လူငယ်တို့အတွက် ခွန်အား
ကျွန်ုပ်တို့အားလုံးသည်အလွန်ကွဲပြားနေလျှင် မည်ကဲ့သို့ညီညွတ်နိုင်မည်နည်း။
အောက်တိုဘာ ၂၀၂၄


“ကျွန်ုပ်တို့အားလုံးသည်အလွန်ကွဲပြားနေလျှင် မည်ကဲ့သို့ညီညွတ်နိုင်မည်နည်း။” လူငယ်တို့အတွက်ခွန်အား၊ အောက်၊၂၀၂၄။

လစဉ် လူငယ်တို့အတွက်ခွန်အား အမှာစကား၊ အောက်တိုဘာ ၂၀၂၄

ကျွန်ုပ်တို့အားလုံးသည်အလွန်ကွဲပြားနေလျှင် မည်ကဲ့သို့ညီညွတ်နိုင်မည်နည်း။

မြှားပါသောအတုံးများ

ကျွန်တော်တို့အားလုံးက ကွဲပြားကြပါတယ်။ ဒါပေမယ့် ကိုယ်တော်ရှင်က ကျွန်တော်တို့ကို “တစ်လုံးတစ်ဝတည်းဖြစ်စေရန်” အလိုရှိပါတယ်(ဩဝါဒနှင့်ပဋိညာဉ်များ ၃၈း၂၇)။ ပရောဖက်တွေနဲ့တမန်တော်တွေက ကျွန်‌တော်တို့ကိုသင်ကြားထားတဲ့ အခြေခံသဘောတရားအနည်းငယ်ရှိပါတယ်။

ကျွန်တော်တို့က ယေရှုခရစ်တော်၊ သူ့ရဲ့ ဧဝံဂေလိ နဲ့ သူ့ရဲ့အသင်းတော်ထံမှာ ညီညွတ်ကြပါတယ်။ “ယေရှုခရစ်တော်အပေါ် ကျွန်တော်တို့တစ်ဦးချင်းစီတိုင်းရဲ့ သစ္စာရှိမှု နဲ့ချစ်ခြင်းဖြင့်သာ ကျွန်တော်တို့တစ်လုံးတစ်ဝတည်းဖြစ်ကြဖို့မျှော်လင့်နိုင်ပါတယ်။“

ညီညွတ်ခြင်းမှာ ချစ်ခြင်းမေတ္တာကိုလိုအပ်ပါတယ်။ မတူကွဲပြားတဲ့ ဘာသာစကားတွေ၊ လှပပြီးကြွယ်ဝတဲ့ ရိုးရာယဉ်ကျေးမှုတွေနဲ့တောင်မှ၊ ကျွန်တော်တို့ရဲ့နှလုံးသားတွေကို ညီညွတ်ခြင်းနဲ့ချစ်ခြင်းတွေနဲ့ ထုံးဖွဲ့ရပါမယ်။”

ညီညွတ်ခြင်းဆိုတာ တူညီမှုမဟုတ်ပါဘူး။ “ညီညွတ်ခြင်းနဲ့မတူကွဲပြားမှုဆိုတာ ဆန့်ကျင်ဘက်တွေမဟုတ်ပါဘူး။ ကျွန်တော်တို့က မတူကွဲပြားမှုအပေါ်လေးစားပြီး အတူတကွပါဝင်တဲ့ ပတ်ဝန်းကျင်တစ်ခုကို အားပေးမြှင့်တင်နိုင်မယ်ဆိုရင် ပိုမိုကြီးမားတဲ့ ညီညွတ်ခြင်းကို စွမ်း‌ဆောင်နိုင်ပါတယ်။ “ညီညွတ်ခြင်းမှာ တူညီမှုတွေမလိုအပ်ပါဘူး၊ ဒါပေမယ့် သဟဇာတဖြစ်မှုကိုတော့ အမှန်လိုအပ်ပါတယ်။”

ညီညွတ်ခြင်းမှာ ခိုက်ရန်ဖြစ်ပွားခြင်းနဲ့ မလိုမုန်းထားခြင်းကို ဖယ်ရှားရန်လိုအပ်ပါတယ်။ “လူတိုင်းအတွက် နေရာရှိပါတယ်။ သို့သော်၊ မလိုမုန်းထားခြင်း၊ ပြစ်တင်ရှုံ့ချခြင်း၊ သို့မဟုတ် အငြင်းပွားခြင်းများအတွက် နေရာ ရှိပါဘူး။”