လူငယ်တို့အတွက် ခွန်အား
တဖန်ကြွမလာမီ ခရစ်တော်၌ယုံကြည်ခြင်း
ဧပြီ ၂၀၂၄


“တဖန်ကြွမလာမီ ခရစ်တော်၌ယုံကြည်ခြင်း၊” လူငယ်တို့အတွက်ခွန်အား၊ ဧပြီ၊ ၂၀၂၄။

လစဉ် လူငယ်တို့အတွက်ခွန်အား အမှာစကား၊ ဧပြီ ၂၀၂၄

ယာရုမ်

တဖန် ကြွမလာမီ ခရစ်တော်၌ယုံကြည်ခြင်း

နီဖိုင်းလူမျိုးများသည် ကယ်တင်ရှင်ကြွမလာမီ ယုံကြည်ခြင်းရှိခဲ့ကြပြီး ကျွန်ုပ်တို့သည်လည်း သူတဖန်ကြွမလာမီ ယုံကြည်ခြင်းရှိနိုင်သည်။

ရုပ်ပုံ
နီဖိုင်းလူမျိုးများထံ သွားရောက်သည့် ယေရှုခရစ်တော်

တဖန် ကိုယ်တော် ကမ္ဘာမြေသို့ ကြွ မလာမီ ကယ်တင်ရှင်၌ယုံကြည်ရခြင်းသည် မည်ကဲ့သို့ဖြစ်လိမ့်မည်ဖြစ်ကြောင်း စဉ်းစားဖူးပါသလား။ ရှေးနီဖိုင်းလူမျိုးများသည် “မေရှိယကို မျှော်လင့်၍၊ သူကြွလာ​တော်မူ​လေပြီးသကဲ့သို့ သူ့ကို ယုံကြည်​ကြ“ဖို့သာရှိခဲ့သည် (ယာရုမ် ၁း၁၁)။

ယခုအချိန်၌၊ ကျွန်ုပ်တို့တွင် ယေရှုခရစ်တော်သည် အသက်ရှင်ခဲ့ကြောင်း၊ သေဆုံးခဲ့ကြောင်း နှင့် တဖန်ထမြောက်ခဲ့ကြောင်း သက်သေခံမည့် ကျမ်းစာနှင့်သမိုင်းဝင်အထောက်အထားများ ရှိသည်။ ကြွလာပြီးဖြစ်သော ကယ်တင်ရှင်၌ ကျွန်ုပ်တို့ ယုံကြည်ပါသည်။ သို့ရာတွင် တဖန် ကြွလာမည့် ကယ်တင်ရှင်၌လည်း ကျွန်ုပ်တို့ ယုံကြည်ပါသည်။

ယေရှခရစ်တော် ကြွမလာခင်ကပင်၊ နီဖိုင်း လူမျိုးများသည် ယုံကြည်ခြင်းရှိခဲ့ကြသည်၊

ရုပ်ပုံ
ဆုတောင်းမှုပြုနေကြသော ဗင်္ယာမိန်မင်းကြီး နှင့် သူ၏ဇနီးသည်

သူတို့၏ အပြစ်များမှ လွှတ်တော်မူပါ။

“ခရစ်တော်​ကြွလာ​လိမ့်မည်ဟု ယုံကြည်သူ​မှန်သမျှသည်၊ သူတို့၏​အပြစ်များမှ​လွှတ်ခြင်းကို​ရရှိ၍၊ သူတို့၌ သူကြွလာ​တော်မူနှင့်လေပြီး​သကဲ့သို့ပင် အလွန်​ကြီးစွာသော​ဝမ်းမြောက်ခြင်းဖြင့်လည်း၊ ရွှင်လန်း​ဝမ်းမြောက်ကြ၏” (မောဇိဘ ၃း၁၃၊ အထူးပြုထားသည်)။

ရုပ်ပုံ
ဧနုတ်

သူတို့ကိုယ်တိုင် ခွင့်လွှတ်ကြသည်။

“အသံသည် ငါ့ထံသို့ ရောက်လာပြီး၊ ဧနုတ်၊ သင်၏​အပြစ်များကို ခွင့်လွှတ်သည်။ … သို့ဖြစ်၍၊ ငါ၏​အပြစ်​ရောက်ခြင်းကို ပယ်ရှားလေပြီ။ ကိုယ်တော်ရှင်၊ ထိုအမှုသည် အဘယ်သို့​အားဖြင့်၊ ဖြစ်သွား​ပါသနည်းဟု ငါလျှောက်၏။ ငါ့ကို မိန့်တော်မူ​သည်ကား၊ ယခင်က သင်မကြားဖူး၊ မမြင်ဖူး​ခဲ့လေသော ခရစ်တော်​ကို သင်၏​ယုံကြည်ခြင်းကြောင့်​ပေတည်း။ ဇာတိ​ကိုယ်ခန္ဓာ​အားဖြင့် သူကိုယ်တိုင်​ထင်ရှားစွာ​ပြတော်​မမူမီတွင် နှစ်ပေါင်းများစွာလည်း ကုန်လွန်ပေပြီ။ … သင်၏​ယုံကြည်ခြင်းက သင့်ကို ချမ်းသာ​ရစေပြီ”ဧနုတ် ၁း၅-၈။ အထူးပြုထားသည်)။

