၂၀၁၉
ကျွန်တော်ကတစုံတယောက် ပြောင်းလဲဖို့ကူညီပေးနိုင်လား
သြဂုတ်လ ၂၀၁၉


အမှုတော်တာ၀န်ထမ်းဆောင်ခြင်းမူဝါဒ သြဂုတ်လ ၂၀၁၉

ကျွန်တော်ကတစုံတယောက် ပြောင်းလဲဖို့ ကူညီပေးရမလား

ဟုတ်တယ်။ ဒါပေမဲ့သင့်ရဲ့အခန်းကဏ္ဍာကသင်ထင်ထားတာနဲ့ခြားနားနိင်တယ်။

ရုပ်ပုံ
ministering

ဟယ်ရီ အန်ဒါဆန်ဖောက်ပြန်သောအမျိုးသမီးလိုင်စင်ဖြင့် GoodSalt.com;အသက်ရေပုံ ဆိုင်မွန် ဒွေ၀ေး သူတို့ထက် ကျွန်ုပ်ကို ပိုချစ်သလော?ပုံ ဒေးဗစ် လင်ဆေး

ပြောင်းလဲနိင်ဖို့စွမ်းရည်နဲ့အတူကျွန်တော်တို့ကိုဖန်ဆင်းခဲ့သည်။ ကျွန်တော်တို့အသက်ရှင်ရခြင်းရည်ရွယ်ချက်ကအံ့ဖွယ်အလားအလာအလာတွေကြီးထွားရန်ဖြစ်သည်။ ကျွန်တော်တို့ ၏အဆုံးမရှိအမှုတော်ထမ်းဆောင်ခြင်းရည်ရွယ်ချက်သည်ခရစ်တော်ထံတွင်ခိုလှုံရန်နှင့်ကိုယ်တော်ပြန် လည်အတူနေထိုင်ရန်ကူညီခြင်းဖြစ်သည်။ ဒါပေမဲ့သူတို့ရွေးချယ်မူကြောင့်ဘုရားသခင်လိုဖြစ်လာရန်ကူညီခြင်းအခြေအနေကကန့်သတ်မူများဖြစ်လာသည်။

သူတစ်ပါးကို သူတို့ကိုယ်တိုင်ပြောင်းလဲဖို့ကူညီရန်နှင့်ကယ်တင်ရှင်လိုဖြစ်ရန်ခွန်အားဖြစ်စေသောသင်ခန်းစာ ၇ချက်ဖြစ်သည်။

  1. ပြောင်းလဲခြင်းအတွက်ဖိတ်ခေါ်ရန်မကြောက်ပါနဲ့

    ကယ်တင်ရှင်က အခြားသူတွေကိုနည်းလမ်းဟောင်းများကိုထုတ်ပယ်ပြီး ကိုယ်တော်၏သင်ကြားခြင်းများကို လက်ခံဖို့ဖိတ်ခေါ်ရန် မကြောက်ရွံ့ခဲ့ပါ။ သူက ပေတရု၊ယာကုတ်တို့အားသူတို့၏အလုပ်ကိုစွန့်ပစ်ရန် ပြီးတော့ “လူကိုဖမ်းသောတံငါဖြစ်ရန်” ဖိတ်ခေါ်ခဲ့သည်(မာကု ၁:၁၇) သူကဖောက်ပြန်သောအမူတွင်ပါသောမိန်းမကိုထွက်သွားရန်နောက်ထပ်အပြစ်ထပ်မလုပ်ရန်ဖိတ်ခေါ်ခဲ့သည် (ယောဟန် ၈:၁၁ သူကငယ်ရွယ်ပြီးချမ်းသာသောလူငယ်လေး၏ပိုင်ဆိုင်သောအရာများစွန့်လွတ်ပြီးသူ့နောက်လိုက်လျှောက်ရန်ဖိတ်ခေါ်ခဲ့သည် (ကြည့်ရန် မာကု ၁၀:၁၇–၂၂). ကျွန်တော်တို့ကလည်းသူတပါးကိုကိုယ်တော်ထံလိုက်ရန်ဖိတ်ခေါ်ခြင်းအားဖြင့် ရဲရင့်ခြင်း၊ချစ်ခြင်းတရားများကို ထပ်တူခံစားရသည်။

