၂၀၁၉
မည်သည့်ခရစ်စမက် ပုံပြင်က ကျွန်ုပ်တို့အား အမှုတော်ထမ်းဆောင်ခြင်းအကြောင်းသင်ကြားပေးပါသလဲ။
ဒီဇင်ဘာ ၂၀၁၉


အမှုတော်တာ၀န်ထမ်းဆောင်ခြင်းမူဝါဒ၊ ဒီဇင်ဘာ ၂၀၁၉

မည်သည့်ခရစ်စမက် ပုံပြင်က ကျွန်ုပ်တို့အား အမှုတော်ထမ်းဆောင်ခြင်းအကြောင်းသင်ကြားပေးပါသလဲ။

ဤရာသီအချိန်သည် နှစ်တစ်နှစ်၏ နှစ်လိုဖွယ်ကောင်းသော ကာလဖြစ်ပါတယ်။ တေးကာရန်ကိုသီဆိုပါ၊ခရစ်စမက်မကြာခင်ရောက်လာတော့မည်၊၊ ယေရှုခရစ်တော်၏ဖွားမြင်တော်မှုခြင်း၏ဖြစ်ရပ်မှန်ပုံပြင်အားပြောပြပါ၊ ကလေးသူငယ်တစ်ဦးအဖြစ် ဤလောကထဲသို့သူရောက်ရှိလာခဲ့သည်။ (ခရစ်တော်ဖွားမြင်ခန်းသီချင်း၊ ကလေးသူငယ်များသီချင်းစာအုပ်)

ရုပ်ပုံ
ministering

အသေးစိတ်ဘုရားသခင်၏သိုးသငယ်ကိုကြည့်ရူခြင်းဝေါ်တာ ရိမ်း အားဖြင့်

ခရစ်စမက်အခါသာမယသည် သိုး၊သိုးထိန်းများ၊နွားစားခွက်များ နှင့် ကြယ်များ ရုတ်ချည်းဆိုသလို အဓိပ္ပါယ်အသစ်ဖြစ်လာသောကောင်းမွန်သောအချိန်ဖြစ်သည်။ ထိုအရာတို့သည် လူသားတို့သမိုင်းမှအရေးကြီးလှသော ဖြစ်ရပ်တစ်ခုဖြစ်သည့် ယေရှုခရစ်တော်၏ဖွားမြင်တော်မှုခြင်းအကြောင်းကိုပြန်ပြောရာတွင် အဓိကပါဝင်သည့်အရာများဖြစ်လာသည်။ များစွာသောမိသားစုတို့သည် သူတို့၏နေအိမ်၌ ခရစ်တော်ဖွားမြင်တော်မှုခြင်း အကြောင်းအားဖွင့်ကြပါသည်။ တချို့သောသူများက သူ၏မွေးဖွားခြင်းအကြောင်းကိုဖတ်ကြခြင်း သို့မဟုတ် လှည့်လည်ပြသခြင်းတို့ကိုလည်းလုပ်ကြပါတယ်။ ခရစ်တော်၏ပုံပြင်များအားလုံးကဲ့သို့ပင်၊ သူ၏ဖွားမြင်ခြင်းပုံပြင်သည်လည်း အမှုတော်ဆောင်ခြင်း သို့မဟုတ် သူ၏အလင်းအားကမ္ဘာမြေအား ဝေငှခြင်းအကြောင်း ကိုသင်ယူနိုင်သည့်သင်ခန်းစာများနှင့်ပြည့်နှက်နေပါသည်။ “ခရစ်စမက်ပုံပြင်သည် ချစ်ခြင်းပုံပြင်ဖြစ်သည်” ပထမဥက္ကဌအဖွဲ့ မှ ဒုတိယအတိုင်ပင်ခံ ဥက္ကဌဟင်နရီ ဘီ အိုင်းရင်း ကပြောခဲ့ပါသည်။

