၂၀၂၃
နောက်ဆုံးစကား၊ နားလည်ရန်ကြိုးပမ်းခြင်း
သြဂုတ်လ ၂၀၂၃


“နားလည်ရန်ကြိုးပမ်းခြင်း၊” လူငယ်တို့အတွက်ခွန်အား၊ ဩဂုတ်၊၂၀၂၃။

လစဉ် လူငယ်တို့အတွက်ခွန်အား အမှာစကား၊ ဩဂုတ်လ၂၀၂၃

နားလည်ရန်ကြိုးပမ်းခြင်း

ဧပြီလ ၂၀၁၉ အထွေထွေညီလာခံ မိန့်ခွန်း တစ်ခုမှဆီလျော်အောင်ကောက်နုတ်ထားသည်။

ရုပ်ပုံ
ဆီမီးခွက်နှင့်အမျိုးသမီး

အမ်မလီ ဂျုံးစ် ၏ သရုပ်ဖော်ပုံများ

ယေရှုခရစ်တော်၏ ဧဝံဂေလိတရားတော်အား နားလည်ရန်ကြိုးပမ်းမည့် ကျွန်ုပ်တို့၏ ရည်ရွယ်ချက်သည် ဘုရားသခင်နှင့်သူ၏မြင့်မြတ်သောပျော်ရွှင်ခြင်းအစီအစဉ်၊ ယေရှုခရစ်တော်နှင့် သူ၏အပြစ်ဖြေပေးဆပ်ခြင်းတို့၌ ယုံကြည်မှုတိုးပွားလာစေရန် နှင့် မြဲမြံသောပြောင်းလဲခြင်းဖြစ်မြောက်ရန်အတွက်ဖြစ်သည်။ ထိုကဲ့သို့ တိုးပွားလာသော ယုံကြည်ခြင်း နှင့် ပြောင်းလဲခြင်းတို့သည် ဘုရားသခင်နှင့်ပဋိညာဉ်များ ပြုလုပ်ရန်နှင့် လိုက်နာရန် ကျွန်တော်တို့အားကူညီပေးသည်၊ သို့ဖြစ်၍ ယေရှုခရစ်တော် နောက်သို့လိုက်မည့် ကျွန်ုပ်တို့၏စိတ်ဆန္ဒကို ခိုင်မာစေပြီး ကျွန်ုပ်တို့ထံ၌ စစ်မှန်သော ဝိညာဉ်ရေးရာ ပြောင်းလဲခြင်းကို ဖြစ်ပေါ်စေသည်။ ဤပြောင်းလဲခြင်းသည် ကျွန်ုပ်တို့ကို ပိုမိုပျော်ရွှင်၊ ဖြစ်ထွန်းစေပြီး ကျန်းမာသောအသက်တာကို ဆောင်ကြဉ်းပြီးလျှင် ထာဝရဟူသည့် ရှုထောင့်ကို အမြဲထိန်းသိမ်းပေးသည်။

ရုပ်ပုံ
ကျမ်းစာများဖတ်နေသောလူငယ်အမျိုးသား

ထိုကဲ့သို့ အောင်မြင်စွာပြောင်းလဲရန်၊ ကျွန်ုပ်တို့သည် ကျမ်းစာများထဲတွင် မိမိတို့ကိုယ်ကို မြှုပ်နှံထားခြင်း၊ ဝမ်းမြောက်စွာဖတ်ရှုခြင်း၊ ကိုယ်တော်၏ဩဝါဒများ လေ့လာသင်ယူခြင်း နှင့် ကိုယ်တော်၏ပုံစံအတိုင်း အသက်ရှင်နေထိုင်ရန် ကြိုးပမ်းခြင်းဖြင့် ယေရှုခရစ်တော်အား နာခံရန်လိုအပ်ပါသည်။ ထိုမှသာ ကျွန်ုပ်တို့သည် ကိုယ်တော်အား သိကျွမ်းလာမည်ဖြစ်ပြီး သူ၏အသံအား အသိအမှတ်ပြုမည်ဖြစ်သည်၊ ကျွန်ုပ်တို့သည် သူ့ထံသို့လာပြီး သူ့၌ယုံကြည်ကြောင်း သိနားလည်ခြင်းအားဖြင့် နောက်တဖန် အဆာအမွတ်မခံရသကဲ့သို့ ရေငတ်လည်းမခံရနိုင်ပါ။(ရှု ရှင်ယောဟန် ၆း၃၅)။

ရုပ်ပုံ
ဆုတောင်းနေသောလူငယ်အမျိုးသား

ထိုအရာသည် မတော်တဆ ဖြစ်လာခြင်းမရှိပါ။ ဘုရားသခင်အား အပြင်းထန်ဆုံး ဆည်းကပ်ကိုးကွယ်ခြင်း၌ ကျွန်ုပ်တို့ကိုယ်တိုင် မွေ့လျော်ခြင်းသည် ရိုးရှင်းသောအရာတစ်ခုမဟုတ်ပါ၊ ထိုသို့ဖြစ်ရန် ကျွန်ုပ်တို့ဘဝများ၏ ဗဟိုချက်သို့ ဘုရားသခင်အား ဖိတ်ခေါ်ရန် နှင့် ယေရှုခရစ်တော်၏ ဧဝံဂေလိတရားတော်ကို ထိုနေရာသို့ မည်သို့ခေါ်ဆောင်ရမည်ဖြစ်ကြောင်း သင်ယူလေ့လာရန် လိုအပ်ပါသည်။

ရုပ်ပုံ
သူမ၏နှလုံးသားအားဖိထားသောအမျိုးသမီးငယ်

ကျွန်ုပ် သင်တို့ကို သက်သေခံပါသည် ၊ ကျွန်ုပ်တို့သည် ထက်သန်စွာ၊ လှိုက်လှဲစွာ၊ မြဲမြံစွာ နှင့် စစ်မှန်စွာ ယေရှုခရစ်တော်၏ ဧဝံဂေလိတရားတော်ကို နားလည်ရန်ကြိုးပမ်းပြီး အချင်းချင်းစစ်မှန်သောရည်ရွယ်ချက်ဖြင့် သွန်သင်သည့်အခါ ဝိညာဉ်တော်၏ လွှမ်းမိုးမှုအောက်တွင်၊ ထိုသွန်သင်မှုများသည် စိတ်နှလုံးများကို ပြောင်းလဲစေပြီး ဘုရားသခင်၏မှန်ကန်သောအမှုများနှင့်အညီ နေထိုင်လိုသောဆန္ဒကို လှုံ့ဆော်ပေးပါသည်။

ပုံနှိပ်သည်