၂၀၂၃
သင်၏နှလုံးသားကို သန့်ရှင်းသောဝိညာဥ်တော်ထံဖွင့်ဟပါ
ဧပြီ ၂၀၂၃


“သင်၏နှလုံးသားကိုသန့်ရှင်းသောဝိညာဥ်တော်ထံဖွင့်ဟပါ၊” လူငယ်တို့အတွက်ခွန်အား၊ ဧပြီ၊ ၂၀၂၃

လစဉ် လူငယ်တို့အတွက်ခွန်အား အမှာစကား၊ ဧပြီ ၂၀၂၃

သင်၏နှလုံးသားကို သန့်ရှင်းသောဝိညာဥ်တော်ထံဖွင့်ဟပါ

ဧပြီ ၂၀၁၈ အထွေထွေညီလာခံ မိန့်ခွန်း တစ်ခုမှ။

ဤပသကာခံပွဲအချိန်မှာ၊ ကမ္ဘာမြေပေါ်သို့ကျွန်ုပ်တို့၏ရွေးနှုတ်ရှင်ဖြစ်ရန် ကိုယ်ကျိုးစွန့်ကာလာခဲ့သည့် ချစ်လှစွာသောသားတော်အတွက် ကောင်းကင်ဘုံရှင်အဖကို ကျွန်တော်‌ကျေးဇူးတင်ပါတယ်။ သူကကျွန်တော်တို့ရဲ့အပြစ်တွေအတွက်အပြစ်ဖြေခဲ့ပြီး ပြန်လည်ရှင်ပြန်ခြင်းမှထမြောက်ခဲ့ပါတယ်။ သူ့ရဲ့အပြစ်ဖြေခြင်းကြောင့် တစ်နေ့မှာ ကျွန်တော်လည်းရှင်ပြန်ထမြောက်ပြီး ချစ်သောမိသားစုထဲမှာထာဝရနေနိုင်မယ်ဆိုတာသိရတဲ့အတွက် နေ့တိုင်းကျွန်တော်ကောင်းချီးခံစားရပါတယ်။

ဒီအရာများကို ကျွန်တော်တို့အားလုံး တစ်ခုတည်းသောနည်းလမ်း အားဖြင့်သိနိုင်ပါတယ်။ သန့်ရှင်းသောဝိညာဥ်တော်ဟာ ဒီအရာတွေမှန်တယ်ဆိုတာကို ကျွန်တော်ရဲ့ စိတ်နဲ့ နှလုံးသားကိုပြောပါတယ်၊ တစ်ခါတည်းမဟုတ်ဘဲ မကြာခဏပြောခြင်းဖြစ်ပါတယ်။

ကျွန်တော်တို့မှာ တန်ဖိုးဖြတ်မရသောကတိတော်ဖြစ်သည့် သန့်ရှင်းသောဝိညာဥ်တော်အားအ‌ဖော်အဖြစ်ရရှိခြင်းရှိပါတယ်။ ကျွန်တော်တို့ရဲ့တာဝန်ကတော့ ဝိညာဥ်ရေးဆိုင်ရာလမ်းပြခြင်းများ အစဥ်မပြတ်ရရှိရန် ကျွန်တော်တို့ရဲ့ နှလုံးသားတွေကို ဖွင့်ထားဖို့ရွေးချယ်ရမှာဖြစ်ပြီး ဘဝတစ်လျှောက်လုံးမှာ သန့်ရှင်းသောဝိညာဥ်တော်အားဖြင့် နှစ်သိမ့်မှုခံရမှာဖြစ်ပါတယ်။

ရုပ်ပုံ
ပန်း

အမ်မလီ အီး၊ ဂျုံးစ် ၏ သရုပ်ဖော်ပုံ

ပထမဆုံး ရွေးချယ်ရမှာကတော့ ဘုရားသခင်ရဲ့ရှေ့မှာ နှိမ့်ချမှု ရှိရမှာဖြစ်ပါတယ်။

ရုပ်ပုံ
ဆုတောင်းနေသောလက်များ

ဒုတိယကတော့ ကိုယ်တော်ရှင် ယေရှုခရစ်တော်၌ ယုံကြည်ခြင်းဖြင့်ဆုတောင်း ရမှာဖြစ်ပါတယ်။

ရုပ်ပုံ
သံလိုက်အိမ်မြှောင်

တတိယကတော့ သေချာစွာလိုက်နာ ရမှာဖြစ်ပါတယ်။

ရုပ်ပုံ
နှလုံးပုံသဏ္ဍာန်

စတုတ္ထကတော့ တခြားသူများရဲ့ နှလုံးသားနဲ့ လိုအပ်ချက်များကိုသိရန်ဆုတောင်းခြင်း နှင့်ကိုယ်တော်ရှင်အတွက် သူတို့ကိုဘယ်လိုကူညီနိုင်မလဲသိရန် ဆုတောင်းခြင်းတို့ဖြစ်ပါတယ်။

သင့်ထံသို့ ရက်ရောစွာပို့ပေးထားသော ဝိညာဥ်တော်၏အသံအား သင်ကြားဖို့အတွက် ကျွန်တော်နှလုံးသားအပြည့်နဲ့ဆုတောင်းပါတယ်။ ဝိညာဥ်တော်အားလက်ခံရရှိရန် သင့်ရဲ့နှလုံးသားကိုအမြဲဖွင့်ထားပြီး သူ့အားသင်၏အဖော်အဖြစ် အဆက်မပြတ်ထားခြင်းမှ ဝမ်းမြောက်မှုကိုခံစားနိုင်ဖို့အတွက် ကျွန်တော်ဆုတောင်းပါတယ်။

ပုံနှိပ်သည်