  2. သူတို့၏ရွေးချယ်မူဟာ ပြောင်းလဲခြင်းဖြစ်ကြောင်းသတိရပါ

    ကယ်တင်ရှင်ဖိတ်ခေါ်သောပြောင်းလဲခြင်းကမဖြစ်မနေလုပ်ရမယ်မဟုတ်၊ ကယ်တင်ရှင်က သင်ကြားခဲ့တယ် ဖိတ်ကြားခဲ့တယ်၊ဒါပေမဲ့ဖိအားမပေးခဲ့ဖူး၊ ငယ်ရွယ်ပြီးချမ်းသာသောလူငယ်လေးကဝမ်းနည်းကြေကွဲစွာဖြင့်ထွက်ခွာခဲ့သည်(ရင်မသဲ၉:၂၂)၊ ကပေရနောင်မြို့တွင် ကိုယ်တော်၏တပည့်များကပြန်သွားရန်ရွေးချယ်ခဲ့တယ် ပြီးတော့ သူကတမန်တော် ဆယ်နှစ်ယောက်ကိုထွက်ခွါရန် ပြောခဲ့သည်(ကြည့်ရန် ယောဟန် ၆:၆၆–၆၇)။ ဗတိဇံဆရာယောဟန်၏ အချို့သောနောက်လိုက်များသည် ကယ်တင်ရှင်နောက်လိုက်ရန်ရွေးချယ်ပြီး၊ အခြား တွေကတော့မရွေးချယ်ခဲ့ဖူး(ကြည့်ရန် ယောဟန် ၁:၃၅–၃၇; ၁၀:၄၀–၄၂)။ ကျွန်တော်တို့ကအခြားသူတွေကို ကိုယ်တော်လိုဖြစ်ရန်ဖိတ်ခေါ်နိင်ပေမဲ့ သူတို့၏ရွေးချယ်မူကိုတော့ကျွန်တော်တို့ မဆုံးဖြတ်နိင်ပါဘူး ပြီးတော့သူတို့ပြောင်းလဲဖို့မရွေးချယ်ရသေးဖူးဆိုရင် လက်မလျော့သင့်ဖူး-ကိုယ့်ကိုကိုယ်ကျရုံးတယ်လို့လည်း မခံစားသင့်ဖူး၊

  3. အခြားသူတွေကို ပြောင်းလဲနိင်ရန်ဆုတောင်းပါ

    ကိုယ်တော်၏ ဝေခွဲမရသော ဆုတောင်းချက်မှာ၊ ယေရှုက သူ၏တပည့်များသည် မကောင်းဆိုးဝါးများကိုကယ်တင်နိုင်မလား သူလိုဖြစ်လာနိုင်မလား အိုအဖ ဘုရားသခင်၏ ချစ်ခြင်းမေတာ ဖြင့်ပြည့်နေမလား​ ဟုဘုရားသခင်အားမေးခဲ့သည်(ရှာရန်ယောဟန် ၁၇ :၁၁,၂၁-၂၃. ၂၆) ပေတရုက သူ၏တာဝန်ပြီးမြောက်အောင်လုပ်ဖို့ခွန်အားလိုအပ်နေတာကိုသိသောအခါ ကယ်တင်ရှင်ကသူ့အတွက်ဆုတောင်းပေးခဲ့တယ်(ရှာရန် လုကာ ၂၂ ; ၃၂ ကျွန်ုပ်တို့၏ဆုတောင်းချက်များက အခြားသူများကိုပြောင်းလဲမှုဖြစ်နိုင်ပါတယ်ယာကုပ် ၅ ;၁၆

