၂၀၂၃
‌‌ယေရှုခရစ်တော်ကသင့်ကိုခွန်အားပေးသောနည်းလမ်း ၄ခု
ဇန်နဝါရီလ ၂၀၂၃


“ယေရှုခရစ်တော်ကသင့်ကိုခွန်အားပေးသောနည်းလမ်း ၄ခု၊” လူငယ်တို့အတွက်ခွန်အား၊ဇန်၊ ၂၀၂၃။

လစဉ် လူငယ်တို့အတွက်ခွန်အား အမှာစကား၊ ဇန်နဝါရီလ ၂၀၂၃

4 Ways Jesus Christ Strengthens You

ခရစ်တော်အားဖြင့် ခပ်သိမ်းသောအမှုတို့ကို ငါတတ်စွမ်းနိုင်၏။Christ.
ဖိ​လိပ္ပိ ၄:၁၃

ရုပ်ပုံ
အထိမ်းအမှတ်ကျောက်ပုံ

ကမ္ဘာတစ်ဝှမ်းလုံးမှာရှိတဲ့၊ ခရစ်ယာန်တွေဟာ “ငါ့ကို ခွန်အားနှင့်ပြည့်စုံစေတော်မူသော ခရစ်တော်အားဖြင့်ခပ်သိမ်းသောအမှုတို့ကို ငါတတ်စွမ်းနိုင်၏။” ဆိုတဲ့ကျမ်းပိုဒ်ကို နှစ်ခြိုက်ကြပါတယ် (ဖိ​လိပ္ပိ ၄:၁၃)။

ဒါကိုကြားတဲ့အခါမှာ၊ တချို့လူတွေက ဒီအဓိပ္ပာယ်ဟာ စမ်းသပ်မှုတိုင်းကိုအောင်နိုင်ခြင်း၊ ကစားပွဲတိုင်းမှာအနိုင်ရခြင်းနဲ့ ဖြစ်ချင်သောဆန္ဒများအမှန်တကယ်ဖြစ်လာခြင်းတွေဖြစ်တယ်လို့ ထင်ကောင်းထင်ကြပါလိမ့်မယ်။ သို့သော်လည်း ကျမ်းစာက အဲ့ဒီလိုသွန်သင်တာမဟုတ်ပါဘူး။

တမာန်တော် ရှင်ပေါလုက အကျဉ်းထောင်မှာရှိနေတဲ့အချိန်မှာ ရေးခဲ့တာဖြစ်ပါတယ်။ အကျဉ်းသားတစ်ယောက်အနေနဲ့ ရှင်ပေါလု လုပ်နိုင်တာတွေအများကြီးရှိခဲ့ပါတယ်၊ သို့သော်လည်း ယေရူခရစ်တော်ကသူ့ကို အရေးအကြီးဆုံးအရာတွေ လုပ်ဖို့ခွန်အားပေးမယ်ဆိုတာသူသိခဲ့ပါတယ်။

ဒီအမှန်တရားက သင့်အတွက်လည်း တူတူပါပဲ။

ခရစ်တော်က သင် သိဖို့ခွန်အားပေးပါတယ်

ယေရူခရစ်တော်က ဘယ်အရာကမှန်ကန်လဲဆိုတာသိဖို့ သင့်ကို အရေးကြီးတဲ့နည်းလမ်းများစွာပေးခဲ့ပါတယ်။ ကျွန်ုပ်တို့အားလုံးကို အစဉ်အမြဲဆုတောင်းဖို့နှင့် (ရှု ၃ နီဖိုင်း ၁၈:၁၈) အမှန်တရားကိုမေးလျှောက်ဖို့ (ရှု မော်ရော်နိုင်း၁၀:၄-၅) သူသွန်သင်ပေးခဲ့ပါတယ်။ သင်လည်း ဘယ်အရာကမှန်ကန်လဲဆိုတာ ကျမ်းစာတွေလေ့လာဆည်းပူးခြင်းဖြင့် ရှာဖွေသိရှိနိုင်ပါတယ်။

ဆုတောင်းခြင်းနှင့် ကျမ်းစာလေ့လာခြင်းတွေက ဝိညာဉ်တော်ကို သင့်ဘဝထဲခေါ်ဆောင်စေပါတယ်။ ဝိညာဉ်တော်က “သင့်ရဲ့ စိတ်နဲ့ …နှလုံးသား” ကိုစကားပြောနိုင်ပြီး (ဩဝါဒနှင့် ပဋိညာဉ်ကျမ်း ၈:၂)၊ “သင့်ရဲ့ဝိညာဉ်ကို ပျော်ရွှင်မှုနှင့်ပြည့်စေ၊” မှာဖြစ်ပြီး “သင့်ရဲ့ စိတ်ကိုအလင်းရစေ”မှာဖြစ်ပါတယ် (ဩဝါဒနှင့်ပဋိညာဉ်ကျမ်း ၁၁:၁၃)။

