၂၀၂၃
သင်၏ဦးဆောင်လမ်းပြသူအဖြစ် ဝိညာဉ်တော်အားရွေးချယ်ပါ
အောက်တိုဘာ ၂၀၂၃


“သင်၏ဦးဆောင်လမ်းပြသူအဖြစ် ဝိညာဉ်တော်အားရွေးချယ်ပါ၊”လူငယ်တို့အတွက်ခွန်အား၊အောက်၊ ၂၀၂၃။

လစဉ် လူငယ်တို့အတွက်ခွန်အား အမှာစကား၊ အောက်တိုဘာ ၂၀၂၃

သင်၏ဦးဆောင်လမ်းပြသူအဖြစ် ဝိညာဉ်တော်အားရွေးချယ်ပါ

ဧပြီ ၂၀၁၇ အထွေထွေညီလာခံ မိန့်ခွန်း တစ်ခုမှ။

ကျွန်ုပ်တို့သည် သေခြင်းရှိရာတွင် စိန်ခေါ်မှုများ၊ ဆင်းရဲဒုက္ခများနှင့် ပဋိပက္ခများကို ရင်ဆိုင်ရမည်ဖြစ်ကြောင်း ကောင်းကင်ဘုံရှိ ကျွန်ုပ်တို့၏အဖသည် သိတော်မူ၏၊ ကျွန်ုပ်တို့သည် မေးခွန်းများ၊ စိတ်ပျက်မှုများ၊သွေးဆောင်မှုများ၊ အားနည်းချက်များနှင့် လုံးထွေးသတ်ပုတ်ရမည်ဖြစ်ကြောင်းလည်း သူသိတော်မူ၏။ ကျွန်ုပ်တို့ကို သေမျိုးတို့၏ခွန်အားနှင့် မြင့်မြတ်သောလမ်းညွှန်မှုပေးရန်၊ ကိုယ်တော်ရှင်သည် ဝိညာဉ်တော်အား စေလွှတ်ခဲ့သည်။

မြင့်မြတ်သောတာဝန်ပေးအပ်မှုအရ၊ ဝိညာဉ်တော်သည် ကျွန်ုပ်တို့အား ကိုယ်တော်ရှင်၏အလင်း၌ လျှောက်လှမ်းရန် လမ်းပြလှုံ့ဆော်ခြင်း၊ သက်သေခံခြင်း၊ သင်ကြားခြင်း နှင့် စေ့ဆော်ခြင်းများကို ပြုလုပ်ခဲ့သည်။ ကျွန်ုပ်တို့၏ အသက်တာများတွင် သူ၏ လွှမ်းမိုးမှုအား သတိပြုခြင်းရှိပြီး တုံ့ပြန်ရန် သင်ယူရမည့် အလေးအမြတ်တာဝန် ရှိပါသည်။

ကျွန်ုပ်တို့သည် ထိုအရာကို မည်ကဲ့သို့ပြုလုပ်နိုင်မည်နည်း။

ပထမဦးစွာ၊ ကျွန်ုပ်တို့သည် ဝိညာဉ်တော်နှင့်ထိုက်တန်စွာ နေထိုင်ရန် ကြိုးပမ်းရပါမည်။

ဒုတိယအားဖြင့်၊ ကျွန်ုပ်တို့သည် ဝိညာဉ်တော်အား လက်ခံရန် လိုလားရပါမည်။

တတိယအားဖြင့်၊ ကျွန်ုပ်တို့သည် ဝိညာဉ်တော်ရရှိသောအခါ သတိပြုမူနိုင်ခြင်းရှိရပါမည်။

စတုတ္တအားဖြင့်၊ ကျွန်ုပ်တို့သည် ပထမဆုံးစေ့ဆော်မှုအတိုင်း ပြုမူရပါမည်။

ကျွန်ုပ်တို့သည် “ရွှင်လန်းခြင်းရှိကြလော့၊ အကြောင်းမူကား ငါသည် သင့်ကိုလမ်းပြပို့ဆောင်မည်”ဟူသည့် ကိုယ်တော်ရှင်၏အမိန့်တော်ကို အလေးအနက်ထားကြပါစို့ (ဩဝါဒနှင့်ပဋိညာဉ်များ ၇၈း၁၈)။ သူသည် ကျွန်ုပ်တို့အား သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် လမ်းပြပါလိမ့်မည်။ ကျွန်ုပ်တို့သည် ထိုအရာတို့ ဘုရားသခင်ထံမှလာကြောင်း သိရှိပြီး ပထမဆုံးစေ့ဆော်ခြင်းများအတိုင်း လျင်မြန်စွာပြုမူလျက် ဝိညာဉ်တော်နှင့်နီးကပ်စွာနေထိုင်ကြပါစို့။ သန့်ရှင်းသောဝိညာဉ်တော်၏ တန်ခိုးတော်သည် ကျွန်ုပ်တို့အား လမ်းပြခြင်း၊ စောင့်ရှောက်ခြင်း နှင့် ကျွန်ုပ်တို့နှင့် အမြဲအတူတကွရှိနေမည်ဖြစ်ကြောင်း ကျွန်ုပ်သက်သေခံပါသည်။

ပုံနှိပ်သည်