  4. သူတို့ကို ကိုယ်တော်၏အစွမ်းကိုအားကိုးဖို့သင်ပေးပါ

    ကျွန်ုပ်တို့ကအမှန်တကယ်ပြောင်းလဲဖို့နှင့် ဘုရားသခင်၏အံ့သြဖွယ်အလားလာဆီကိုကြီးထွားရန်ကယ်တင်ရှင်အားဖြင့်သာဖြစ်နိုင်တယ်။ ယေရူက၊“ငါသည် လမ်းခရီးဖြစ်၏၊သမာတရားလည်းဖြစ်၏၊ငါ့ဆီသို့မလာလျင်အဘယ်သူမျခမည်းတော်ထံသို့ မရောက်ရ” , ယောဟန်၁၄ ; ၆) “အားနည်းနေ သောအရာများကို သန်မာလာအောင်လုပ်ပေးနိုင်တာက” ကိုယ်တော်၏ အစွမ်းဖြစ်တယ် ဧသာ ၁၂;၂၇ ကိုယ်တော်၏ အပြစ်ဖြေခြင်းစွမ်းအားကို ယုံကြည်ခြင်းသည် အယ်မာအငယ်ကဲ့သို့ပြောင်းလဲဖို့ဖြစ်ခဲ့တယ် (ရှာရန် အယ်မာ၃၆;၁၆-၂၃ ကျွန်ုပ်တို့ကအခြားသူများကို ကယ်တင်ရှင် သို့ မှီခိုဖို့သင်ကြားပေးခြင်းသည် ကိုယ်တော်၏မွမ်းမံနိုင်စွမ်းကို သူတို့၏ဘ၀မာ ရရှိစေနိုင်တယ်။

  5. သူတို့ ကို ပြောင်းလဲလာနိုင်သလို ဆက်ဆံပါ

    အချစ်နှင့် လက်ခံခြင်းက ပြောင်းလဲမှု၏အားကောင်းတဲ့ ရွေးချယ်မူ ဖြစ်နိုင်ပါတယ်။ ရေတွင်းမှာရှိသောအမျိုးသမီးသည် သူမ၏ခင်ပွန်းမဟုတ်သောသူနှင့် အတူနေခဲ့ဖူးသည်။ ယေရှုခရစ်တော်၏တပည့်များသည် ကိုယ်တော်က “ထိုမိန်းကလေးနှင့် စကားပြောသည်ကိုအံ့သြကြ၏” ယောဟန် ၄;၂၇ ဒါပေမဲ့ ယေရှုက သူမဘာဖြစ်လာမလဲကိုပဲ ပိုပြီးဂရုစိုက်ခဲ့တယ်။ ကိုယ်တော်က သူမကိုသင်ပေးခဲ့ပြီး သူမလုပ်ခဲ့တာကိုပြောင်းလဲဖို့ အခွင့်ရေးပေးခဲ့တယ်။ (ရှာရန် ယောဟန် ၄;၄-၄၂.

    ကျွန်ုပ်တို့ကအခြားသူများကို သူတို့ဖြစ်လာခဲ့သလို မျိုး ဆက်ဆံတာထက် ဖြစ်နေတာကို တားဆီးနိုင်ပါတယ်။ ကျွန်ုပ်တို့က အတိတ်က အမှားများကို မေ့ပစ်ပြီး ခွင့်လွတ်နိုင်ပါတယ်။ ကျွန်ုပ်တို့ကအခြားသူများကို ပြောင်းလဲနိုင်တယ်လို့ ယုံကြည်နိုင်တယ်။ ကျွန်ုပ်တို့က သူတို့ကိုယ်တိုင် မမြင်နိုင်တဲ့ ကောင်းတဲ့အရာတွေကို ညွန်ပြပြီးအားနည်းချက်တွေကို ကျော်လွားကြည့်နိုင်ပါတယ်။ကျွန်ုပ်တို့ကအခြားသူများကို သူတို့ဖြစ်လာခဲ့သလိုမျိုး တစ်ယောက်ချင်းဆီကိုမြင်ဖို့တာ၀န်ရှိတယ်