ဒီနည်းလမ်းတွေအားဖြင့် သင် “သူ့ကိုကြား”နိုင်—ကယ်တင်ရှင်ရဲ့စကားတွေကိုကြားနိုင်ပြီး သူပြောခဲ့တာတွေကိုလိုက်လျှောက်နိုင်ပါမယ်။ ဤအရာသည် “ဒီဘဝ၌ အောင်မြင်မှု၊ ပျော်ရွင်ခြင်း နှင့် ဝမ်းမြောက်ခြင်းခြင်းတို့၏ ပုံစံပဲဖြစ်ပါတယ်” လို့ဥက္ကဋ္ဌ ရက်ဆဲလ် အမ် နယ်လ်ဆင် ကသွန်သင်ပေးခဲ့ပါတယ်။

ခရစ်တော်က သင့်ကိုလုပ်ဆောင်ဖို့ခွန်အားပေးပါတယ်

ပညတ်တော်တွေကိုစောင့်ထိန်းဖို့သင်ကြိုးစားတဲ့အခါ၊ ငြိမ်းချမ်းခြင်းနဲ့ ပျော်ရွှင်မှုဆီသို့ ဦးဆောင်ပေးပြီးကောင်းတဲ့ရွေးချယ်မှုတွေလုပ်တဲ့အခါမှာ သင့်ဆီကိုခွန်အားရောက်လာပါတယ်။ ထိုရွေးချယ်မှုတွေပြုလုပ်ရန် ခက်ခဲနေသည်ဆိုရင်တောင် သင်လုပ်ဖို့အတွက် ယေရူခရစ်တော်က ခွန်အားပေးပါတယ်။ တစ်ခါတစ်လေ မှာ မကောင်းတဲ့ရွေးချယ်မှုမျိုး သင်ပြုလုပ်ကောင်းပြုလုပ်နိုင်ပါတယ်။ ကျေးဇူးတင်စွာဖြင့်၊ ကယ်တင်ရှင်ရဲ့ အပြစ်ဖြေဖြင်းမင်္ဂလာကြောင့် နောင်တရခြင်းပြုလုပ်နိုင်ပါတယ်။ ယေရူခရစ်တော်ကြောင့် သင် သန့်ရှင်းလာနိုင်ပြီး ဝမ်းမြောက်ခြင်းရှာတွေ့နိုင်ပါတယ်။ သင် နေ့စဉ် “ပိုကောင်းအောင် လုပ်ဖို့ ပိုကောင်းလာဖို့” သူခွန်အားပေးနိုင်ပါတယ်။

သင် ကျော်လွှားနိုင်ဖို့ ခရစ်တော်ကခွန်အားပေးတယ်

အကျဉ်းထောင်တွင်ရှိနေစဉ်တွင် ရှင်ပေါလုရေးခဲ့ပါတယ်၊ “ငါသည် တွေ့ကြုံသမျှသော အခြင်းအရာတို့၌ ရောင့်ရဲသောစိတ် ရှိအံ့သောငှါ သင်မိပြီ။

“ရှုတ်ချခြင်းကို၎င်း၊ ကြွယ်ဝခြင်းကို၎င်း၊ ခံတတ်၏။ စည်းစိမ်ရှိခြင်း၊ ဆင်းရဲ ခြင်းတို့ကို ခံရအံ့သောငှါ၊ အရပ်ရပ်တို့တွင် အရာရာ၌ သင်မိပြီ။” (ဖိ​လိပ္ပိ ၄: ၁၁-၁၂)။

တနည်းအားဖြင့်၊ ရှင်ပေါလုက၊ ခရစ်တော်အားဖြင့်၊ သူရဲ့ အခက်အခဲတွေနဲ့ စိန်ခေါ်မှုတွေကိုကျော်လွားနိုင်ခဲ့ပါတယ်။ သင်လည်း တူညီစွာလုပ်နိုင်ရန် ယေရူခရစ်တော် ခွန်အားပေးနိုင်ပါတယ်။

ခရစ်တော် “နာကျင်မှုများ၊ ဆင်းရဲ​ဒုက္ခများနှင့် စုံစမ်းခြင်း​အမျိုးမျိုး” ကိုခံစားခဲ့ရပါတယ်။ ကျွန်ုပ်တို့ရဲ့ အနာရောဂါဝေဒနာများအားလုံးကို သူ့အပေါ်မှာ ခံယူခဲ့ပါတယ်၊ ထို့မှ “အဘယ်သို့​အားဖြင့် မစရမည်ကို​သိနိုင်ခြင်းငှာ​လည်းကောင်း၊ သူတို့၏​အနာ​ရောဂါ​ဝေဒနာများကို သူ့အပေါ်၌ ခံယူတော်မူ​လိမ့်မည်” (အယ်လမာ ၇:၁၁-၁၂)။ ဘယ်လိုရင်ဆိုင်မှုမျိုးပဲရှိရှိ၊ယေရူခရစ်တော်က သင်အဆုံးတိုင်တည်ကြည်ရန်ခွန်အားပေးနိုင်ပြီး သင်ကိုယ်တိုင်မလုပ်နိုင်သောအရာများကိုလည်း ပြီးစီးအောင်လုပ်ပေးနိုင်ပါတယ်။

