၂၀၂၂
ရွေးချယ်ပါ
ဇွန် ၂၀၂၂


“ရွေးချယ်ပါ” လူငယ်တို့အတွက်ခွန်အား၊ ဇွန်၊ ၂၀၂၂။

လစဉ် လူငယ်တို့အတွက်ခွန်အား အမှာစကား၊ ဇွန် ၂၀၂၂

ရွေးချယ်ပါ

ယောရှုက သူ့လူမျိုးတွေကို မှန်တာကို‌ရွေးချယ်ဖို့ ကိုယ်တော်ရှင်နောက်ကို လိုက်လျှောက်ဖို့ တိုက်တွန်းပါတယ်။

ရွေးချယ်ပါ

ကျွန်တော်တို့ဘာသာကျွန်တော်တို့ ရွေးချယ်ပြီး ပြုမူတဲ့စွမ်းရည်ကို ရွေးချယ်ပြုမူနိုင်ခွင့် လို့ခေါ်ပါတယ်။ အဲဒါက ကောင်းကင်ဘုံရှင်အဘရဲ့ အစီအစဉ်ရဲ့ အရေးကြီးတဲ့အစိတ်အပိုင်း တစ်ခုဖြစ်ပါတယ်။ ဒီဘဝရဲ့ ရည်ရွယ်ချက်တစ်ခုမှာ ကျွန်တော်တို့ ဘုရားသခင်ရဲ့ပညတ်တော်တွေကို နာခံဖို့ ရွေးချယ်မယ်ဆိုတာကို ပြဖို့ဖြစ်ပါတယ်၊ ကျွန်တော်တို့တတွေ သူနဲ့ ပိုတူလာစေဖို့ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ ရွေးချယ်မှုတွေအတိုင်း တရားစီရင်ခံကြရပါလိမ့်မယ်။ (ရှု၂ နီဖိုင်း ၂း၂၇ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၁၀၁း၇၈အာဗြဟံ ၃း၂၅။)

ဒီနေ့

ယောရှုက သူ့လူမျိုးတွေကို “ဒီနေ့၊“သို့မဟုတ် ယခုကို ရွေးချယ်ဖို့ တိုက်တွန်းခဲ့ပါတယ်။ ကျွန်တော်တို့ဟာ အရေးကြီးတဲ့ရွေးချယ်မှုတွေကို တစ်ခါတည်းပြုလုပ်နိုင်ပြီး၊ အဲဒါတွေအပေါ် ဆက်ပြီးကတိကဝတ်ရှိနေဖို့ ကြိုးစားနိုင်ကြပါတယ်။ (ရှု ဆာလံကျမ်း ၃၇း၅)

အစေခံပါ

ဒီကျမ်းပိုဒ်မှာ၊ အစေခံဖို့ဆိုတာ၊ တစ်စုံတစ်ဦးကို ကိုးကွယ်ဖို့၊ နာခံဖို့နဲ့ သင်ကိုယ်ကို ဆက်ကပ်ဖို့ကို ဆိုလိုပါတယ်။ ကျွန်တော်တို့ဟာ ကိုယ်တော်ရှင်ကို အစေခံသင့်ပါတယ်။ (ရှုမောရှေ ၁း၁၅)။

ဘုရားများ

ဣသရေလအမျိုးသားတို့ဟာ မှန်ကန်ပြီးအသက်ရှင်တဲ့ဘုရားသခင်၊ ယေရှုခရစ်တော်ကိုသာ အစေခံကြစေဖို့ မိန့်တော်မူခံရပါတယ်။ (ရှု ထွက်မြောက်ရာကျမ်း ၂၀း၂-၅)။ ယောရှုက သူ့လူမျိုးတွေမကိုးကွယ်ရမယ့် အခြားဘုရားတွေရဲ့ ဥပမာတွေကို ပေးခဲ့ပါတယ်။ ကျွန်တော်တို့ဘဝရှိအခြားဘုရားတွေမှာ ပိုင်ဆိုင်မှုတွေ၊ အခြားသူတွေရဲ့အမြင်တွေ၊ အခြားစိတ်ဝင်စားစရာတွေ—ကျွန်တော်တို့ကို ကိုယ်တော်ရှင်ဆီကနေ ဆောင်သွားမဲ့ အရာမှန်သမျှ ပါဝင်ပါတယ်။

ကျွန်တော်နှင့် ကျွန်တော့်အိမ်

ယောရှုက သူနဲ့ သူ့အိမ်သူအိမ်သားတို့အတွက် ပြောခဲ့ပါတယ်။ သူတို့တတွေ ကိုယ်တော်ရှင်ကို အစေခံမယ်လို့ ပြောခဲ့ပါတယ်။ သူက သူ့မိသားစုကို ဖြောင့်မတ်စွာ ဦးဆောင်ပြီး ယ်တော်ရှင်နောက်ကို လိုက်လျှောက်ဖို့ သွန်သင်လိုခဲ့ပါတယ် (ရှု ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၉၃း၄၀)

ပုံနှိပ်သည်