၂၀၂၀
အမှုတော်ဆောင်ခြင်းမှတဆင့် ဣသရေလကို စုရုံးခြင်း
၂၀၂၀ ဇန်နဝါရီလ


ရုပ်ပုံ
ministering

အမှုတော်တာဝန်ထမ်းဆောင်ခြင်းမူဝါဒ၊ ဒီဇင်ဘာ ၂၀၁၉

အမှုတော်ဆောင်ခြင်းမှတဆင့် ဣသရေလကို စုရုံးခြင်း

အမှုတော်ဆောင်ခြင်းသည် ဣသရေလလူမျိုးတို့ကို စုရုံးခြင်းနှင့် ပက်သတ်၍ ပရောဖက်၏ အကြံပေးချက်ကို လိုက်နာရန် အခွင့်အလမ်းဖြစ်သည်။

ဣသရေလ လူမျိုးတို့ကို ကူညီစုရုံးရန် ဥက္ကဋ္ဌ ရက်ဆဲအမ်နယ်လ်ဆင် က ကျွန်ုပ်တို့ကို ဖိတ်ကြားခဲ့သည်- “ယနေ့ ကမ္ဘာပေါ်မှာ ဖြစ်ပေါ်နေတဲ့ အရေးကြီးဆုံး ကိစ္စပါပဲ။”

ဣသရေလလူမျိုးများ စုရုံးနေသည့် ဤလုပ်ငန်းတွင် ပါဝင်လိုသူများအတွက် အမှုတော်ဆောင်ခြင်းသည် အလွန်ကောင်းမွန်သော အခွင့်အလမ်းတစ်ခုဖြစ်သည်။ ထို့အရာသည် လူတို့၏အသက်တာကို ပြောင်းလဲရန်အတွက် စိတ်ကူးကောင်းသော နည်းလမ်းတစ်ခုဖြစ်သည်။ ကျွန်ုပ်တို့သည် တက်ကြွမှုနည်းသော အသင်းဝင်များကို အမှုတော်ဆောင်သည်ဖြစ်စေ၊ ကျွန်ုပ်တို့၏ ယုံကြည်ခြင်းပြင်ပရှိ သူများကို ဝန်ဆောင်မှုပေးရာတွင် အကူအညီပေးရန် ၎င်းတို့ကိုဖိတ်သည်ဖြစ်စေ၊ အမှုတော်ဆောင်ခြင်းက ဣသရေလ လူမျိုးတို့ကိုစုရုံးရန် အခွင့်အလမ်းများ ဖြည့်ဆည်းပေးသည်။

ပြန်လည်ရောက်ရှိလာသော အသင်းဝင်များကို ကယ်တင်ခြင်း

“ချစ်ခြင်းမေတ္တာသည် လှုံ့ဆော်မှုအဖြစ် အံ့ဖွယ်အမှုများ ဖြစ်လာလိမ့်မည်ဖြစ်ပြီး ကျွန်ုပ်တို့၏ ‘ပျောက်ဆုံးနေသော’ အစ်မများနှင့် ညီအစ်ကိုများကို ယေရှုခရစ်၏ ဧဝံဂလိတရားတော်ကို အားလုံးသက်ဝင် ယုံကြည်စေမည့် နည်းလမ်းများကို ကျွန်ုပ်တို့ရှာဖွေနိုင်မည်ဖြစ်သည်။” - ဂျင်ဘီ.ဘင်ဂမ်2

“ကျွန်မခင်ပွန်းနဲ့ ကျွန်မ မြို့သစ်ကိုပြောင်းရွှေ့သွားတဲ့အခါ အနည်းဆုံးခြောက်နှစ်လောက် ပါဝင်လှုပ်ရှားမှုမရှိဘဲ ဖြစ်ခဲ့ရတယ်။ ကျွန်မရဲ့ လူမှုသက်သာရေးအဖွဲ့ ဥက္ကဋ္ဌအသစ်က ကျွန်မဆီလာလည်ပတ်ပြီး သူ့ဆီကနေ ညီအစ်မတစ်ယောက်ကို ကျွန်မဆီလာလည်ဖို့ လွှတ်လိုက်လို့ရနိုင်မလားလို့ မေးတယ်။ စိတ်လှုပ်ရှားမှု အနည်းငယ်နဲ့အတူ ကျွန်မသဘောတူခဲ့တယ်။ အဲ့ဒီညီအစ်မတော်က ခွေးတွေနဲ့ ဓာတ်မတည့်ဘဲ ကျွန်မမှာကလည်း အလွန့်ကို ကြင်နာတတ်တဲ့ ခွေးတစ်ကောင် ရှိပေမယ်လို့လတိုင်း ကျွန်မဆီကိုလာခဲ့တယ်။ သူက နှစ်နှစ်တောင် အမှုတော်ဆောင်ခဲ့ပြီး အဲ့ဒါက ကျွန်မပေါ်မှာ ကြီးမားတဲ့သက်ရောက်မှု ရှိခဲ့ပါတယ်။

