၂၀၂၃
ဂေသရှေမန်အရပ်
ဇွန် ၂၀၂၃


“ဂေသရှေမန်အရပ်၊” လူငယ်တို့အတွက်ခွန်အား၊ ဧပြီ၊ ၂၀၂၃။

ကျမ်းစာများ မှ နေရာများ

ဂေသရှေမန်အရပ်

ကျွန်ုပ်တို့ကိုယ်စား ကယ်တင်ရှင်၏ဒုက္ခဝေဒနာခံစားခြင်းများ စတင်ခဲ့ရာနေရာအကြောင်း ပိုမိုလေ့လာပါ။

ရုပ်ပုံ
သံလွင်တောအုပ်

ထိုနေရာသည် မည်သည့်အရပ်တွင်ရှိသနည်း။

ယေရုရှလင်မြို့၏အရှေ့ဘက်အရပ်ရှိ သံလွင်တောင်စောင်းပေါ်တွင် (သရုပ်ဖော်ပုံ၏ညာဘက်၊ အဆမတန်အရွယ်ကြီးသောအပင်ဖြင့် အမှတ်အသားလုပ်ထားသည်)။

ရုပ်ပုံ
ရှေးဟောင်း ယေရုရှလင်မြို့တော်၏မြေပုံ

ဂျင်မ်မတ်ဆန်၏ ယေရုရှလင်မြို့သရုပ်ဖော်မြေပုံ

ထိုနေရာတွင် မည်သည့်အရာရှိခဲ့သနည်း။

သံလွင်တောအုပ်တစ်ခုနှင့် သံလွင်ပင်များမှ ဆီထုတ်ယူရန် ကြိတ်ဆုံ

ရုပ်ပုံ
သံလွင်ဆီကြိတ်ဆုံ

ဤနေရာတွင် မည်သည်တို့ဖြစ်ပျက်ခဲ့သနည်း။

နောက်ဆုံးသော ညစာသုံးဆောင်ပြီးနောက်၊ ယေရှုခရစ်တော်သည် သူ၏တမန်တော်တစ်ဆယ့်တစ်ပါးတို့နှင့်အတူ ဂေသရှေမန်အရပ်သို့သွားခဲ့သည်။ ထို့နောက် ကိုယ်တော်သည် ဆိတ်ကွယ်ရာအရပ်သို့ ဆုတောင်းရန်သွားခဲ့ပြီး ပေတရု၊ ယာကုပ် နှင့် ယောဟန်တို့ကို အတူတကွ ခေါ်ဆောင်သွားခဲ့သည်။

ကိုယ်တော်သည် “မိန်းမောတွေဝေခြင်း၊စိတ်ပူပန်ခြင်းသို့ရောက်တော်မူ၏။” “ငါသည် သေလောက်အောင် စိတ်နှလုံးအလွန်ညိုးငယ်ခြင်းရှိ၏” (ရှင်မာကု ၁၄:၃၃-၃၄) ဟု ကိုယ်တော်မိန့်တော်မူခဲ့၏။

“အို အဘ၊ အလိုတော်ရှိလျှင် ဤခွက်ကို ကျွန်ုပ်မှလွှဲတော်မူပါ။ သို့သော်လည်း အကျွန်ုပ်အလိုရှိသည်အတိုင်းမဖြစ်ပါစေနှင့်။ ကိုယ်တော်အလိုရှိသည်အတိုင်းဖြစ်ပါစေသောဟု ဆုတောင်းတော်မူ၏။

“ထိုအခါ ကောင်းကင်တမန်သည် ထင်ရှားလာ၍ ကိုယ်တော်ကို အားပေးရ၏။

“ပြင်းစွာသောဝေဒနာကိုခံလျက် အထူးသဖြင့်ကြိုးစား၍ဆုတောင်းတော်မူ၏။ ချွေးထွက်တော်မူသည်ကား၊ [မြေပေါ်၌ကျသော သွေးစက်ခဲကဲ့သို့ ဖြစ်သတည်း” (ရှင်လုကာ ၂၂:၄၂-၄၄)။

ကယ်တင်ရှင်သည် ပြင်းလှစွာသော ဝေဒနာကို ခံစားပြီးနောက် ယုဒ၏ သစ္စာဖောက်ခြင်းကိုခံရပြီး ယုဒလူမျိုးအမှုထမ်းများနှင့်ရောမစစ်သားများ၏ဖမ်းဆီးခြင်းကို ခံရ၏။

ရုပ်ပုံ
ဂေသရှေမန်အရပ်၌ ဆုတောင်းနေသောယေရှုခရစ်တော်

မိုက်ကယ်လ် မန်၏ ဂေသရှေမန်အရပ်

မှတ်စုများ

  1. ကျမ်းစာများသို့လမ်းညွှန်၊ “ဂေသရှေမန်အရပ်။”

  2. ဒီ တောတ့် ခရစ္စတိုဖာဆန်၊ အောက်တိုဘာ၊ ၂၀၁၆ အထွေထွေညီလာခံ ( လီယဟိုနာ၊ နိုဝင်ဘာ၊၂၀၁၆၊၅၀) တွင်ကြည့်ပါ။

ပုံနှိပ်သည်