၂၀၂၃
ကျွန်ုပ်တို့ ယခုပြည့်စုံဖို့ လိုအပ်ပါသလား။
ဖေဖော်ဝါရီ ၂၀၂၃


“ကျွန်ုပ်တို့ ယခုပြည့်စုံဖို့ လိုအပ်ပါသလား။” လူငယ်တို့အတွက်ခွန်အားဖေ၊ ၂၀၂၃။

လစဉ် လူငယ်တို့အတွက်ခွန်အား အမှာစကား၊ ဖေဖော်ဝါရီ ၂၀၂၃

ကျွန်ုပ်တို့ ယခုပြည့်စုံဖို့ လိုအပ်ပါသလား။

အောက်တိုဘာ ၂၀၁၇ အထွေထွေညီလာခံ မိန့်ခွန်း တစ်ခုမှ။

ရုပ်ပုံ
ကျမ်းစာများဖတ်နေသောလူငယ်အမျိုးသား

အမ်မလီ အီး၊ ဂျုံးစ် ၏ သရုပ်ဖော်ပုံ

ကျမ်းစာများသည် ကျွန်ုပ်တို့အား ကောင်းချီးပေးရန် နှင့် အားပေးရန် အတွက်ရေးထားခြင်းဖြစ်ပြီး ထိုအရာတို့အားအမှန်စင်စစ် လုပ်ဆောင်ပေးသည်။ သို့သော်လည်း ကျွန်ုပ်တို့ ပန်းတိုင်ရောက်ဖို့နှောင့်နှေးနေတယ် လို့ သတိပေးတယ့် စာပိုဒ်တစ်ပိုဒ် တစ်ခါတစ်လေ ပေါ်လာတတ်တယ်ဆိုတာ သင်သတိထားမိပါသလား။ ဥပမာ၊ “ထို့ကြောင့် ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘသည် စုံလင်တော်မူသည်နည်းတူ သင်တို့သည်လည်း စုံလင်ခြင်းရှိကြလော့။”(ရှင်မဿဲ ၅း၄၈)။ အဲဒီပညတ်တော်နဲ့ပတ်သက်လာလျှင်၊ ကျွန်ုပ်တို့ဟာ အိပ်ယာထဲပြန်သွားပြီး ခေါင်းမြီးလုံအောင် ခြုံထားချင်ကြပါတယ်။ အဲသလိုဆီလက်ရှယ်ပန်းတိုင်ဟာ ကျွန်ုပ်တို့နဲ့ လက်လှမ်းမမီနိုင်တဲ့ဟန်ရှိပါတယ်။ သို့သော်လည်း ကိုယ်တော်ရှင်က ကျွန်ုပ်တို့မစောင့်ထိန်းနိုင်တဲ့ ပညတ်တော်ကို ဘယ်တော့မှ ပေးမှာမဟုတ်ဘူးဆိုတာ သေချာပါတယ်။

ရုပ်ပုံ
မိုးထဲ၌ ထီးနှင့်လူငယ်အမျိုးသမီးတစ်ဦး

“ထိုမှတစ်ပါး၊ ခရစ်တော်​ထံသို့ လာ၍၊ သူ့​အားဖြင့် စုံလင်ရာသို့ ရောက်​စေကြလော့၊ “လို့ မော်ရော်နိုင်းကတောင်းဆိုပါတယ်။ “ဘုရားသခင်ကို သင်တို့၏ အစွမ်း​သတ္တိ၊ စိတ်နှင့် ခွန်​အား​ရှိ​သမျှဖြင့် ချစ်ကြလျှင်၊ … သူ၏​ကျေးဇူးတော်​ကြောင့်၊ သင်တို့သည် ခရစ်တော်​အားဖြင့် စုံလင်ရာသို့ ရောက်​နိုင်ကြ၏ “( မော်ရော်နိုင်း ၁၀း ၃၂ အထူးပြုချက် ထည့်သွင်းထားသည်)။ ကျွန်ုပ်တို့၏ စစ်မှန်သော စုံလင်ခြင်းအတွက် တစ်ခုတည်းသောမျှော်လင့်ခြင်းသည် ကောင်းကင်ဘုံမှ ဆုကျေးဇူး အနေဖြင့် ရရှိခြင်းဖြစ်သည်၊ ကျွန်ုပ်တို့ “လုပ်ယူ၍” မရနိုင်ပါ။

ရုပ်ပုံ
ခွေးတစ်ကောင်နှင့်တောင်ကုန်းပေါ် တက်နေသည့် လူငယ်အမျိုးသမီးတစ်ဦး

ယေရှုမှလွဲ၍၊ ကျွန်ုပ်တို့နေထိုင်နေသော ဤကမ္ဘာမြေလမ်းခရီးတွင် အပြစ်မဲ့သော လုပ်ဆောင်ချက်များ မရှိပါ၊ထို့ကြောင့် ဤ သေခြင်းရှိရာ၌ ရှိနေချိန်တွင် ဖြေးဖြေးမှန်မှန် တိုးတက်မှု ရရှိရန် ကြိုးစားပြီး မိမိတို့ကိုကိုယ် နှင့် တခြားသူများထံတွင် လွန်ကဲသော မျှော်မှန်းချက်များ ထားခြင်းမှ ရှောင်ရှားကြပါစို့။

ရုပ်ပုံ
မုန်တိုင်းထန်သောပင်လယ်မှ သင်္ဘော

ကျွန်ုပ်တို့ အပတ်တကုတ် ကြိုးစားပါက၊ ထာဝရ၏တစ်နေရာရာတွင် ကျွန်ုပ်တို့၏ ပြုပြင်ပြောင်းလဲမှုများသည် အဆုံးသတ်ပြီး ပြီးဆုံးကာ ဓမ္မသစ်ကျမ်းမှဆိုလိုသော ပြည့်စုံခြင်း၏အဓိပ္ပာယ် ကိုရောက်ရှိနိုင်ပါလိမ့်မည်။

ပုံနှိပ်သည်