၂၀၁၉
သင်ကအမှုတော်ထမ်းဆောင်ခြင်းအတွက်အရေးပါသောအပိုင်းတွင် ပျောက်ဆုံးနေပါသလား။
အောက်တိုဘာ ၂၀၁၉


အမှုတော်တာ၀န်ထမ်းဆောင်ခြင်းမူဝါဒ သြဂုတ်လ ၂၀၁၉

သင်ကထို့အရေးကြီးသောအမှုတော်ထမ်းဆောင်ခြင်း အပိုင်းပျောက်ဆုံးနေပါသလား။

အမှုတော်ထမ်းဆောင်ခြင်းမှာ “ဝမ်းမြောက်သောသူတို့နှင့်အတူ၊ဝမ်းမြောက်ခြင်းကို၄င်း၊ငိုကြွေးသောသူတို့ နှင့်အတူငိုကြွေးခြင်းကို၄င်းပြုခြင်း”ဖြစ်သည် (ရောမသြဝါ ဒစာ၁၂-၁၅)

ရုပ်ပုံ
ministering

သြဂတ်စ ဇန်ဘိုနတို အားဖြင့်သရုပ်ဖော်ပုံများ

ကျွန်တော်တို့အမှုတော်ထမ်းဆောင်ခြင်းအကြာင်းစဥ်းစားသောအခါ၊တကယ်လိုအပ်နေသူများအားကူညီဖို့လွယ်ကူ စွာစဥ်းစားနိုင်သည်။ မုဆိုးမများကိုကိုယ့်ကိုယ်ကိုရပ်တည်နိုင်ရန်၊ဖျားနာသောသူများ အတွက်ညစာများပြင်ဆင်ပေးရန်၊အခက်ခဲများကြားရုန်း ကန်နေသောသူများအားပေးကမ်းရန်ကျွန်တော်တို့ပြောဆို ခဲ့သည်။ ပေါလု၏ဆုံးမစကားကိုသတိရပါ“ငိုကြွေးသောသူတို့နှင့်အတူငိုကြွေးခြင်းကို၄င်းပြုကြလော့”ဒါပေမဲ့ ကျွန်တော်တို့ကျမ်းပိုဒ်၏ပထမအပိုင်းကိုအလုံအလောက်အာရုံစိုက်ဖြစ်သလား-“ဝမ်းမြောက်သောသူတို့နှင့် အတူ၊ဝမ်းမြောက်ခြင်းကို၄င်း”? (ရောမသြဝါဒစာ၁၂-၁၅)။ ကျွန်တော်တို့အမှုတော်ထမ်းဆောင်ဝမ်းမြောက်ခြင်းသည်-သူတို့ရဲ့အောင်မြင်များဂုဏ်ပြုခြင်း သို့မဟုတ် ခက်ခဲသောအချိန်တွင်ပျော်ရွှင်ခြင်းကိုကူညီရှာပေးခြင်း-ကယ်တင်ရှင်ကဲ့သို့အရေးပါသောအမှုတော်ဆောင်ခြင်း အစိတ်အပိုင်းဖြစ်သည်။

ကျွန်တော်တို့ဘဝ အသက်တာ၌ ကောင်းမွန်သောဘုရားသခင်ကိုသာ အာရုံစိုက်လျှင်ထို့အကြံအဥာဏ် သုံးခုဟာကူညီနိုင်သည် (နှင့်ရှောင်ရန်တစ်ခု)။

သတိရှိပါ။

ဘွန်နီ-အိပ်.ကော်ဒန်,အမျိုးသမီးငယ်များ၏ဥက္ကဌ,ကျွန်တော်တို့ဘာလုပ်ရမည်ဆိုတာနားလည်ရန်ကူညီကြည့်ပါအမှုတော်ဆောင်ရာတွင်-သူတို့၏ဝန်နှင့်ရုန်းကန်မှုများကိုကြည့်နေရုံသာမကထို့သူတို့၏အင်အား၊ အရည်အချင်းနှင့်အောင်မြင်ခြင်းလည်းကြည့်ပါ။ “သူတို့၏အခြေအနေကိုသတိပြုမိသည်နှင့်သူတို့၏မျော်လင့်ချက်များနှင့်မျော်မှန်းချက်များကိုထောက်ပံ့ပေးရန် -ကျွန်တော်တို့ကကိုယ့်ကိုကိုယ်ယုံကြည်မှုရှိနေသူများဖြစ်ရမည်” လို့သူမပြောခဲ့သည်။

ဆိတ်နှင့်သိုးတို့ကိုပုံဥပမာထားပြီး၊ကယ်တင်ရှင်က လကျာ်တော်ဘက်၌ရှိသောသူတို့အားမေးသည် မှာ“ကိုယ်တော်သည်မွတ်သိပ်တော်မူသည်အဘယ်အခါ၌ကျွန်ုပ်တို့သည်မြင်ကာကိုယ်တော်ကိုလုပ်ကျွေးပါသနည်း။ ရေငတ်တော်မူသည်အဘယ်အခါ၌ကိုယ်တော်ကိုသောက်ဘို့ပေးပါသနည်း။

“ဧည့်သည်ဖြစ်သည်ကိုအဘယ်အခါ၌ကျွန်ုပ်တို့သည်မြင်ကာဧည့်သည်ဝတ်ကိုကိုယ်တော်အားပြုပါသနည်း။” (ရှင်မသဲ ၂၅:၃၇-၃၈ ).