“သူလာလည်တာက များသောအားဖြင့် လူမှုရေးသက်သက် ဖြစ်ပေမယ့် တစ်ခါတစ်လေ သူက ကျွန်မကို မေးခွန်းတွေ မေးမြန်းပြီး အဲ့ဒီကနေ ကျွန်မတို့ကို ဘာသာရေးစကား ပြောဆိုမှုတွေဆီ ရောက်သွားစေတယ်။ အဲဒါတွေက ကျွန်မကို အနည်းငယ် မသက်မသာဖြစ်စေခဲ့ပေမယ့် သူတို့က ကျွန်မကို ဧဝံဂေလိတရားအတိုင်း ရှေ့ဆက်သွားမလား ဒါမှမဟုတ် ကျွန်မရှိနေခဲ့တဲ့ နေရာမှာမှာဘဲ ရပ်နေမလားဆိုတာကို ဆုံးဖြတ်ဖို့ လှုံ့ဆော်ခဲ့တယ်။ ဒီဆုံးဖြတ်ချက်က ကျွန်မအတွက် ခက်ခဲတဲ့အရာဖြစ်ပေမဲ့ ညီအစ်မသာသနာပြုတွေနဲ့ လည်ပတ်ဖို့ကို ကျွန်မရွေးချယ်ခဲ့တယ်။

“ခြောက်နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ပွဲတော်အစည်းအဝေးကို သွားတဲ့နေ့က အထဲထဲဝင်ဖို့ကို ကျွန်မကြောက်နေခဲ့သည်။ ကျွန်မ ဘုရားရှိခိုးကျောင်းထဲ ဝင်တော့ ကျွန်မရဲ့ အမှုတော်ဆောင်ညီအစ်မသည်က ကျွန်မကိုစောင့်နေပြီး ဘုရားရှိခိုးကျောင်းထဲကို ကျွန်မနဲ့အတူ လျှောက်လှမ်းခဲ့တယ်။ အဲ့ဒီနောက် သူက ကျွန်မကို ကျွန်မကားနောက်ကို ခေါ်သွားပြီး ကယ်တင်ရှင်နဲ့ ပိုမိုနီးကပ်လာတာနှင့်အမျှ ကျွန်မကို အကောင်းဆုံးကူညီဖို့ သူဘာလုပ်ပေးနိုင်မလဲ ဆိုတာကို ကျွန်မကိုမေးခဲ့တယ်။

“ကျွန်မရဲ့ အမှုတော်ဆောင်ညီအစ်မရဲ့ အချိန်နဲ့ချစ်ခြင်းမေတ္တာက ကျွန်မကို ပါဝင်လှုပ်ရှားမှုဆီ ပြန်လှည့်လာအောင် ကူညီပေးခဲ့တယ်၊ ပြီးတော့ သူ့ရဲ့ကြိုးစားအားထုတ်မှုတွေကို ကျွန်မကိုပေးသမျှ အထူးကဲဆုံး လက်ဆောင်တွေထဲက တစ်ခုအဖြစ်မှတ်ယူထားပါတယ်။ ကယ်တင်ရှင်ရဲ့ အသင်းတော်ဆီ ကျွန်မရဲ့အပြန်ခရီးမှာ သူမက ကျွန်မဘေးမှာရှိနေခဲ့တာကို ကျွန်မအရမ်းကို ကျေးဇူးတင်မိပါတယ်။”

တားမြစ်ထားသော အမည်၊ ဗြိတိသျှ ကိုလံဘီယာ၊ ကနေဒါ

စဉ်းစားရန်နိယာမများ

“လစဉ်လတိုင်း ကျွန်မဆီ လာလည်ခဲ့တယ်”

အခြားအရာများထက်ပိုပြီး သင်အမှုတော်ဆောင်နေတဲ့သူတွေကို ဂရုစိုက်တယ်ဆိုတာ ဘယ်လိုပြနိုင်သလဲ။ ( သြဝါဒနှင့်ပဋိညာဉ်များကျမ်း ၁၂၁:၄၄ကို ကြည့်ပါ)။

“မေးခွန်းများ”

မှန်ကန်သော မေးခွန်းများမေးခြင်းသည် မိမိကိုယ်ကို ဆန်းစစ်ရန် လှုံ့ဆော်ပေးသည်။ ကျွန်ုပ်တို့၏ ဓမ္မအမှု၌ လူမှုရေးအရထက် ကျော်လွန်သော ရည်ရွယ်ချက်တစ်ခုရှိကြောင်း သတိရပါ။

“ကျွန်တော့်ကိုစောင့်ပါ”

လူတိုင်းဟာ ကြိုဆိုခံသင့်ပါတယ် ( ၃ နီဖိုင်း ၁၈:၃၂ကိုကြည့်ပါ)။

“ကျွန်မရဲ့ ပြန်လာတဲ့ခရီးမှာ ကျွန်မဘက်မှာရှိကြတယ်”