ရုပ်ပုံ
တရားဟောနေသော ယာကုပ်

အံ့ဩဖွယ်အမှုများပြုတော်မူသည်။

“အကြောင်းမူကား၊ ငါတို့သည် ခရစ်တော်​အကြောင်းကို​သိ၍၊ သူကြွလာ​တော်မမူခင် နှစ်ရာ​ပေါင်းများစွာကပင် သူ၏​ဘုန်းတော်အား မျှော်လင့်ခြင်း​ရှိနေခဲ့လေသည်။ … ငါတို့သည် ယေရှု၏​နာမတော်​အားဖြင့် အမှန်ပင်​အမိန့်ပေး​နိုင်၍၊ ဤသစ်ပင်များ၊ သို့မဟုတ် တောင်များ၊ သို့မဟုတ် ပင်လယ်​လှိုင်းတံ​ပိုးတို့ကပင် ငါတို့ကို နာခံကြစေသည်” (ယာကုပ် ၄း၄၊ ၆။အထူးပြုထားသည်)။

ရုပ်ပုံ
ပုရပိုက်ပြားများပေါ်တွင်ရေးနေသော မော်ရော်နိုင်း

ဗျာဒိတ်တော်အား လက်ခံရရှိသည်။

“ခရစ်တော် ကြွလာတော်မမူမီကပင်၊ ကန့်လန့်ကာအတွင်း၌ ဟန့်တားမထားနိုင်ဘဲ၊ ယုံကြည်ခြင်းမျက်စိဖြင့် ကြည့်သည့်အရာတို့ကို သူတို့မျက်စိဖြင့် အမှန်ပင်မြင်ကြသူ၊ ယုံကြည်ခြင်း အလွန်အားကြီးသူများစွာရှိကြ၏”(ဧသာ ၁၂း၁၉။ အထူးပြုထားသည်)။

ယေရှုခရစ်တော် တဖန် ကြွမလာမီ၊ ကျွန်ုပ်တို့သည် ယုံကြည်ခြင်းရှိနိုင်သည်၊

(နီဖိုင်းလူမျိုးများကဲ့သို့) ခွင့်လွှတ်ခြင်းခံရရန်၊ ကျွန်ုပ်တို့ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်နိုင်ရန်၊ အံ့ဩဖွယ်အမှုများပြုရန် နှင့် ဗျာဒိတ်တော်လက်ခံရရှိရန်တို့ ဖြစ်ကြသည်။

ရုပ်ပုံ
ဘုရားကျောင်းတွင် ဓမ္မသီချင်းဆိုနေသော လူငယ်

သူ၏ ကြွရောက်လာခြင်းအတွက် ကျွန်ုပ်တို့ကိုယ်တိုင် ပြင်ဆင်ကြရမည်။

ကျွန်ုပ်တို့၏ ပဋိညာဉ်များကို စောင့်ထိန်းကြခြင်းသည်၊ ဆီလက်ရှယ်နိုင်ငံတော်တွင် နေထိုင်ရန် ပြင်ဆင်နေခြင်းဖြစ်သည်။ “အကြောင်းမူကား၊ ရှုလော့၊ ဤဘဝသည်၊ လူသား​အတွက် ဘုရားသခင်နှင့်​တွေ့ရန် ပြင်ဆင်ရာ အချိန်​ဖြစ်၏။ ထိုမှတစ်ပါး၊ ရှုလော့၊ ဤဘဝ​ကာလသည်၊ လူသား​အတွက် မိမိတို့၏ အလုပ်များကို ဆောင်ရွက်ရာ​ကာလပေတည်း“(အယ်လမာ ၃၄း၃၂)။

ရုပ်ပုံ
ဗိမာန်တော်ရှေ့မှ လူငယ်များ

သူ၏ ကြွလာခြင်းအတွက် လောကကို ပြင်ဆင်ရမည်။

“လောကတွင်အကြီးမြတ်ဆုံးအမှု”ဖြစ်သည့် ဣသရေလစုရုံးခြင်း၏ တစ်စိတ်တစ်ပိုင်းအဖြစ်ပါဝင်ရန် ကျွန်ုပ်တို့အား ဥက္ကဌ ရပ်ဆဲလ် အမ်၊ နယ်လဆင် မှ ဖိတ်ခေါ်ခဲ့သည်။ “ကျွန်ုပ်တို့၏ ကောင်းကင်ဘုံရှင်အဖသည် သူ၏ အမြင့်မြတ်ဆုံးဝိညာဉ် အများအပြားကို သီးသန့်ရွေးချယ်ထားရှိခဲ့သည်၊ နောက်ဆုံးသောအဆင့်အတွက် အကောင်းဆုံးအဖွဲ့ ဟု ဆိုနိင်သည်။ ထိုမြင့်မြတ်သောဝိညာဉ်များ ၊ ထိုအကောင်းဆုံးသောပါဝင်သူများ၊ ထိုသူရဲကောင်းများသည် သင်တို့ဖြစ်ကြသည်”