“ခရစ်တော်၏ဖွားမြင်ခြင်းပုံပြင်များထဲမှ သူဘယ်သူဖြစ်ခဲ့သည်၊ သူဘယ်သူဖြစ်လဲဆိုတာ ကျွန်တော်တို့မြင်နိုင် ခံစားနိုင်ပါသည်။ ထိုအရာက ကျွန်တော်တို့တစ်လျှောက်လုံးသယ်ပိုးရသည့် ဝန်ကိုပေါ့စေပါတယ်။ ကျွန်တော်တို့ကိုယ့်ကိုကိုယ်မေ့ပြီး တခြားသူတွေရဲ့ သယ်ပိုးနေရသောဝန်ကို ပေါ့စေရန် ဦးဆောင်ပေးပါတယ်။”

“ဧည့်သည်တည်းရာစရပ်၌သူတို့အတွက်နေစရာမရှိ”ရှင်လုကာ ၂;၇

ဧည့်သည်တည်းစရာစီစဥ်သူသည် ကယ်တင်ရှင်အတွက်နေရာမပေးနိုင်ခဲ့ပါ။ သို့သော်လည်း ကျွန်တော်တို့ ထိုအမှားမျိုးပြုလုပ်ရန်မလိုအပ်ပါ၊၊ ကျွန်တော်တို့ရဲ့ ညီအကိုမောင်နှမများအတွက် စားပွဲခုံ၊ အိမ်မှာ နှင့် ကျွန်တော်တို့ရဲ့ မိသားစုဓလေ့တွေမှာ နေရာတစ်ခုပေးခြင်းအားဖြင့် ကယ်တင်ရှင်ကိုကျွန်တော်တို့နှလုံးသားထဲမှာနေရာပေးနိုင်ပါတယ်။ တခြားသူများအား ပါဝင်စေခြင်းဖြင့် များစွာသောမိသားစုဓလေ့တွေက ပို၍ကောင်းမွန်ပြီး အမှတ်တရရှိနိုင်ပါတယ်။ ဒိုင်ယာနာ နှင့် သူမရဲ့ မိသားစုက ခရစ်စမက်တွင် သူတို့နှင့်အတူရှိရန် တစ်ယောက်ယောက်ကို ဖိတ်ခေါ်သော အလေ့အထရှိပါတယ်။ ဒီဇင်ဘာလတိုင်း၊ ဘယ်သူ့ကိုဖိတ်ခေါ်မလဲဆိုတာ တိုင်ပင်ပြီး ဆုံးဖြတ်ချက်ချကြပါတယ်။ သင်ရဲ့မိသားစုလည်းထိုကဲ့သို့သော အလေ့အထမျိုးကိုစတင်နိုင်ပါတယ်။ သင်အမှုတော်ဆောင်ပေးနေသောသူတစ်ဦးဦးက သင်မိသားစုနှင့်အတူ ခရစ်စမက်သီချင်းများဆိုရန် ပါဝင်ကောင်းပါဝင်ချင်ပါလိမ့်မယ်။ ထိုအရပ်ဒေသတွင် မိသားစုမရှိသူတစ်ဦးအား သင်တို့ ခရစ်စမက်ညစာအတွက် နေရာပေးနိုင်ပါတယ်။

ကယ်တင်ရှင်အား သူ၏ဥပမာ ကိုလိုက်နာခြင်းထက်သာ၍ကောင်းသော ကျင်းပခြင်းကဘာဖြစ်မလဲ။ သူရဲ့ ဖိတ်ခေါ်ခြင်းကိုသတိရပါ “ခပ်သိမ်းသောသူတို့ကိုသူ့ထံသို့လာ၍သူ၏ကောင်းမြတ်ခြင်းကို ခံယူကြဖို့ဖိတ်ခေါ်တော်မှု၏။ သူ့ထံသို့လာသည့် မည်းသောသူနှင့် ဖြူသောသူ၊ ကျွန်နှင့်လူလွတ်၊ ယောကျ်ားနှင့် မိန်းမအဘယ်သူကိုမျှမငြင်း၊ သူသည်သာသနာပ လူတို့ကိုလည်းအောက်မေ့တော်မှု၏ ယုဒလူမျိုးနှင့်တပါးအမျိုးသား နှစ်မျိုးစလုံး နှင့် ခပ်သိမ်းသော သူတို့သည်ဘုရားသခင်အဖို့အတူတူပင်ဖြစ်၏” (၂နီဖိုင်၂၆:၃၃) နေရာပေးခြင်းနှင့် ထည့်သွင်းပါဝင်စေခြင်း

