၂၀၂၃
ဝေငှခြင်းခုနစ်ရက်
ဇူလိုင် ၂၀၂၃


“ဝေငှခြင်းခုနစ်ရက်၊” လူငယ်တို့အတွက်ခွန်အား ဇူလိုင် ၂၀၂၃။

လစဉ် လူငယ်တို့အတွက်ခွန်အား အမှာစကား၊ ဇူလိုင် ၂၀၂၃

ခုနစ်ရက်ဝေငှခြင်း

သင်သည်ဧဝံဂေလိတရားတော်ကို ပုံမှန်သဘာဝနည်းလမ်းများဖြင့် ဝေငှနိုင်ပါသည်။ သင်သည် စိန်ခေါ်မှုကို ရင်ဆိုင်ရန် အဆင်သင့်ဖြစ်ပြီလား။

ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏သက်သေခံချက်များဝေငှခြင်းအကြောင်းကို ပြောကြသောအခါ၊ ပွဲတော်အစည်းအဝေး သို့မဟုတ် အခြားပုံမှန်အစီအစဉ်တစ်ခု၌သက်သေခံချက်များဝေငှခြင်းအကြောင်းကို စဉ်းစားလေ့ရှိပါသည်။ သို့ရာတွင် သင်၏ယုံကြည်ခြင်းကို “သဘာဝပုံမှန်နည်းများဖြင့် စတင်ပြောပြဖို့ အခွင့်အရေးများကို ရှာရန်” ကျွန်ုပ်တို့ကို တိုက်တွန်းထားပါသည်

အောက်ပါ ခုနစ်ရက် စိန်ခေါ်မှုတွင်၊ သင်၏သက်သေခံချက်ကို နေ့တိုင်း မတူညီသောနည်းတစ်ခုဖြင့် ဝေငှနိုင်ပါသည်။ သင်သည် ဤအရာတို့ကို မည်သည့် အစီအစဉ်ဖြင့်ဖြစ်စေ၊ သို့မဟုတ် သင်၏ကိုယ်ပိုင်အကြံဉာဏ်ဖြင့်ပင် ပြုလုပ်နိုင်ပါသည်။ သင်သည် စိန်ခေါ်မှုအတွက် အဆင်သင့်ဖြစ်ပြီလား။

ရုပ်ပုံ
အစည်းအဝေးအဆောက်အဦး

အမ်မလီ ဒေးဗစ်စ်၏ သရုပ်ဖော်ပုံ

နေ့ ၁ ဘုရားကျောင်း

ဘုရားကျောင်း၌ အစာရှောင် သက်သေခံအစည်းအဝေးတစ်ခုတွင် သင်၏သက်သေခံချက်ဝေငှခြင်းသည် သင်အဆင်ပြေသည့်အရာတစ်ခုဖြစ်လျှင်၊ ထိုအရာကို ထည့်သွင်းစဉ်းစားပါ။ သို့မဟုတ်လျှင်၊ ဘုရားကျောင်းတွင် တနင်္ဂနွေနေ့သင်၏အတန်းများနှင့် သက်ငယ်ကျမ်းစာသင်ကျောင်းတို့၌လည်း သင်၏သက်သေခံချက်ကို ဝေငှနိုင်ပါသည်။ ထိုနေရာ၌ သင်ဝေငှသည့် မှတ်ချက်များသည် အခြားသူများကို မြှင့်တင်ပေးနိုင်၊ သင်၏သက်သေခံချက်များနည်းတူ သူတို့၏သက်သေခံချက်များကိုလည်း ခွန်အားဖြည့်ပေးနိုင်ပါသည်။

ရုပ်ပုံ
မိတ်ဆွေများ

နေ့ ၂ မိတ်ဆွေများ

သင်သည် တနင်္ဂနွေနေ့ ကျွန်ုပ်တို့ဘုရားကျောင်းတွင် မည်သည့်အရာကို သင်ယူခဲ့ရပါသနည်း။ သင်သည် ပွဲတော်အစည်းအဝေးဒေသနာ သို့မဟုတ် သင်၏အတန်းဆွေးနွေးချက်၌ တစ်စုံတစ်ဦးဝေငှသည့် သက်သေခံချက်ကို နှစ်သက်ပါသလား။ အဖွင့်သီချင်းသည် သင်၏အကြိုက်ဆုံးဓမ္မတေးများထဲမှတစ်ခု ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ ထိုအကြောင်းကို မိတ်ဆွေတစ်ယောက်ကို ပြောပြပါ။ သူတို့၏သီတင်းပတ်ပိတ်ရက်အကြောင်းကိုလည် မေးပါ။