ခရစ်တော်က သင့်ကို ဖြစ်လာစေရန် ခွန်အားပေးနိုင်ပါတယ်

ယေရူခရစ်တော်ဟာ ပြန်လည်ရှင်ပြန်ထမြောက်ခြင်းကို ကျွန်ုပ်တို့အားလုံးအတွက် တကယ်စင်စစ်ဖြစ်လာစေရန်လုပ်ပေးခဲ့ပြီး၊ နောင်တရသူများ၊ လိုအပ်သော ဘိသိက်မင်္ဂလာများရရှိသူများနှင့် စပ်ဆိုင်သော ပဋိညာဉ်တို့ကိုပြုလုပ်ပြီး စောင့်ထိန်းသူများအတွက် ထာဝရအသက်ဖြစ်စေခဲ့ပါတယ်။ ခရစ်တော်မရှိပါက၊ ကျွန်ုပ်တို့အတွက် ကောင်းကင်ဘုံရှင်အဖ အဖြစ်စေချင်ဆုံးသော—သူနဲ့ပိုတူလာစေရန်နှင့်သူ၏သား ယေရူခရစ်တော်ခရစ်တော်နှင့် ပိုတူလာစေရန်၊ သူတိုနှင့် ထာဝရအတူတကွနေထိုင်စေနိုင်ရန်တို့ မဖြစ်လာနိုင်တော့ပါ။

ရုပ်ပုံ
ယေရှုခရစ်တော်

ယေရူခရစ်တော်အား သင်ယူခြင်း၊ သူ့ကိုအားထားယုံကြည်ခြင်းနှင့် သူ၏ဥပမာကိုလိုက်လျှောက်ခြင်းတို့အားဖြင့် သင်သူနဲ့ပိုတူလာနိုင်ပါတယ်။ ဒါက သင့်ဘဝမှာ ပိုမိုများပြားတဲ့ ယုံကြည်မှု၊ မျှော်လင့်ခြင်း၊ ချစ်ခြင်း ၊ စိတ်ရှည်ခြင်း၊ နှိမ့်ချခြင်း၊ သန့်ရှင်းခြင်းနှင့် နာခံတတ်မှုတို့နဲ့ နေဖို့ လမ်းပြပေးပါတယ်။ ဒီအရာတွေအားလုံးဟာ ကယ်တင်ရှင်ရဲ့ ပင်ကိုအရည်အချင်းတွေပဲဖြစ်ပါတယ်။

ယေရူခရစ်တော်ကိုလိုက်လျှောက်ရန် ကြိုးစားတာနှင့်အမျှ၊ သူဟာ သင့်ရဲ့ မျှော်လင့်ခြင်း နှင့်အလင်းဖြစ်လာစေပြီး အဲ့ဒါဟာ သူ သင့်ကိုသိထားသလို သင်ဖြစ်လာစေဖို့ လမ်းပြပေးပါလိမ့်မယ်။ ထို့အပြင်၊ ရှင်ပေါလု ကဲ့သို့ပင်၊ “ငါ့ကို ခွန်အားနှင့်ပြည့်စုံစေတော်မူသော ခရစ်တော်အားဖြင့် ခပ်သိမ်းသောအမှုတို့ကို ငါတတ်စွမ်းနိုင်၏၊” ဟု သင်လည်းပြောနိုင်ပါလိမ့်မယ်။

မှတ်စုများ

  1. ရက်ဆဲလ် အမ် နယ်လ်ဆင်၊ “သူ့ကိုကြားနာလော့၊” ဧပြီ၊ ၂၀၂၀ အထွေထွေညီလာခံ (Ensign သို့မဟုတ် လီယဟိုနာ မေ ၂၀၂၀၊ ၈၉)။

  2. ရှု ရက်ဆဲလ် အမ် နယ်လ်ဆင် ၏ “ကျွန်တော်တို့ ပိုကောင်းအောင်လုပ်နိုင်တယ် ပိုကောင်းနိုင်တယ်၊” ဧပြီ ၂၀၁၉အထွေထွေညီလာခံ (Ensign သို့မဟုတ် လီယဟိုနာ မေ ၂၀၁၉၊ ၆၇)။

ပုံနှိပ်သည်