရားသခင်သည် အယ်လမာနှင့်အာမြူးလက်ကို ကယ်လွှတ်တော်မူ၏
ဇွန် ၂၀၂၄


“ဘုရားသခင်သည် အယ်လမာနှင့်အာမြူးလက်ကို ကယ်လွှတ်တော်မူ၏၊” မိတ်ဆွေဇွန် ၂၀၂၄၊၂၆-၂၇။

လစဉ် မိတ်ဆွေ အမှာစကား၊ ဇွန် ၂၀၂၄

ဘုရားသခင်သည် အယ်လမာနှင့်အာမြူးလက်ကို ကယ်လွှတ်တော်မူ၏

ရုပ်ပုံ
ဟောပြောနေသော အယ်လမာနှင့်အာမြူးလက်

အန်ဒရူး ဘော့စလီ၏ သရုပ်ဖော်ပုံများ

အယ်လမာနှင့်အာမြူးလက်တို့သည် အမ္မုန်နိဟပြည်သို့ သွားကြ၏။ ၎င်းတို့သည် လူများကို ယေရှုခရစ်တော်အကြောင်း သွန်သင်ခဲ့၏။ သို့ရာတွင် လူတို့သည် သူတို့၏သင်ကြားမှုများကို အမျက်ထွက်ခဲ့ကြသည်။ သူတို့သည် အယ်လမာနှင့်အာမြူးလက်အား အကျဉ်းထောင်ထဲသို့ထည့်ခဲ့သည်။

ရုပ်ပုံ
အယ်လမာနှင့်အာမြူးလက်တို့သည် အကျဉ်းထောင်ထဲ၌ ချည်နှောင်ခြင်းခံခဲ့ကြရသည်

လူတို့သည် အယ်လမာနှင့်အာမြူးလက်အား နာကျင်အောင်ပြုခဲ့ကြသည်။ ၎င်းတို့သည် အကျဉ်းထောင်ထဲ၌ ရက်ပေါင်းများစွာနေခဲ့ရသည်။

ရုပ်ပုံ
ထောင်နံရံများသည် အယ်လမာနှင့်အာမြူးလက်တို့၏ အနီးတစ်ဝိုက်တွင် ပြိုလဲ၏

အယ်လမာနှင့်အာမြူးလက်တို့သည် ဆုတောင်းပြီး ခွန်အားပေးရန် တောင်းလျှောက်ကြသည်။ သူတို့သည် ဘုရားသခင်၌ ယုံကြည်ခြင်းရှိ၏။ ကိုယ်တော်သည် သူတို့၏လက်ကောက်ဝတ်၌ ချည်နှောင်ထားသော ကြိုးများကို ပြေစေသည့် တန်ခိုးကိုပေးတော်မူ၏။

ရုပ်ပုံ
ကြိုးမရှိသော အယ်လမာနှင့်အာမြူးလက်တို့သည် အုတ်ကျိုးအုတ်ပဲ့ကြားတွင် ရပ်နေကြသည်

ထို့နောက် မြေကြီးသည် တုန်လှုပ်၏။ ထောင်နံရံများသည်လည်း ပြိုလဲကျ၏။ ဘုရားသခင်သည် အယ်လမာနှင့်အာမြူးလက်အား ကယ်လွှတ်တော်မူခဲ့သည်။ ၎င်းတို့သည် လူတို့အား ယေရှုခရစ်တော်အကြောင်း သွန်သင်ရန် အမ္မုန်နိဟပြည်သို့ ထွက်ခဲ့ကြ၏။

အရောင်ခြယ်စာမျက်နှာ

ယေရှုသည် ကျွန်ုပ်အားချစ်ကြောင်း ကျွန်ုပ်သိ၏

ရုပ်ပုံ
သဘာဝတရား၊ကျမ်းစာများနှင့် ဗိမာန်တော်အားဖြင့် ဝန်းရံထားသော ကလေးနှစ်ယောက်

အာဒမ် ကိုဖော့၏ သရုပ်ဖော်ပုံ

သင့်အား မည်သည့်အရာများက ယေရှုခရစ်တော်၏ ချစ်ခြင်းမေတ္တာကို အမှတ်ရစေပါသနည်း။

ပုံနှိပ်သည်