လစဉ် လူငယ်တို့အတွက်ခွန်အား အမှာစကား၊ ဒီဇင်ဘာ ၂၀၂၄
ဖွားမြင်ခြင်း
ဤရင်းနှီးနေသော ခရစ်စမတ်မြင်ကွင်းအားလေ့လာပြီး ၎င်းသည် ကယ်တင်ရှင်အား အာရုံစိုက်ရန် မည်ကဲ့သို့ကူညီကြောင်း လေ့လာပါ။
ဗက်လင်မြို့
ဗက်လင်မြို့ သည် ဟေဗြဲဘာသာစကားတွင် “မုန့်အိမ်” ဟုအဓိပ္ပါယ်ရသည်။ ၎င်းကို တစ်ခါတစ်ရံ ဒါဝိဒ်မြို့ဟု ခေါ်ဆိုသည်၊ ၎င်း၏အမျိုးအနွယ်မှ မေရှိယ ကြွလာမည်ဖြစ်ကြောင်း ပရောဖက်ပြုခဲ့ကြသည် (ယေရမိ ၂၃း၅၊ ရှင်ယောဟန် ၇း၄၂)။ ရှမွေလသည် ဗက်လင်မြို့တွင် ဒါဝိဒ်အား ဘုရင်အဖြစ် ဘိသိက်ပေးခဲ့သည် (ရှု ၁ ဓမ္မရာဇဝင် ၁၆း၁-၁၃)။ မေရှိယသည် ထိုနေရာတွင် ဖွားမြင်မည်ဖြစ်ကြောင်း ပရောဖက်ပြုခဲ့ကြသည် (ရှု မိက္ခာ ၅း၂)။
ဧည့်သည်တည်းရာဇရပ်
ဧည့်သည်တည်းရာဇရပ် အတွက် ဂရိစာလုံးသည် ဧည့်ခန်းအပါအဝင်၊ မည်သည့် ယာယီနေရာထိုင်ခင်းကိုမဆို ဆိုလိုသည်။ မာရိသည် “ဧည့်သည်တည်းရာဇရပ်၌ သူတို့နေစရာမရှိသောကြောင့်၊ သူငယ်ကို နွားစာခွက်၌ သိပ်ထားလေ၏ “(ရှင်လုကာ၂း၇)။ (ဂျိုးဇက်စမစ်၏ ဘာသာပြန်၌ “ဧည့်သည်တည်းရာဇရပ်များ” ဟုရေးသားထားသည်) “နေစရာမရှိခြင်း” ဆိုသည်မှာ ၎င်းတို့အားလက်မခံခြင်း သို့မဟုတ် ၎င်းတို့နေသည့်နေရာတွင် ကလေးမီးဖွားရန် နေရာမရှိခြင်းကို ဆိုလိုသည်။ မည်သို့ပင်ဖြစ်စေ၊ ၎င်းတို့သည် နွားစာခွက်ရှိသည့် နေရာတစ်ခုသို့ သွားခဲ့ကြသည်။
နွားစာခွက်
နွားစာခွက်သည် တိရစ္ဆာန်များအတွက် အစာထားသည့် လေးထောင့်စားခွက်အမြင့် သို့မဟုတ် အလျားလိုက်စားခွက်ရှည် ဖြစ်သည်။ ရှေးယုဒပြည်၌၊ ၎င်းတို့ကို အများအားဖြင့် ကျောက်တုံးဖြင့် ပြုလုပ်ကြသည်။ ဧည့်သည်တည်းရာဇရပ်များအလယ်တွင် နွားစာခွက်များနှင့်အတူ နွားတင်းကုပ်များရှိပြီး၊ အိမ်အများအပြားတွင်လည်း ကြီးမားသည့်ပင်မအခန်းတွင် တိရစ္ဆာန်များကို ညတွင်းထားရှိနိုင်ရန် နွားစာခွက်များရှိသည်။
အနှီးများ