“ညီအစ်ကို၊ညီအစ်မများခင်ဗျာ,အဓိကစကားလုံးဖြစ်သည်ကိုကြည့်ရန်,” စစ်စတာကော်ဒန်က ပြောခဲ့သည်။ “သူတို့ကိုစောင့်ကြည့်ခြင်းနှင့်သတိပြုမိသောကြောင့်ဖြောင့်မတ်ခြင်းလိုအပ်နေသူများကိုမြင်ခဲ့သည်။ အိမ်မက်ထဲတောင်မှကျွန်တော်တို့ကလည်းကူညီပေးရန်နှင့်နှစ်သိမ့်ဖို့ရန်,အောင်ပွဲခံရန်တို့ကိုအမြဲစောင့်ကြည့်သင့်သည်။”

၂.အောင်ပွဲခံရန်အကြောင်းအရင်းရှာပါ

ကြီးမားသောအောင်မြင်မှုသို့မဟုတ်သေးငယ်သောအောင်မြင်မှုများအားအောင်ပွဲခံပါ။ အလုပ်သစ်ရှာခြင်းသို့မဟုတ်ပျောက်ဆုံးသောဖိနပ်ကို ရှာခြင်း၊ချစ်ရသူတဦးဦးကိုဆုံးရုံးပြီးတစ်လအကြာ သို့မဟုတ် သကြားဓာတ်မရှိပဲအသက်ရှင်နေသူ ဒါဟာကင်ဆာကတဆင့်သို့မဟုတ်လူတစ်ဦးဦးမှတဆင့် ဖြစ်နိုင်သည်။

ဖုန်းဆက်ဂုဏ်ပြုစကားပြောပါ၊ဂုဏ်ပြုစာစောင်ရေးပါ၊နေ့လည်စာထွက်စားပါ။ ကျွန်တော်တို့၏ကောင်းချီးမဂ်လာများမျှဝေခြင်းအားဖြင့်၊အသက်တာ၌ကျေးဇူးတော်ဖြင့်နေထိုင်ခြင်း၊ အခြားသူများ၏အောင်မြင်မှုများ ကောင်းချီးများအားအတူပျော်ရွှင်ကျင်းပခြင်း၊ “ငါတို့ညီအစ်ကိုများ၏ဝမ်း မြောက်ခြင်း၌ငါတို့ရွင်လန်းဝမ်းမြောက်ခြင်းငှာ”(အယ်လမာ ၃၀-၃၄).

၃.ဘုရားသခင်၏လက်တော်ကိုကြည့်ပါ။

တစ်ခါတရံဝမ်းမြောက်ခြင်းဆိုသည်မှာအခြားသူများအားဝမ်းမြောက်ရန်ကူညီပေးခြင်းလည်းဖြစ်သည်-ဘယ်လို အခက်အခဲများဖြစ်စေ၊ကျွန်တော်တို့အသက်တာထဲ၌ပျော်မွေ့ပါ။ ကောင်းကင်ဘုံရှင်အဖကကျွန်တော်တို့ကိုသတိပြုမိခြင်းသည်ရိုးရှင်းသောအမှန်တရားဖြစ်သည်နှင့်ကျွန်တော်တို့မ​မျှော်လင့်သောပျော်ရွှင်ခြင်းများ ပေးရန်အဆင်သင့်ဖြစ်သည်။။

သင်၏အသက်တာသည်ဘုရားသခင်၏လက်တော်တွင်ရှိကြောင်းအခြားသူများကိုဝေငှခြင်းဖြင့်သူတို့ရဲ့အသက်တာ၌လည်းဘုရားသခင်၏လက်တော်တွင်ရှိကြောင်းသိစေရန်ကူညီနိုင်သည်။ သင်၏စိန်ခေါ်မှုတွေကိုကောင်းကင်ဘုံရှင်အဘကဘယ်လိုကူညီခဲ့သလဲဆိုတာဝေငှ ရန်ဖြစ်သည်။ ထို့သက်သေခံချက်သည်အခြားသူများအားအမှတ်ရစေရန်နှင့်ကိုယ်တော်ကဘယ်လိုသူတို့ကိုကူညီခဲ့သလဲ ဆိုတာအသိအမှတ်ပြုရန်ဖြစ်သည်။(ကြည့်ပါမောဇိယကျမ်း ၂၄-၁၄).