“ထိုပြည်မှာသိုးထိန်းတို့သည် ညဥ့်အခါတောအရပ်၌တည်းခိုလျှက်၊ မိမိသိုးစုကိုစောင့်နေကြသည်” (ရှင်လုကာ ၂:၈)။

ငယ်ရွယ်သောကယ်တင်ရှင်အားနူတ်ဆက်ရန်ရှိနေသောသူများမှထိုသိုးထိန်းများကပထမဆုံးသောသူများဖြစ်သည့်ပုံပေါ်ပါတယ်။ ရှေးယခင်ကပရောဖက်တွေကယေရှုခရစ်တော်အား “ဣသရေလ၏သိုးထိန်း”(ဆာလံ၈၀:၁) နှင့် “မြေကြီးတစ်ခုလုံး၏သိုးထိန်း” (၁နီဖိုင်း ၁၃:၄၁)ဟုရည်ညွှန်းခဲ့ပါသည်။ ခရစ်တော်ကိုယ်တိုင်ကလည်း“ငါသည်ကောင်းသောသိုးထိန်းဖြစ်၏။ ငါ၏သိုးတို့ကိုငါသိ၏” (ရှင်ယောဟန်၁၀:၁၄)။ ကျွန်တော်တို့ ရဲ့သိုးတွေကိုသိပြီးစောင့်ကြည့်ကာကွယ်ခြင်းက ကယ်တင်ရှင်လုပ်သကဲ့သို့ သိုးထိန်းခြင်းသို့မဟုတ် အမှုတော်ဆောင်ခြင်းရဲ့ အဓိကအပိုင်းဖြစ်ပါတယ်။

မှိတ်တုတ်မှိတ်တုတ်အလင်းများ၊ခန်းနားလှသည့်ပြင်ဆင်မှုများနှင့် ခရစ်စမက်အချိန်ကာလတွင် ကြည့်ရှုစရာများများပြားလှပါသည်။ သို့သော်ရာသီတစ်ခု၏အလှဆုံးသောအရာက ကျွန်တော်တို့အမှုတော်ဆောင်နေသူများအားအာရုံစိုက်ဖို့သတိရသောအခါ နှင့် ကျွန်တော်တို့ရဲ့ကိုယ်ပိုင် သိုးစုကို ထိန်းသိမ်းစောင့်ရှောက်ပေးနိုင်ပါတယ်။ စောင့်ရှောက်တယ်ဆိုတာတစ်စုံတစ်ယောက်ရဲ့ အကြိုက်ဆုံးမုန့်တစ်ခုကို မှတ်ထားခြင်း သို့မဟုတ် တစ်စုံတစ်ယောက်အား သူရဲ့ အားလပ်ရက်အစီအစဥ်အကြောင်းမေးတာဖြစ်နိုင်ပါတယ်။ သိသာတဲ့အချိန်ရော မသိသာတဲ့ အချိန်နှစ်မျိုးလုံး၌ တခြားသူများ၏လိုအပ်ချက်များကိုမြင်တွေ့သောအခါ ကျွန်တော်တို့စောင့်ရှောက်ကြပါတယ်။