  6. သူတို့၏ ကိုယ်ပိုင်အလျင်ဖြင့် သွားခွင့်ပေးပါ

    ပြောင်းလဲခြင်းက အချိန်ကြာနိုင်ပါတယ်။ ကျွန်ုပ်တို့က ပြည့်စုံခံရတဲ့အထိ သည်းခံမှုဆက်ရှိရမည်။သြ၀ါဒနင့်ပဋိညာဥ်များ ၆၇;၁၃ ယေရှုသည် အခြားသူများအပေါ် သည်းခံပြီးတော့ သူ့ကိုဆန့်ကျင်တဲ့သူများကိုဆက်သင်ကြားပေးခဲ့ပြီးတော့ အဖ ဘုရားသခင်ပေးအပ်ထားတဲ့သူ၏တာ၀န်ကို သက်သေခံပြီးတော့သူတို့၏ မေးခွန်းများကို အဖြေပေးခဲ့တယ်။(ရှာရန်ရင်မသာဲ၁၂;၁-၁၃ယောဟန် ၇;၂၈-၂၉ ကျွန်ုပ်တို့က အခြားသူများအပေါ် သည်းခံပြီးတော့ သူတို့ကိုယ်တိုင် သည်းခံမှုရှိဖို့ အားပေးနိုင်ပါတယ်။

  7. သူတို့၏လမ်းဟောင်းကို ပြန်ရောက်ခဲ့ရင် လက်မလျော့ပါနဲ့။

    ခရစ်တော်သေဆုံးပြီးနောက် ပေတရုနင့်သူ၏ အခြားတမန်တော်အချိူ့တောင် သူတို့ရင်းနီးခဲ့တဲ့ အရာဆီကို ပြန်သွားခဲ့တယ်(ရှာရန် ယောဟန်၂၁;၃ ခရစ်တော်ကပေတရုကို ကိုယ်တော်၏သိုးကို အစာကျွေးဖို့သတိပေးခဲ့တယ်(ရှာရန် ယောဟန်၂၁;၁၅-၁၇) ပြီးတော့ ပေတရု က အမူတော်ပြန်ထမ်းဆောင်ခဲ့တယ်။ လမ်းဟောင်းများကိုပြန်ဖို့ အလွန်လွယ်ကူနိုင်ပါတယ်။ ကျွန်ုပ်တို့က ကယ်တင်ရှင်နောက်သို့ဆက်လိုက်ရန်ဖိတ်ခေါ် ခြင်း၊နူးညံသော အားပေးခြင်းများကို ဆက်လက်ထောက်ခံပြီး ကိုယ်တော်လို ဖြစ်လာဖို့အားပေးနိုင်ပါတယ်။