မိခင်များသည် မွေးခါစကလေးငယ်များကို အနှီးများဖြင့် ထုပ်ပိုးထားခြင်း ( စောင် သို့မဟုတ် အဝတ်ဖြင့် ပတ်ထားခြင်း) သည် နှစ်ထောင်ပေါင်းများစွာကပင် ဖြစ်သည်။ ထိုအခြင်းအရာသည် သားအိမ်မှ ထွက်လာရသည့် ကလေးငယ်များ၏ ထိတ်လန့်မှုကို ငြိမ်သက်စေပြီး သက်သာစေသည်။ မာရိအသုံးပြုခဲ့သော အဝတ်စသည် မိသားစု၏ ထူးခြားသော သီးသန့်အမှတ်အသားတစ်ခု ရှိနိုင်လိမ့်မည်။
မာရိ နှင့် ယောသပ်
၎င်းတို့သည် ကောင်းမြတ်ပြီး ဖြောင့်မတ်သည့် လူမျိုးများဖြစ်ကာ နှစ်ဦးလုံးသည် ဒါဝိဒ်၏ ဆင်းသက်သူများဖြစ်ကြသည်။ ကယ်တင်ရှင်၏မွေးဖွားခြင်းအတွက် ပြင်ဆင်ရန် ကောင်းကင်တမန်တစ်ပါးမှ တစ်ဦးချင်းစီထံ လာရောက်လည်ပတ်ခြင်းကိုလည်းခံခဲ့ရသည် (ရှု ရှင်မဿဲ ၁း၁၈-၂၅၊ ရှင်လုကာ ၁း၂၆-၃၈ )။ ၎င်းတို့သည် ကီလိုမီတာ ၁၀၀-၁၄၀ ( မိုင် ၆၀-၉၀) ကွာဝေးသည့် ဗက်လင်မြို့သို့ ခရီးနှင်ခဲ့ကြသည်။ မာရိသည် လမ်းခရီး၌ ပဋိသန္ဓေစွဲခဲ့သည်။
သိုးထိန်းများ
သိုးထိန်းများသည် ဗက်လင်မြို့အနီးတွင် ၎င်းတို့၏သိုးအုပ်ကို ထိန်းကျောင်းနေခဲ့ကြသည်။ ပညာရှင်အချို့၏အဆိုအရ၊ ဗိမာန်တော်ယဇ်ပူဇော်ရန် ရည်ရွယ်ထားသော သိုးများကိုသာ မြို့အနီးတွင် မွေးမြူခွင့်ပြုထားသည်။ ထို့ကြောင့် ဤသိုးထိန်းများသည် ကျွန်ုပ်တို့အတွက် ယေရှုခရစ်၏ယဇ်အားကိုယ်စားပြုမည့် သိုးများကို ထိန်းကျောင်းနေပေမည် (ရှု မောရှေ ၅း၆–၇)။ တိရိစ္ဆာန်ယဇ်ကို ဖယ်ရှားမည့် အပြစ်ဖြေခြင်းယဇ်ဖြစ်သော၊ မေရှိယကို ကြည့်ရှုရန် ၎င်းတို့သည် ၎င်းတို့၏သိုးအုပ်များကို ထားခဲ့သည်။
သူငယ်တော်ယေရှု
ယေရှုခရစ်တော်သည် ဖွားမြင်ခြင်းဖြစ်စဉ်နှင့် ကျွန်ုပ်တို့၏အသက်တာများတွင် အဓိကပုဂ္ဂိုလ်ဖြစ်သည်။
© ၂၀၂၄ by Intellectual Reserve, Inc. All rights reserved. USA တွင်ပုံနှိပ်သည်။ အင်္ဂလိပ်စာခွင့်ပြုချက်၊ ၆/၁၉။ ဘာသာပြန် ခွင့်ပြုချက်၊ ၆/၁၉။ Monthly For the Strength of Youth Message, December 2024. ၏ဘာသာပြန်Burmese. 19346 256