၂၀၂၁
ကျွန်ုပ်ဘဝ၌ ကိုယ်တော်ရှင်၏အသံကို ကျွန်ုပ်ကြားရကြောင်းအဘယ်သို့သိနိုင်ပါသလဲ။
ဖေဖော်ဝါရီ ၂၀၂၁


“ကျွန်ုပ်ဘဝ၌ ကိုယ်တော်ရှင်၏အသံကို ကျွန်ုပ်ကြားရကြောင်းအဘယ်သို့သိနိုင်ပါသလဲ။” လူငယ်တို့အတွက်ခွန်အားဖေ၊ ၂၀၂၁၊ ၂၉

လစဉ် လူငယ်တို့အတွက်ခွန်အား အမှာစကား၊ ဖေဖော်ဝါရီ ၂၀၂၁

ကျွန်ုပ်ဘဝ၌ ကိုယ်တော်ရှင်၏အသံကို ကျွန်ုပ်ကြားရကြောင်းအဘယ်သို့သိနိုင်ပါသလဲ။

ရုပ်ပုံ
ကျမ်းစာများဖတ်နေသောလူငယ်အမျိုးသား

ဥက္ကဌ ရပ်ဆဲလ် အမ်၊ နယ်လဆင်က ကျွန်တော်တို့ကို ယေရှုခရစ်တော်ကို ဘယ်လိုကြားနာသလဲဆိုတာနဲ့ပတ်သက်လို့ “လေးလေးနက်နက်မကြာမကြာတွေးကြဖို့”နဲ့ “သူ့ကို ပိုပြီးကောင်းကောင်း၊ ပိုပြီးမကြာမကြာကြားနာရန် လုပ်ဆောင်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်” (“‘သူ့ကို သင်ဘယ်လိုကြားနာသလဲ’ အထူးဖိတ်ခေါ်ချက်တစ်ခု” ဖေ၊ ၂၆၊ ၂၀၂၀၊ blog.ChurchofJesusChrist.org)။

ကျွန်တော်တို့ဟာ သူ့ကို ကျမ်းစာများနဲ့ ပရောဖက်တို့ရဲ့ စကားများဖြင့် ကြားနာနိုင်ကြပါတယ်။ ဒါပေမယ့် အရေးအကြီးဆုံးဖြစ်တဲ့ အဲဒီစကားတွေကို ကြားနာရုံ ဖတ်ရုံတင်မဟုတ်ပါဘူး။ ပရောဖက်ဂျိုးဇက်စမစ်အားဖြင့် ကိုယ်တော်ရှင်က ရှင်းပြခဲ့ပါတယ်။

“[ဤစကားတို့ကို] သင်တို့ထံ မိန့်တော်မူသည်မှာ ငါ၏အသံဖြစ်၏။ အကြောင်းမူကား၊ ထိုအရာတို့ကို ငါ၏ဝိညာဉ်တော်အားဖြင့် သင်တို့ထံပေးထားတော်မူ၏ … ;

“သို့ဖြစ်၍၊ သင်တို့သည် ငါ၏အသံကို ကြားနာကြလေပြီ” (ဩဝါဒနှင့် ပဋိညာဉ်များ ၁၈း၃၅-၃၆)

ထပ်၍ပြောရလျှင်၊ သူ့ကိုကြားနာခြင်းမှာ ကျွန်တော်တို့ရုတ်တရက်တဟုန်ထိုးလုပ်တဲ့အရာတစ်ခုမဟုတ်ပါဘူး။ ဥက္ကဌနယ်လဆင်ကပြောခဲ့ပါတယ်၊ “သတိနဲ့ ပုံမှန်အားထုတ်မှုလိုအပ်ပါတယ်” (“သူ့ကိုကြားနာလော့၊” ဧပြီ၊ ၂၀၂၀ အထွေထွေညီလာခံ [Ensign သို့မဟုတ် Liahona မေ ၂၀၂၀၊ ၈၉])။

သင်တို့ လေ့လာ၊ ဆုတောင်း၊ ကိုးကွယ်၊ အမှုဆောင်၍ ကိုယ်တော်ရှင်ရဲ့ ပညတ်တော်တွေကို နာခံကြတဲ့အခါ၊ သူက သင်တို့ကို သူ့ရဲ့ ဝိညာဉ်တော်နှင့် ကောင်းချီးပေးမှာ၊ ယေရှုခရစ်တော်၏ အပြစ်ဖြေခြင်းမင်္ဂလာအားဖြင့် ပြောင်းလဲပေးမှာဖြစ်ပါတယ်။ အဲဒီတော့မှ၊ သင်တို့ဟာ သူ့ရဲ့အသံကို ကြားနာပြီးဖြစ်ကြောင်း သိနိုင်ကြပါတယ်။

ပုံနှိပ်သည်