ရှယ်ရယ် သူရဲ့ အမျိုးသား မစ်ခ် ကိုရုတ်တရက် ဆုံးရှုံးလိုက်ရတယ့်အခါမှာ သူမ ယူကျုံးမရဖြစ်ခဲ့ပါတယ်။ မစ်ခ်မပါသော သူမရဲ့ပထမ ခရစ်စမက်ကနီးလာခဲ့ပြီး အထီးကျန်ဆန်မှုတွေလည်းတိုးလာခဲ့ပါတယ်။ ကံကောင်းစွာနှင့်ပင်သူမရဲ့ အမှုတော်ဆောင်တာဝန်ရှိသူညီအမ ရှိုးန ကရှိနေခဲ့ပါတယ်။ ရှိုးနနဲ့ သူရဲ့ အမျိုးသား ဂျင်က ရှယ်ရယ်ကို အားလပ်ရက်အပြင်သွားဖို့တွေအတွက်ဖိတ်ခဲ့ပါတယ်။ သူတို့က ရှယ်ရယ် ရဲ့ ဟောင်းနေတဲ့ ကုတ်ကိုသတိထားမိပြီး တစ်ခုခုလုပ်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ခရစ်စမက်မတိုင်ခင်ရက်အနည်းငယ်မှာ ရှိုးန နှင့် ဂျင်က သူ့ကိုလှတဲ့ ကုတ် တစ်ထည် ခရစ်စမက်လက်ဆောင်ပေးခဲ့ပါတယ်။ သူတို့က ရှယ်ရယ် ရဲ့ရုပ်ပိုင်းဆိုင်ရာလိုအပ်တဲ့ အနွေးကုတ် တစ်ထည် ကိုသာမက သူမရဲ့စိတ်ပိုင်းဆိုင်ရာလိုအပ်ချက်ဖြစ်တဲ့ နှစ်သိမ့်မှုနှင့် အဖော်လိုအပ်မှုကိုလည်းသတိထားမိပါတယ်။ သူတို့ကလိုအပ်မှုရှိနေသူများကိုသူတို့အတတ်နိုင်ဆုံးတာဝန်ယူခဲ့ပြီး ကျွန်တော်တို့လည်း ကျွန်တော်တို့ရဲ့အသင်းအဖွဲ့ ကိုမည်သို့ စောင့်ရှောက်နိုင်သည်ကို လှပသောဥပမာတစ်ခုပြခဲ့ပါတယ်။

“ငါတို့သည် ဗက်လင်မြို့သို့သွားကြကုန်အံ့ဟု၊ သိုးထိန်းတို့အချင်းချင်းပြောဆိုကြ၏” (ရှင်လုကာ ၂:၁၅)။

“ငါတို့သည် ဗက်လင်မြို့သို့သွားကြကုန်အံ့” ဆိုသည်မှာအလွန်တက်ကြွသောဖိတ်ခေါ်ခြင်းဖြစ်သည်။ ခရီးကြမ်းထွက်ရန်အတွက်သူတို့၏မိတ်ဆွေများ အလွန်ပင်ပန်းနေကြလိမ့်မည်ဟု သိုးထိန်းများမယူဆခဲ့ကြပါဘူး။ ဗက်လင်ဟန်မြို့သို့ သူတို့ပဲတိတ်ဆိတ်စွာမထွက်သွားခဲ့ကြပါဘူး။ တစ်ယောက်နဲ့ တစ်ယောက်ပျော်ရွှင်စွာဖြင့် “ငါတို့သည် ဗက်လင်မြို့သို့သွားကြကုန်အံ့” ဟုပြောကြပါတယ်။