အခြားသူများကိုကြီးထွားဖို့ခွင့်ပြုပါ။

တမာန်တော်၁၂ပါး အဖွဲ့၀င် အယ်ဒါ ဂျက်ဖရေး အာ ဟော်လန်က အခြားသူများကို ကြီးထွားဖို့ ခွင့်ပြု ခြင်းအကြောင်းပြောပြခဲ့တယ် “တစ်ခါတုန်းကလူငယ်တစ်ယောက်သူ၏ကျောင်းမှာနှစ်ပေါင်းများစွာအစခံခဲ့ရတာကိုကျွန်တော်ကိုပြောပြခဲ့တယ်” သူ့မှာ ဆိုးကျိုးအချို့ ရှိခဲ့ပြီးတော့ သူ့အဖော်တွေ အတွက် သူ့ကို စနောက်ဖို့ လွယ်ကူခဲ့တယ်။ သူ့ဘ၀ နောက်ပိုင်းမှာ ထွက်သွားခဲ့တယ်။ နောက်ပိုင်းမှာ သူကစစ်တပ်ထဲ၀င်ခဲ့ပြီးတော့ ပညာသင်ကြားခါ အတွေ့အကြုံကောင်းအချို့ ရခဲ့ပြီးသူ့ရဲ့ အတိတ်ဟောင်းကို မေ့ပစ်နိုင်ခဲ့တယ်။ နောက်ပိုင်းမှာ စစ်တပ်ထဲမှာအလုပ်များစွာလုပ်ခဲ့သောကြောင့်အသင်းတော်၏အလှတရားနဲ့မြင့်မြတ်ခြင်းကိုတွေ့ရှိခဲ့ပြီး တက်ကြွကာပျော်ရွှင်လာခဲ့တယ်။

ထို့အပြင် နောက်နှစ်ပေါင်းများစွာ ကြာပြီးနောက် သူ့မွေးရပ်ကို ပြန်ခဲ့တယ်။ သူ၏ အဖော်အများစုက မေ့ခဲ့ကြပေမဲ့ အကုန်လုံးတော့ မဟုတ်ဘူး။ သိရသလောက်တော့, သူဟာ အလွန်ကြိးမားသော အောင်မြင်မှုနှင့်အသစ်တဖန်ပြန်လာခဲ့သော်လည်း သူရဲ့ အရင်က အတိတ်ဟောင်းကဖြစ်ခဲ့တဲ့ စိတ်ကြီးကတော့ သူ့ပြန်အလာကို စောင့်နေခဲ့တယ်။ သူ၏မွေးရပ်မြေကသူတွေအတွက်ကတော့ သူဟာ အရင်က သူပါပဲ။

“တဖြေးဖြေး နောက်မှာ ရှိသော အရာတွေကို ကျန်ခဲ့ပြီးတော့ဘုရားသခင်က သူ့အရှေ့ကိုချပေးခဲ့သောဆုကိုကိုင်ဖို့ ထိုသူ၏ပေါလုလို လုံ့လပျောက်ကွယ်ပြီး လူငယ်ဘဝကလိုပဲ သေဆုံးခဲ့တယ် သူ၏ အနာဂတ်ထက် အတိတ်ကို ပိုပြီးစိတ်၀င်စားသူတို့ ၏ ပြန်လည် ၀န်းရံခံရခြင်းကအလွန်ပင် ဝမ်း နည်းဖို့ကောင်းလှသည်။ သူတို့သည် ခရစ်တော် က သူ့ကိုနားလည်လို့ သူ၏သဘောပေါက်ခြင်းကို ဖယ်ရှားဖို့ စီစဥ်ခဲ့ကြသည်။ ပြီးတော့ သူဟာ အမှားအနည်းငယ်ရှိသော်လည်းပဲ ၀မ်းနည်းစွာဖြင့် သေဆုံးခဲ့တယ်။

အခြားသူများကို နောင်တရခွင့်ပေးပါ အခြားသူများကို ကြီးထွားခွင့်ပေးပါ။ လူတွေကပြောင်းလဲပြီးတိုးတက်နိုင်တယ်လို့ ယုံကြည်ပါ။

မှတ်စုများ

  1. သောမတ်စ် ဆက်စ် မွန်ဆန်,“အခြားသူများကိုဖြစ်လာဖို့မြင်ပါ” လီယာဟိုနာနို၀င်ဘာ၂၀၁၂၊၇၀။

  2. ဂျက်ဖရေး−အာ.ဟော်လန်, “အကောင်းဆုံးကဖြစ်လာတော့မယ်”လီယာဟိုနာဇန်နဝါရီလ.၂၀၁၀,၁၉ ,၂၀.

ပုံနှိပ်သည်