ရုပ်ပုံ
ပွေ့ဖက်နေကြသည့် လူငယ်အမျိုးသမီးများ

ခက်ခဲသောအချိန်များတွင် မျှော်လင့်ခြင်းရှိပါ။

ကယ်တင်ရှင် တဖန်ကြွလာသောအခါ၊ ဖြောင့်မတ်သူများသည် ငြိမ်းချမ်းစွာ နေရလိမ့်မည်။ ကယ်တင်ရှင် အုပ်စိုးပြီး ၊ မတရားမှုများကို မှန်ကန်စွာ စီရင်လိမ့်မည်။ “ကိုယ်တော်ရှင်သည် သူတို့၏အလယ်တွင်ရှိပြီး၊ သူ၏ ဘုန်းတော်သည် သူတို့အပေါ်၌သက်ရောက်လိမ့်မည်၊ ကိုယ်တော်သည် သူတို့၏ ဘုရင်ဖြစ်ပြီး သူတို့၏ဥပဒေချမှတ်သူ ဖြစ်လိမ့်မည်”ဩဝါဒနှင့်ပဋိညာဉ်များ ၄၅း၅၉

ရုပ်ပုံ
လူငယ်အမျိုးသမီး

ရှင်ပြန်ထမြောက်ခြင်း၌ ယုံကြည်ခြင်းရှိပါ။

အလုံးစုံသော လူသားမျိုးနွယ်တို့ ရှင်ပြန်ထမြောက်လိမ်မ့ည်။ ကျွန်ုပ်တို့ အားလုံး၌ စုံလင်ခြင်းရှိသော၊ သေဆုံးခြင်းမရှိသော ခန္ဓာကိုယ်များ ရှိလိမ့်မည်။ ကျွန်ုပ်တို့သည် ဆုံးပါးသွားသည့် ချစ်ရသူများကို ပြန်လည်တွေ့မြင်ရလိမ့်မည်။ “ဝိညာဉ်နှင့် ကိုယ်ခန္ဓာသည် ၎င်း၏​စုံလင်သော​ပုံသဏ္ဌာန်ဖြင့် တစ်ဖန်​ပြန်လည်၍ ပေါင်းစည်း​လိမ့်မည်။ ဤအချိန်၌၊ ယခု​ငါတို့​ဖြစ်လေ​သကဲ့သို့ပင် ခြေလက်နှင့် အရိုး​အဆစ်​နှစ်မျိုး​စလုံးသည် ၎င်း၏​ပကတိ​ကိုယ်သို့ ပြန်လည်​ပေါင်းစည်း​လိမ့်မည်”(အယ်လမာ ၁၁း၄၃)။

ရုပ်ပုံ
နီဖိုင်းလူမျိုးများရှေ့တွင် ပေါ်လာသည့် ယေရှုခရစ်တော်

ရှေးနီဖိုင်းလူမျိးများသည် ကယ်တင်ရှင်ကြွမလာမီ သူ့၌ယုံကြည်ခြင်းရှိခဲ့ကြသည်။ “[ကျွန်ပ်တို့သည်] တန်ခိုးတော်၊ဘုန်းတော်တို့နှင့် ခြုံလွှမ်းထားသော [ကိုယ်တော့်]အား ကောင်းကင်တိမ်တိုက်များကြားတွင်” မြင်ရလေသောအခါ၊ ကယ်တင်ရှင် တဖန်ကြွလာလိမ့်မည်ဖြစ်ကြောင်း ယုံကြည်ခြင်းရှိနိုင်သည် (ဩဝါဒနှင့်ပဋိညာဉ်များ ၄၅း၄၄တမန်တော်ဝတ္ထု ၁း၁၁)။ ကိုယ်တော်တဖန်ကြွလာမည်ဖြစ်ကြောင်း သိခြင်းသည် ယနေ့တွင် သင်လုပ်မည့်အရာအား မည်ကဲ့သို့ ပြောင်းလဲစေနိုင်သနည်း။

မှတ်စု

  1. ရပ်ဆဲလ် အမ်၊ နယ်လဆင်၊ “ဣသရေလ၏မျှော်လင့်ချက်” (ကမ္ဘာလုံးဆိုင်ရာ လူငယ်ဝတ်ပြုခြင်းအခမ်းအနား၊ ဇွန် ၃၊ ၂၀၁၈)၊ ဧဝံဂေလိစာကြည့်တိုက်။

ပုံနှိပ်သည်