၂၀၂၃
ကိုယ်တော်ထံသို့လာကြလော့
မတ် ၂၀၂၃


“ကိုယ်တော်ထံသို့လာကြလော့၊” လူငယ်တို့အတွက်ခွန်အား မတ်လ ၂၀၂၃

လစဉ် လူငယ်တို့အတွက်ခွန်အား အမှာစကား၊မတ်လ ၂၀၂၃

ကိုယ်တော်ထံသို့လာကြလော့

ကယ်တင်ရှင်က ကျွန်ုပ်တို့၏ ဝန်များကို သူ့ပေါ်သို့တင်ရန် ဖိတ်ခေါ်ပါသည်။

ရုပ်ပုံ
ယေရှုခရစ်တော်

အန်းနီ ဟန်ရီး နဒါရ် ၏ ပုံဖော်မှု

ငါ့ထံသို့လာကြလော့

ကျွန်ုပ်တို့သည် ကယ်တင်ရှင်ထံသို့လာရန် သူ၏ဧဝံဂေလိတရားတော်ကိုလေ့လာခြင်း၊ သူ၌ယုံကြည်မှုရှိခြင်း၊ နောင်တရခြင်း၊ ပဋိညာဉ်များကိုပြုလုပ်ခြင်း၊ လိုက်လျှောက်ခြင်း နှင့် သူ၏ဥပမာကိုလိုက်လျှောက်ခြင်းတို့ဖြင့်ပြုလုပ်နိုင်သည်။

ပင်ပန်းသောသူ … ဝန်လေး

ရုပ်ပိုင်းဆိုင်ရာအလုပ်များနှင့် ရုပ်ပိုင်းဆိုင်ရာ ဝန်တို့သည် ကျွန်ုပ်တို့အားအလွန်ပင်ပန်းနွမ်းနယ်စေပါသည်၊ သို့သော် စိတ်ပိုင်းဆိုင်ရာ၊ စိတ်ခံစားမှုဆိုင်ရာ၊ နှင့် ဝိညာဉ်ပိုင်းဆိုင်ရာတို့သည်လည်း ထိုနည်းတူစွာပင်ဖြစ်သည်။ ကျွန်ုပ်တို့မည်ကဲ့သို့သောဝန်ကိုသယ်ပိုးရသည်ပင်ဖြစ်စေ၊ ကယ်တင်ရှင်ကသူ၏ငြိမ်းချမ်းမှုကို ကျွန်ုပ်တို့အားကမ်းလှမ်းသည်။

ထမ်းပိုး

ထမ်းပိုးသည် တိရစ္ဆာန်နှစ်ကောင်အား ဝန်တစ်ခုအတူတကွဆွဲရန် ထယ် သို့မဟုတ် လေးဘီးလှည်းတို့ကဲ့သို့တွဲဖက်ပေးသောကိရိယာတစ်ခုဖြစ်သည်။ ပုံမှန်အားဖြင့် ထမ်းပိုးတွင် အလေးချိန်ညီမျှစေရန် သစ်သားတန်းတစ်ခုအား တိရစ္ဆာန်တစ်ကောင်ချင်းဆီ၏ ဂုတ်ပေါ်တွင်တင်သည်။

လေ့လာခြင်း

ကျွန်ုပ်တို့သည် ယေရှုခရစ်တော်၏သင်ကြားမှုများနှင့်သူ၏ဥပမာကိုလေ့လာဆည်းပူးခြင်းနှင့် ထိုဥပမာတို့ကိုကြိုးစား၍လိုက်လျှောက်ခြင်းအားဖြင့် သူ့အကြာင်းကိုလေ့လာနိုင်သည်။

သက်သာခြင်း

ကယ်တင်ရှင်၏ ချမ်းသာခြင်းသည် ကျွန်ုပ်တို့၏ စိတ်နှင့်ဝိညာဉ်ကိုငြိမ်သက်စေသော၊သူ၏ငြိမ်းချမ်းခြင်းဖြစ်သည်။ ကျွန်ုပ်တို့ အားနည်းသည့်အခါ၊ လောက၏စိုးရိမ်မှုပန်စရာများကိုကျော်လွှားရန် သူကူညီပေးပြီး ဝိညာဉ်ပကတိခွန်အားပေးတော်မှုသည်။

လွယ် … ပေါ့

ကယ်တင်ရှင်၏ထမ်းပိုးကိုထမ်းခြင်းဆိုသည်မှာ ပဋိညာဉ်များအားဖြင့် ကျွန်ုပ်တို့ကိုယ်ကျွန်ုပ်တို့ ကိုယ်တော်နှင့်ပေါင်းစည်းခြင်းဖြစ်သည်။ ကျွန်ုပ်တို့၏နှလုံးသားကိုသူ နှင့်သူ၏ အလုပ်သို့ပေးအပ်ခြင်းကိုဆိုလိုသည်။ ထိုသို့ပြုလုပ်သောအခါ၊ သူ၏ကူညီမှုကြောင့် ကျွန်ုပ်တို့၏ဝန်များ ပေါ့လာသည်ဟုခံစားရသည်။

ပုံနှိပ်သည်