ကျွန်တော်တို့ရဲ့မိတ်ဆွေများကို ငယ်ရွယ်သောကယ်တင်ရှင်အားလာရောက်ကြည့်ရှုရန်မဖိတ်ခေါ်နိုင်သော်လည်း သူတို့အားခရစ်စမက်ဝိညာဥ်တော်(သို့မဟုတ် ခရစ်တော်၏ဝိညာဥ်တော်)အား ကျွန်တော်တို့နှင့်အတူ အမှုတော်ဆောင်ခြင်းအားဖြင့် ခံစားနိုင်ရန် ဖိတ်ခေါ်နိုင်ပါတယ်။ “ခရစ်စမက်ရဲ့ဝိညာဥ်တော်ကိုတိုးပွားစေနိုင်တဲ့နည်းလမ်းကတော့ ကျွန်တော်တို့အနားမှာရှိတဲ့သူတွေကိုဆက်သွယ်ပြီးအစေခံခြင်းပဲဖြစ်ပါတယ်”ဟုလူငယ်အမျိူးသမီးဥက္ကဠ ဘွန်နီ အယ်လ် အောစကာဆင်ကပြောခဲ့ပါတယ်။ သင်ကဖယောင်းတိုင်တစ်တိုင်ကိုကိုင်ထားတယ်လို့စိတ်ကူးပါ။ တခြားသူတွေကသင်ရဲ့ဖယောင်းတိုင်လာတဲ့အလင်းကြောင့်အကျိုးရရှိပြီးသေချာစွာမြင်နိုင်ပါတယ်။ သို့သော်လည်းသင်က သင်ရဲ့ဖယောင်းတိုင်က အလင်းရောင်ကိုအသုံးပြုပြီး သူတို့ရဲ့ဖယောင်းတိုင်ကိုမီးငြှိပေးပြီး အလင်းအားသူတို့ကိုယ်တိုင်ကိုင်ခွင့်ပြုပါက သူတို့ခံစားရမယ့်နွေးထွေးမှုကိုစဥ်းစားကြည့်ပါ။

ခရစ်တော်ကိုယ်တိုင်ကလည်းသူအားလိုက်လျှောက်သူများအား အသက်၏အလင်းရရှိမည်ဟုသင်ကြားခဲ့ပါတယ် ရှင်ဟောဟန်ခရစ်ဝင် ၈:၁၂။ အစေခံခြင်းသည်သူ့အားလိုက်လျှောက်နိုင်သောနည်းလမ်းတစ်ခုဖြစ်ပြီးထိုအလင်းအားရရှိနိုင်ပါတယ်။ ထို့ကြောင့် တခြားသူများအားသင်နဲ့အတူအစေခံရန်ဖိတ်ခေါ်ခြင်းအားဖြင့် အလင်းကိုဝေမျှပါ။ သင်နဲ့ သင်အမှုတော်ဆောင်သူ အတူတကွမည်သို့အစေခံနိုင်သနည်း။ သင်တို့၏အနှစ်သက်ဆုံးအစားအစာပြင်ဆင်ခြင်း သို့မဟုတ် တစ်စုံတစ်ယောက်အားသေးငယ်သောလက်ဆောင်သို့မဟုတ် မှတ်စုတို တစ်ခုဖြင့် အံ့အားသင့်စေခြင်းကိုအတူတကွလုပ်ဆောင်နိုင်ပါတယ်။ ခရစ်တော်၏ဥပမာကိုလိုက်လျှောက်ပြီးအစေခံခြင်းမှလာသည့်အလင်းကိုအတူတကွခံစားနိုင်ပါတယ်။

“တွေ့မြင်ပြီးမှမိမိတို့ကြားသော ထိုသူငယ်၏အကြောင်းစကားကိုအနှံ့အပြားပြောကြ၏” ရှင်လုကာ ၂:၂၇

ခရစ်တော်ရဲ့ မွေးဖွားခြင်းသတင်းအား လူများနှင့် ဝေငှနေသောသိုးထိန်းများရဲ့ ဝမ်းမြောက်စိတ်လှုပ်ရှားမှုကိုစိတ်ကူးကြည့်ရန်လွယ်ကူလှပါတယ်။ ကောင်းကင်တမန်တော်များနှင့်နိမိတ်ပြေးပြီး၊ဗျာဒိတ်တော်ရှိခဲ့သောမေရှိယရောက်ရှိတော်မှုခဲ့ပါပြီ။ သူကဒီမှာရှိခဲ့တယ်။ အမှန်တကယ်ပင်၊ ကယ်တင်ရှင်၏သတင်းကောင်းအကြောင်းဝေငှခြင်းသည် ခရစ်တော်ဖွားမြင်တော်မှုခြင်းရုပ်ပုံတို့ရဲ့အဓိကဆိုလိုရင်းပဲဖြစ်ပါတယ်။ ကောင်းကင်တမန်တော်များသီချင်းသီကျူးပါတယ်။ ကြယ်က လမ်းကိုညွှန်ပြပါတယ်။ ထို့အပြင် သိုးထိန်းတို့ကလည်းအများသိအောင်ဘော်ပြခဲ့ပါတယ်။

