၂၀၂၂
၎င်းတို့သည် ငါ၏အရာများဖြစ်၍ ငါသိ၏
၂၀၂၂ ဇန်နဝါရီလ


“၎င်းတို့သည် ငါ၏အရာများဖြစ်၍ ငါသိ၏၊” လူငယ်တို့အတွက်ခွန်အား၊ ဇန် ၂၀၂၂

လစဉ် လူငယ်တို့အတွက်ခွန်အား အမှာစကား၊ ဇန္နဝါရီ ၂၀၂၂

“၎င်းတို့သည် ငါ၏အရာများဖြစ်၍ ငါသိ၏”

မောရှေ ၁

ရုပ်ပုံ
လူအုပ်ထဲမှ အမျိုးသမီးငယ်

Gettyပုံရိပ်မှ ဓာတ်ပုံ။

သင်ဟာအရေးမပါဘူးလို့ ခံစားဖူးပါသလား။ သင်ဟာ ‌လောကထဲမှာ လူဘယ်နှစ်ယောက်ရှိသလဲလို့ တွေးတဲ့အခါ သို့မဟုတ် ကောင်းကင်မှာ ကြယ်ဘယ်နှစ်လုံးရှိသလဲလို့ ကြည့်တဲ့အခါ၊ ဒီလိုမျိုး ခံစားကောင်း ခံစားရပါလိမ့်မယ်။ သင်ဘယ်လိုလူလဲဆိုတာနဲ့ သင့်ဘဝက ဘာနဲ့တူသလဲဆိုတာကို ဘုရားသခင် တကယ်သိမသိ သင်တွေးကောင်းတွေးဖူးပါလိမ့်မယ်။ အဲသလိုဆိုလျှင်၊ မောရှေမှာ သင့်အဖို့ သတင်းစကားတစ်ခုရှိပါတယ်။

ရူပါရုံတစ်ခုမှာ၊ ဘုရားသခင်က မောရှေကို မြေကြီးအမှုန့်မှန်သမျှနဲ့ အဲဒီမှာနေမယ့်သူအားလုံးကို ပြတော်မူခဲ့ပါတယ်။ သူတို့ဟာ “ပင်လယ်ကမ်းခြေက သဲလုံးတမျှ မရေတွက်နိုင်အောင်ရှိပါတယ်” မောရှေ ၁း၂၈ အဲဒီတုန်းက ဘုရားသခင်က သူဟာ “ရေတွက်မရတဲ့ ကမ္ဘာတို့” ကို(မောရှေ ၁း၃၃) ဖန်ဆင်းခဲ့ကြောင်း၊ သူ့ဖန်ဆင်းခြင်းတွေဟာ မြေကြီးထက် အတိုင်းထက်အလွန်ရှိကြောင်း မောရှေကို မိန့်တော်မူခဲ့ပါတယ်။

မောရှေဟာ ဒါတွေအားလုံးကို မြင်တဲ့အခါ၊ မွန်းကျပ်ကောင်းမွန်းကျပ်ခဲ့ပါလိမ့်မယ်။ ဒီလောက်အလွန်များတဲ့ဖန်ဆင်းခြင်းတွေကြားမှာ ငါဘယ်နေရာမှာ ဝင်ဆံ့ပါ့မလဲလို့ သူတွေးကောင်းတွေးခဲ့မှာပါ။ ပြီးတော့၊ ဘုရားသခင်ဟာ အဲသ‌လောက်အများကြီးကို ဘယ်လိုများ လိုက်မှတ်နိုင်မှာလဲ။

ဘုရားသခင်ရဲ့အဖြေက ရိုးရှင်းပါတယ်၊ “ခပ်သိမ်းသောအရာတို့ကို ငါ့အဖို့ ‌ရေတွက်ထား၏။” ဘယ်လိုလဲ “၎င်းတို့သည် ငါ၏အရာများဖြစ်၍ ငါသိ၏” (မောရှေ ၁း၃၅)။ ဘုရားသခင်က မောရှေဘယ်သူလဲဆိုတာကို သိပါတယ်၊ သူ့ဖန်းဆင်းခြင်းအားလုံးကို သိသလို၊ သူ့သားသမီးအားလုံးကိုတောင်သိသလိုမျိုးပါပဲ။ အဲဒါတွေအားလုံးဟာ—သူ့ရဲ့ ကြယ်တွေ၊ သဲ၊ အထူးသဖြင့် မြေကြီးပေါ်က သူ့သားသမီးတွေဖြစ်ပါတယ်။ သူတို့ဟာ မြေကြီးကို သူဖန်ဆင်းခဲ့ခြင်းရဲ့ အကြောင်းရင်းတစ်ခုလုံးဖြစ်ပါတယ်။ သူတို့ရဲ့ထာဝရကယ်တင်ခြင်းဟာ ဘုရားသခင်ရဲ့ အရေးအကြီးဆုံး အမှုတော်ဖြစ်ပါတယ်။

“အကြောင်းမူကား၊ ရှုလော့၊ ဤအရာသည်—လူသား၏ သေခြင်းမရှိရာနှင့် ထာဝရအသက်ကို ဖြစ်ပေါ်စေရန်မှာ ငါ၏အမှုတော်နှင့် ငါ၏ဘုန်းတော်ဖြစ်၏” (မောရှေ ၁း၃၉)။

မောရှေက ဘုရားသခင်ရဲ့အစီအစဉ်မှာ၊ သူဝင်ဆံ့တဲ့နေရာကို သိခဲ့ရသလိုမျိုးပဲ၊ သင်ဟာလဲ ဘုရားသခင် သင့်ကို သိတယ်ဆိုတဲ့အကြောင်း သေချာစေနိုင်ပါတယ်။ သင့်ကို သူ့ဆီကို ပြန်လာဖို့ ကူညီခြင်းဟာ သူ့ရဲ့ အမှုတော်နဲ့ ဘုန်းတော်ပါ။ ဘာကြောင့်ပါလဲ။ ဘာဖြစ်လို့လဲဆိုလျှင်၊ သင်ဟာ သူ့အရာဖြစ်လို့ပါပဲ။ အဲဒါနဲ့ပတ်သက်လို့ အရေးမပါတာ ဘာမှ မရှိပါဘူး။

ပုံနှိပ်သည်