ရုပ်ပုံ
လူမှုကွန်ယက်ဖြင့် ဖုန်းခေါ်ပါ။

နေ့ ၃ လူမှုကွန်ယက်

လူမှုကွန်ယက်သည် ဝိညာဉ်ပကတိအရာများကို ပုံမှန်သဘာဝကျစွာဝေငှရန် နေရာကောင်းတစ်ခုဖြစ်ပါသည်။ ဤစိန်ခေါ်မှုနေ့အတွက်၊ အောက်ပါအကြောင်းအရာကို ဝေငှသည့် ပို့စ်တစ်ခုကို စဉ်းစားပါ၊

  • သင်၏အကြိုက်ဆုံးကျမ်းစာကျမ်းပိုဒ်များထဲမှ တစ်ခု။

  • အထွေထွေညီလာခံမှ အားပေးသည့် ကိုးကားချက်တစ်ခု။

  • ဝိညာဉ်ပကတိအတွေး သို့မဟုတ် အတွေ့အကြုံတစ်ခု။

  • ကယ်တင်ရှင်အကြောင်း သင်နှစ်သက် သို့မဟုတ် လေးစားတန်ဖိုးထားသည့်တစ်စုံတစ်ခု။

  • သင့်အားမကြာသေးမီက ကိုယ်တော်ကူညီခဲ့သည့်နည်းတစ်ခု၊ သို့မဟုတ် ကိုယ်တော်ကို သင်လေးစားသည့် အရည်အချင်းတစ်ခုနှင့် အဘယ်ကြောင့်လေးစားကြောင်း။

ရုပ်ပုံ
ဗီဒီယို စာသားနှင့် ဖုန်းဆက်ပါ

နေ့ ၄ စာသား သို့မဟုတ် ဗီဒီယို

မိတ်ဆွေတစ်ဦးသို့ စာသား သို့မဟုတ် ဗီဒီယိုဖြင့် အာပေးသော အမှာစကားတစ်ခု ပို့ပါ။ သူတို့နှစ်သက်နိုင်သည်ဟု သင်ထင်သည့် ညီလာခံဒေသနာဝေငှနိုင်ပါသည်၊ သူတို့အကြောင်း သင်လေးစားတန်ဖိုးထားသည့်အရာတစ်ခုခုကို ပြောပြပါ၊ သို့မဟုတ် ယေရှုခရစ်တော်၌ သင်၏ယုံကြည်ခြင်းအကြောင်း ဝေငှပါ။ အခိုက်အတန့်အနေဖြင့်၊ သူတို့သည် သူတို့အတွက် ကောင်းကင်ဘုံရှင်အဘ၏ ချစ်ခြင်းအကြောင်းကို သိဖို့ လိုအပ်နိုင်ပါသည်။ သင်သည် သူတို့ကို လူကိုယ်တိုင်အမြဲပြောနိုင်ပါသည်။

ရုပ်ပုံ
အသည်းပုံပူဖောင်းနှင့် လူငယ်အမျိုးသမီး

နေ့ ၅၊ အမှုဆောင်ခြင်း

အခြားသူများကို အမှုဆောင်ခြင်းသည် သင်၏သက်သေခံချက်ကို ဝေငှရန် နည်းလမ်းတစ်ခုဖြစ်ကြောင်း သိချင်ကောင်းသိချင်ပေလိမ့်မည်။ တမန်တော်ပေါလုက တိမောသေကို ပြောခဲ့ပါသည်၊ “စကားပြောခြင်း၊ ကျင့်ကြံပြုမူခြင်း၊ သူတပါးကိုချစ်ခြင်း၊ ဝိညာဉ်သဘောရှိခြင်း၊ သစ္စာစောင့်ခြင်း၊ စင်ကြယ်ခြင်းအရာမှာ၊ ယုံကြည်သောသူတို့အား ပုံသက်သေကို ပြလော့” ( ၁ တိမောသေ ၄း၁၂)။ ထို့ကြောင့် သင်သည် အခြားသူများကို ကယ်တင်ရှင် အမှုဆောင်မည့်အတိုင်း အမှုဆောင်ခြင်းဖြင့်၊ သင်၏ ပုံသက်သေဖြင့် သင်၏ယုံကြည်မှုများကို ပြနိုင်ပါသည်။

