၂၀၂၂
ယေရှုခရစ်တော်အကြောင်းသင်ယူပါ၊ သူ့တန်ခိုးသို့ ရောက်ရှိပါ
စက်တင်ဘာလ ၂၀၂၂


“ယေရှုခရစ်တော်အကြောင်းသင်ယူပါ၊ သူ့တန်ခိုးသို့ ရောက်ရှိပါ၊” လူငယ်တို့အတွက်ခွန်အား စက်၊ ၂၀၂၂။

လစဉ် လူငယ်တို့အတွက်ခွန်အား အမှာစကား၊ စက်တင်ဘာ ၂၀၂၂

ယေရှုခရစ်တော်အကြောင်းသင်ယူပါ၊ သူ့တန်ခိုးသို့ ရောက်ရှိပါ

ဧပြီ ၂၀၁၇ အထွေထွေညီလာခံ မိန့်ခွန်း တစ်ခုမှ။

ကျွန်တော်တို့ရဲ့ ကိုယ်တော်ရှင်၊ သခင်၊ ယေရှုခရစ်တော်ရဲ့ တန်ခိုးကို ကျွန်တော်တို့ဘဝတွေထဲကို ဘယ်လို ဆွဲသွင်းနိုင်တယ်ဆိုတဲ့အကြောင်း ကျွန်တော်ဝေငှလိုပါတယ်။

ကျွန်တော်တို့ သူ့အကြောင်းကို သင်ယူခြင်းဖြင့် စတင်ကြပါတယ်။ “ကျွန်တော်တို့ဟာ အသိတရားကင်းမဲ့လျက် ကယ်တင်ခြင်းသို့ရောက်ဖို့ မဖြစ်နိုင်ပါ” ဩဝါဒနှင့်ပဋိညာဉ်များကျမ်း ၁၃၁း၆။ ကျွန်တော်တို့ဟာ ကယ်တင်ရှင်ရဲ့ ဩဝါဒနဲ့ သူကျွန်တော်တို့အတွက်လုပ်ဆောင်ခဲ့တဲ့အရာကို ပိုပြီးနားလည်လေလေ၊ ကျွန်တော်တို့ဘဝတွေအတွက်လိုအပ်တဲ့ သူပေးနိုင်တဲ့ တန်ခိုးကို ပိုသိလေလေဖြစ်ပါတယ်။

နောက်ပိုင်းကာလသန့်ရှင်းသူများအနေနဲ့၊ ကျွန်တော်တို့ဟာ သူ့ရဲ့တာဝန်တော်မြတ်ကို ယေရှုခရစ်တော်ရဲ့ အပြစ်ဖြေခြင်းမင်္ဂလာအဖြစ် ရည်ညွှန်းပါတယ်၊ အဲဒါက အားလုံးအတွက် ရှင်ပြန်ထမြောက်ခြင်းကို အစစ်အမှန် ဖြစ်စေပါတယ်၊ မိမိတို့အပြစ်တွေကို နောင်တရပြီး၊ မရှိမဖြစ်လိုအပ်တဲ့ ဘိသိက်မင်္ဂလာတွေနဲ့ ပဋိညာဉ်တွေကို ရရှိစောင့်ထိန်းသူတွေအတွက် ထာဝရအသက်ကို ဖြစ်နိုင်စေပါတယ်။

ခမည်းတော်၏ ထာဝရအစီအစဉ်အောက်မှာ၊ ခံစားခဲ့သူဟာ ကယ်တင်ရှင်ပါ။ သေခြင်းရဲ့ ကြိုးတွေကို ချိုးဖြတ်ပစ်သူဟာ ကယ်တင်ရှင်ပါ။ ကျွန်တော်တို့ရဲ့ အပြစ်တွေ၊ လွန်ကျူးခြင်းတွေအတွက် အဖိုးအခပေးပြီး၊ ကျွန်တော်တို့ရဲ့ နောင်တရခြင်း ပြဋ္ဌာန်းချက်ဖြင့် အဲဒါတွေကို ကွယ်ကာပေးသူဟာ ကယ်တင်ရှင်ပါ။ ကျွန်တော်တို့ကို ဇာတိပကတိနဲ့ ဝိညာဉ်ပကတိသေခြင်းကနေ ကယ်လွှတ်သူဟာ ကယ်တင်ရှင်ပါ။

ခမည်းတော်ရဲ့ အစီအစဉ်အတိုင်း ကယ်တင်ရှင် လုပ်ဆောင်ခဲ့တဲ့အရာကို အပြစ်ဖြေခြင်းမင်္ဂလာနဲ့ ရှင်ပြန်ထမြောက်ခြင်း အစရှိတဲ့ သန့်ရှင်းမွန်မြတ်တဲ့ စကားလုံးတွေက ဖော်ပြပါတယ်၊ ကျွန်တော်တို့ဒီဘဝမှာ မျှော်လင့်ခြင်းနဲ့ရှင်သန်နိုင်ကြ၊ နောက်လာမယ့်ဘဝမှာ ထာဝရအသက်ကို ရနိုင်ကြမှာဖြစ်ပါတယ်။

ပုံနှိပ်သည်