“ယေရှုသည် တစ်ဦးပြီးတစ်ဦးကောင်းချီးပေးခဲ့သည်၊” မိတ်ဆွေ၊ အောက်တိုဘာ ၂၀၂၄၊၂၆-၂၇။
လစဉ် မိတ်ဆွေ အမှာစကား၊ အောက်တိုဘာ ၂၀၂၄
ယေရှုသည် တစ်ဦးပြီးတစ်ဦး ကောင်းချီးပေးခဲ့သည်
ပရောဖက်များသည် နီဖိုင်းအမျိုးသားများကို ယေရှုခရစ်တော်၏ သေဆုံးခြင်း နိမိတ်လက္ခဏာများကို သင်ကြားခဲ့ကြသည်။ ကိုယ်တော် သေဆုံးချိန်တွင်၊ ထိုပြည်၌ သုံးရက်ကြာအောင် မှောင်မိုက်ခြင်းရှိခဲ့၏။ ထို့နောက်၊ လူတို့သည် ကောင်းကင်ဘုံရှင်အဘ၏ ကောင်းကင်ဘုံမှပြောသော စကားသံကို ကြားခဲ့ရ၏။
ကောင်းကင်ဘုံရှင်အဘက၊“ငါ၏ချစ်သားကို ကြည့်ရှုဆင်ခြင်ကြလော့” ဟုမိန့်တော်မူခဲ့သည်(၃ နီဖိုင်း ၁၁း၇)။ ယေရှုသည် နီဖိုင်းအမျိုးသားများထံ ကြွရောက်လာခဲ့သည်။ ကိုယ်တော်သည် ပြန်လည်ရှင်ပြန်ထမြောက်ခဲ့ပါသည်။ ကိုယ်တော်သည် နီဖိုင်းအမျိုးသားများကို များစွာသောအရာများ သင်ကြားပေးခဲ့သည်။ ကိုယ်တော်သည် ၎င်းတို့အား သူ့နောက်လိုက်လျှောက်ရန်နှင့် နောင်တရရန် မိန့်တော်မူခဲ့သည်။
ကိုယ်တော်သည် ဖျားနာသောသူတို့ကို အနာကင်းစေခြင်းငှာ သူ့ထံသို့ဆောင်ယူရန် လူများကို မှာကြားခဲ့၏။ ကိုယ်တော်သည် သူတို့အားကောင်းချီးပေးခဲ့ပါသည်။
ကိုယ်တော်သည် ကလေးများကိုလည်း တစ်ဦးပြီးတစ်ဦး ကောင်းချီးပေးခဲ့ပါသည်။ ကောင်းကင်တမန်များသည် ကလေးများကို ဝန်းရံထားကြ၏။
© ၂၀၂၄ by Intellectual Reserve, Inc. All rights reserved. USA တွင်ပုံနှိပ်သည်။ အင်္ဂလိပ်စာခွင့်ပြုချက်၊ ၆/၁၉။ ဘာသာပြန် ခွင့်ပြုချက်၊ ၆/၁၉။ Monthly Friend Message, October 2024. ၏ ဘာသာပြန် Burmese. 19291 256