၄.သင့်ရဲ့ပျော်ရွှင်ခြင်းကိုကန့်သတ်မထားပါ့နဲ့

ကံမကောင်းစွာဖြင့်၊ဘဝအခြေအနေသို့မဟုတ်ကျွန်တော်တို့ခံစားချက်တွေမလုံခြုံခြင်းတို့ခံစားရသောအခါ တစ်ခါတစ်ရံအခြားသူများနှင့်အတူဝမ်းမြောက်ပျော်ရွှင်ဖို့ကျွန်တော်တို့၏ကိုယ်ပိုင်စွမ်းရည်ကို ကန့်သတ်ထားသည်။ အခြားသူရဲ့ပျော်ရွှင်မှုဝမ်းမြောက်ခြင်းကိုရှာဖွေနေခြင်းအစား၊ကျွန်တော်တို့နှိုင်းယှဥ်ခြင်း၏ထောင်ချောက်သို့ ကျနိုင်သည်။ ထို့နောက်တမန်တော်တစ်ဆယ့်နှစ်ပါး အဖွဲ့ဝင်အယ်ဒါ ကွင်းတင် အယ်.ကွတ်မှ ပြောခဲ့သည်-“ကောင်းကြီးမဂ်လာများနှိုင်းယှဥ်ခြင်းသည်ဝမ်းမြောက်ခြင်းစိတ်ကိုပယ်ဖျောက်နိုင်သည်။ ကျွန်တော်တို့တစ်ပြိုင်တည်းကျေးဇူးတော်ချီးမွမ်းခြင်း၊ငြူစူခြင်းမလုပ်ဆောင်နိုင်ပါ။”

“လူတိုင်းနီးပါး၏စိတ်သဘောတရားများကိုဘယ်လိုကျော်လွားနိုင်ပါသလဲ။?”တမန်တော်တစ်ဆယ့်နှစ်ပါး အဖွဲ့ဝင်အယ်ဒါ ဂျက်ဖရီ-အာ.ဟော်လန်က မေးခဲ့သည်“…ကျွန်တော်တို့၏ကောင်းကြီးမဂ်လာများအားရေ တွက်နိုင်သည်ပြီးတော့အခြားသူများ၏အောင်မြင်မှုများကိုချီးကျူးနိုင်သည်။ အကောင်းဆုံးအရာသည်,အခြားသူများအားအစေခံခြင်း၊သတ်မှတ်ထားသောနှလုံး အတွက်လေ့ကျင့်ခန်း များလုပ်နိုင်သည်။” နှိုင်းယှဥ်နေမည့်အစားကျွန်တော်တို့အမှုတော်ထမ်းဆောင်နေသူများအတွက်ချီးမွမ်းနိုင်သည်။ သင်အခြားသူများအပေါ်သို့မဟုတ်မိသားစုဝင်များအပေါ် ဘာတွေတန်ဖိုးထားဝမ်းမြောက်မိသလဲဆိုတာ လွတ်လပ်စွာဝေငှပါ။

ပေါလုသတိပေးသကဲ့သို့၊ကျွန်တော်တို့သည်ခရစ်တော်၏ ကိုယ်ဖြစ်ကြ၏“အဂ်ါတစ်ခုသည်ချီးမြောက် ခြင်းကို ခံရလျင်၊အဂ်ါအပေါင်းတို့ သည်အတူဝမ်းမြောက်ကြရ၏”(၁-ကောရိန္တုသြဝါဒစာ ၁၂:၂၆). ကောင်းကင်ဘုံရှင်အဖ၏အကူအညီဖြင့်အခြားသူများ၏အတွေ့အကြုံကိုလည်းသတိထားနိုင်သည်ကြီးမားသောအောင်မြင်မူ၊သေးငယ်သေအောင်မြင်မူများကိုအောင်ပွဲခံခြင်း၊ဘုရားသခင်၏လက်တော်၌ ရှိကြောင်းသတိရရန်ကူညီခြင်းနှင့် မနာလိုမူများမဖြစ်စေရန်ထို့မှသာစစ်မှန်သောကောင်းချီးများ၊အရည်အချင်းများနှင့် အခြားသူများ၏ပျော်ရွှင်ခြင်းများအားအတူခံစားနိုင်မည်။

မှတ်စုများ

  1. ဘွန်နီ အိပ်.ကော်ဒန်,“သိုးထိန်းကောင်းတစ်ဦးဖြစ်လာရန်,”လီဟာဟိုနာ,နိုဝင်ဘာ.၂၀၁၈,၇၆.

  2. ဘွန်နီ H-ကော်ဒန်, “သိုးထိန်းတစ်ဦးဖြစ်လာရန်,”၇၅.

  3. ကွင်းတင်- အယ်.ကွတ်၊ “ဝမ်းမြောက်ခြင်း” အယ်ဇိုင်း,နိုဝင်ဘာ.၁၉၉၆,၃၀။

  4. ဂျက်ဖရီ အာ.ဟော်လန်, “အခြားဖန်တီးခြင်း,”လီရာဟိုနာ မေ၂၀၀၂.၆၄။

ပုံနှိပ်သည်