ရုပ်ပုံ
အနုပညာလက်ရာများ

နေ့ ၆ အနုပညာ

တစ်ခါတစ်ရံတွင်လူတို့သည် မိမိတို့အတွေးများနှင့် ခံစားချက်များကို ဝေငှရန် ခြားနားသောနည်းလမ်းကို အသုံးပြုကြပါသည်။ သင်သည် ယေရှုခရစ်တော်နှင့် သူ၏ဧဝံဂေလိတရားတော်အကြောင်း မည်သို့ခံစားရသည်ကို ဝေငှရန် ပန်းချီကားများ၊ ကျမ်းစာများ၊ ကဗျာ၊ တေးဂီတ၊ သို့မဟုတ် အခြားအနုပညာတစ်မျိုးမျိုးကို အသုံးပြုနိုင်ပါသည်။

ရုပ်ပုံ
စကားပြောနေသည့်လူငယ်

နေ့ ၇ သာမန်စကားစမြည်

သာမာန်အခြေအနေများတွင် သင်၏ယုံကြည်မှုများကို ဖော်ပြရန် မကြောက်ပါနှင့်၊ ပေးထားသောအကြောင်းရာတစ်ခုနှင့် ပတ်သက်သည့် သင်မှာရှိသည့် အခြားအတွေးများကဲ့သို့ပင် သင်ဝေငှလိုပေမည်။

သင်သည်၊ အသင်းတော်လှုပ်ရှားမှုများ သို့မဟုတ် သင်မကြာသေးမီက ဖတ်ခဲ့သည့် ကျမ်းစာတစ်ပိုဒ်ကို အမှန်ပင် ဝေငှနိုင်ပါသည်၊ သို့ရာတွင် ထို့ထက်ပင် ပေါ့ပေါ့ပါးပါးဖြစ်နိုင်ပါသည်။ ဥပမာအားဖြင့်၊

  • သင်သည် အလိုအလျောက် လမ်းပြလှုံ့ဆော်ခံရလျှင်၊ ဘုရားသခင်၏ဖန်ဆင်းခြင်းများအပေါ် သင်၏ လေးစားတန်ဖိုးထားခြင်းကို ဖော်ပြပါ။

  • သင်သည် မကြာမီက ဝိညာဉ်ပကတိအတွေ့အကြုံတစ်ခု ရှိကောင်းရှိခဲ့နိုင်ပါသည်။ ထိုအရာသည် ကိုယ်ရေးကိုယ်တာမဆန်လွန်းလျှင် မိတ်ဆွေတစ်ဦးကို ပြောပြပါ။

  • သင်နှစ်သက်သည့် စာအုပ် သို့မဟုတ် ရုပ်ရှင်တစ်ခုတွင် ဧဝံဂေလိတရားတော်နှိုင်းစာချက်များကို ရှာပါ၊ သင်၏အတွေးအမြင်များကို ဝေငှပါ။

ပုံမှန်သဘာဝ

သင်သည် သင်၏ယုံကြည်မှုများကို ဝေငှရန် နည်းအမျိုးမျိုးကို တွေ့သည်နှင့်အမျှ၊ ထိုအရာသည် သင့်အနေဖြင့်ဝေငှရန် ပိုပိုပြီး သဘာဝကျလာပါလိမ့်မည်။ ပထမတွင် ကသိကအောက်ခံစားကောင်းခံစားရနိုင်ပါသည်၊ သို့ရာတွင် ထိုအရာမှာ အဆင်ပြေပါသည်။ သတိရပါ၊ သင်၏သက်သေခံချက်ကိုယ်တိုင်သည် သင့်အဖို့ သဘာဝဖြစ်ပြီးသားဖြစ်ပါသည်၊ သင်ဘယ်သူဆိုသည့်အရာ၏ တစ်စိတ်တစ်ပိုင်းဖြစ်ပါသည်။ ဝေငှခြင်းသည်လည်း သဘာဝအလျောက် ဖြစ်လာနိုင်ပါသည်။ လိုအပ်သည်မှာ တစ်နေ့ချင်း အနည်းငယ်တိုး၍ ပြခြင်းသာဖြစ်ပါသည်။

သင်သည် သင်၏သက်သေခံချက်ကို ယနေ့ မည်သို့ ဝေငှမည်နည်း။

မှတ်စုများ

  1. ဒီးတာအက်ဖ်၊ ဥဒရော့ဖ်၊ “Apr. 2019 general conference” (Ensign သို့မဟုတ် Liahona, မေ ၂၀၁၉၊ ၁၇)။

ပုံနှိပ်သည်