ခရစ်စမက်ပုံပြင်ကိုကောင်းမွန်သောသတင်းစကားများ သို့မဟုတ် ကယ်တင်ရှင်အားသက်သေခံခြင်းအားဖြင့်ကျွန်တော်တို့ရဲ့အသံတွေကိုဖြည့်သွင်းပါတယ်။ “သင်၏အမှုတော်ဆောင်ခြင်းအားထုတ်မှုတွင် ကယ်တင်ရှင်အားကိုယ်စားပြုနိုင်သည့်အခွင့်အရေးရရှိပါက၊ သင်ကိုယ်သင်မေးပါ၊၊ခရစ်တော်၏အလင်းကိုတစ်ဦးချင်းသို့မဟုတ် မိသားစုလိုက်မည်ကဲ့သို့ဝေငှနိုင်ပါသလဲ။” ဟု အမျိုးသမီးလူမှုဖူလုံရေးအဖွဲ့ဥဣဠ စစ်စတာ ဂျိမ်း-ဘီ ဘရင်ဟမ် ကသင်ကြားခဲ့ပါတယ်။ “ဝိညာဥ်တော်အားမိိမအားဘာလုပ်ရန်တိုက်တွန်းသနည်း”

ကယ်တင်ရှင်နှင့်သူ၏ဧဝံဂေလိတရားတော်တွင်ရှိသော သင်၏သက်သေခံချက်ကိုမည်သို့ဝေငှနိုင်ရန် စဥ်းစားဖို့အကြုံပြုချက်အနည်းငယ်ရှိပါတယ်။

  • သင်၏ကယ်တင်ရှင်ပေါ်တွင်ရှိသောစိတ်ခံစားချက်များကိုဖော်ကျူးနိုင်သည့်ကျမ်းစာတစ်ပိုဒ်ကိုရှာပါ သို့မဟုတ် သူ့အားအဘယ်ကြောင့်ကျေးဇူးတော်ချီးမွမ်းသည်ကိုဖော်ပြပါ။ သင်အမှုတော်ဆောင်နေသောသူများနှင့်ဝေငှပါ။

  • စာတစ်စောင် သို့မဟုတ် ခရစ်စမက်ဗီဒီရိုတစ်ခုကို အင်တာနက်မှဝေငှပါ။ ကောင်းမွန်သောအရာတစ်ချို့ ChurchofJesusChrist.org မှာတွေ့နိုင်ပါတယ်။

  • မိတ်ဆွေတစ်ဦးထံသို့ သင့်အား ခရစ်တော်ကိုသတိရစေသည့် ထူးခြားသည့်အမှတ်ရစရာသို့မဟုတ် ရိုးရာတစ်ခုကိုဝေငှပါ။

သင်၏မှန်ကန်သောသက်သေခံချက်ကို သန့်ရှင်းသောဝိညာဥ်တော်ကသက်သေခံမည်ဟုယုံကြည်ပါ။ဆိူင်မွန် နှင့် အမ်နာတို့အား ကလေးငယ်ယေရှုသည်ကယ်တင်ရှင်ဖြစ်သည်ဟု သက်သေခံခဲ့သည့်အတိုင်းပင် ရှင်လုကာ ၂:၂၆၊၃၈။

“(ခရစ်တော်)၏ဤလောကအားလာရောက်ခြင်းကိုအမှန်တကယ်လေးစားရန် ကျွန်တော်တို့ကသူပြုလုပ်ခဲ့တွေကိုလုပ်ပြီး စိတ်အားတက်ကြွစွာဆက်သွယ်ခြင်း ကျွန်တော်တို့ရဲ့ အပေါင်းအဖော်များပေါ်တွင်မေတ္တာရှိရပါမယ်” ဟုတမန်တော်တစ်ဆယ့်နှစ်ပါးအဖွဲ့ဝင် အယ်လ်ဒါ ဒီးတာ အက်ဖ် ဥဒေါ့ ကပြောခဲ့ပါတယ်။ “စကားအားဖြင့် အလုပ်အားဖြင့် ကျွန်တော်တို့ နေ့စဥ်လုပ်ဆောင်နိုင်ပါတယ်။ ကျွန်တော်တို့ဘယ်သူပဲဖြစ်ဖြစ် ထိုအရာအားကျွန်တော်တို့ရဲ့ခရစ်စမက်ရိုးရာဖြစ်လာပါစေ။ အနည်းငယ်ပိုပြီးကြင်နာခြင်း၊ ဝေဖန်မှုလျော့ခြင်း၊ ပို၍ကျေးဇူးတော်ချီးမွမ်းခြင်း နှင့် ကျွန်တော်တို့ရဲ့ ကြွယ်ဝခြင်းများကိုဝေငှသည့်အခါပို၍စေတနာရှိစေခြင်းတို့ဖြစ်ပါတယ်။”

မှတ်စုများ

  1. ဟန်နရီ ဘီ အိုင်းရင်း “ခရစ်စမက်ပုံပြင်များ” (ပထမဥက္ကဠအဖွဲ့ ခရစ်စမက်ဝတ်ပြုကိုးကွယ်မှုအစည်းအဝေး၊ ဒီဇင်ဘာ ၆၊ ၂၀၀၉) broadcasts.ChurchofJesusChrist.org

  2. ဒိုင်ယာနာ မလင်နာ အယ်လ်ဘိုးနား ဒိရားစ် ၏ “ခရစ်စမက်ဝေငှခြင်း” ကိုကြည့်ပါ။လီယာဟိုနာ ဒီဇင်ဘာ ၂၀၀၇၊၁၇။

  3. ရှယ်ရယ် ဘွိုင်ရယ် ၏ “ထိုအရာကိုသင့်အတွက်သူသယ်ဆောင်လာခဲ့သည်” ကိုကြည့်ပါ။အမ်ဇိုင်း၊ ဒီဇင်ဘာ ၂၀၀၂ ၊၅၇။

  4. ဘိုနီ အယ် အိုစကာဆင်၊ “ခရစ်စမက်သည် ခရစ်တော်၏ချစ်ခြင်းမေတ္တာကဲ့သို့ဖြစ်၏”(ပထမဥက္ကဠအဖွဲ့ ခရစ်စမက်ဝတ်ပြုကိုးကွယ်မှုအစည်းအဝေး၊ ဒီဇင်ဘာ ၇၊၂၀၁၄) broadcasts.ChurchofJesusChrist.org

  5. ဂျင်မ် ဘီ ဘရင်ဟန် “ကယ်တင်ရှင် အမှုတော်ဆောင်သကဲ့သို့ပြုလုပ်ပါ” လီယာဟိုနာ၊ မေ ၂၀၁၈၊၁၀၄။

  6. ဒီးတာ အက်ဖ် ဥဒေါ့ “အံ့သြမှုများကိုဖြန့်ကြဲထားပါ” (ပထမဥက္ကဠအဖွဲ့ ခရစ်စမက်ဝတ်ပြုကိုးကွယ်မှုအစည်းအဝေး၊ ဒီဇင်ဘာ ၃၊ ၂၀၁၇) broadcasts.ChurchofJesusChrist.org

ပုံနှိပ်သည်