ကျွန်ုပ်တို့၏ထောက်ပံ့မှုသည် ကယ်တင်ရှင်ထံသို့ ပြန်လာရာတွင် စမ်းတဝါးဝါးဖြစ်နေသူနှင့် အနာရောဂါပျောက်ကင်းရန်လာသူ ကြားတွင် သိသိသာသာခြားနားနိုင်သည် (ဟေဗြဲသြဝါဒစာ ၁၂:၁၂-၁၃ကိုကြည့်ပါ)။

အမှုတော်ဆောင်ခြင်းနှင့် စုရုံးခြင်း

“သင့်အတွက် သဘာဝကျပြီး ပုံမှန်အတိုင်းဖြစ်နေသည့် မည်သည့်နည်းဖြင့်မဆို ယေရှုခရစ်နှင့် သူ၏အသင်းတော်သည် သင့်အတွက် အဘယ်ကြောင့် အရေးကြီးကြောင်း လူတို့အားမျှဝေပါ။ …

“…သင်၏အခန်းကဏ္ဍသည် သင်၏နှလုံးသားထဲရှိ အရာများကိုမျှဝေရန်နှင့် သင်၏ယုံကြည်ချက်များနှင့် အညီနေထိုင်ရန်ဖြစ်သည်။” -အကြီးတန်းဒါရိုက်တာ အက်ဖ်ယူ့ဒေါ့ဖ်

အမှုတော်ဆောင်ခြင်းနှင့် ဧဝံဂလိတရား ဝေငှခြင်းတို့သည် အတူတကွ လက်တွဲလုပ်ဆောင်သည်။ အောက်ပါတို့သည် ကျွန်ပ်တို့ အမှုဆောင်နေစဉ်အတွင်း ကျွန်ုပ်တို့၏ မိတ်ဆွေများနှင့် အိမ်နီးချင်းများကို စုရုံးနိုင်သည့် နည်းလမ်းအချို့ သို့မဟုတ် ကျွန်ုပ်တို့၏ သူငယ်ချင်းများနှင့် အိမ်နီးချင်းများကို စုရုံးနေစဉ် အမှုတော်ဆောင်ခြင်းနည်း လမ်းများဖြစ်သည်-

  • အတူတူ အမှုတော်ကို ထမ်းရွက်ကြပါ။ တစ်စုံတစ်ယောက်၏ လိုအပ်ချက်များအတွက် အမှုတော်ဆောင်ရာတွင် သင့်ကို လာရောက်ပူးပေါင်းရန် မိတ်ဆွေများ သို့မဟုတ် အိမ်နီးချင်းများကို ဖိတ်ကြားနိုင်မည့် အခွင့်အလမ်းများကို ရှာဖွေပါ။ မိခင်အသစ်အတွက် အစားအစာပြင်ဆင်ရာတွင်၊ သက်ကြီးရွယ်အို အိမ်နီးချင်းတစ်ဦးထံ လည်ပတ်ရာတွင် သို့မဟုတ် ဖျားနာသူတစ်ဦး၏ အိမ်ကိုသန့်ရှင်းရေးလုပ်ရာတွင် သင့်ကိုကူညီရန် သူတို့ကိုပြောကြားပါ။

  • အတူတူ သင်ကြားပေးကြပါ။ အသင်းတော်သို့ မကြာခဏ မတက်သော သူငယ်ချင်း သို့မဟုတ် အိမ်နီးချင်းကို ခရစ်ယာန်သာသနာပြုများနှင့် တွေ့ဆုံသူတစ်ဦးအတွက် ၎င်းတို့၏အိမ်တွင် သာသနာပြုသင်ခန်းစာပေးရန် မကြာခဏဖိတ်ခေါ်ခြင်းကို စဉ်းစားပါ။ သို့မဟုတ် သင့်သူငယ်ချင်းက သင့်အိမ်တွင် သင်ခန်းစာတစ်ခုကို လက်ခံလုပ်ဆောင်ရန် (သို့) အခြားသူတစ်ဦး၏အိမ်၌ သင်ခန်းစာတစ်ခုအတွက် သင်နှင့်အတူသွားရန် သင့်အားကူညီနိုင်သည်။

  • သင်တစ်ခုခု လိုအပ်ပါက အခြားသူများထံ ဆက်သွယ်ပါ။ အသင်းတော်သို့ သယ်ယူပို့ဆောင်ရေး စီစဉ်ရန် ကမ်းလှမ်းပါ။ ကလေးများအား လူငယ် (သို့) မူလတန်း လုပ်ဆောင်ချက်များ ကမ်းလှမ်းပါ။ အခြားမည်သည့်နည်းလမ်းများကို သင်အမှုတော်ဆောင်နိုင်ရန် သို့မဟုတ် စုရုံးနိုင်မည်နည်း။

  • အသင်းတော်မှ ပံ့ပိုးပေးထားသော အရင်းအမြစ်များကိုသုံးပါ။ အသင်းတော်သည် အသင်းသားများအတွက် ဧဝံကလိတရားတော်ကို မျှဝေခြင်းနှင့်အတူ ၎င်းတို့ကိုကူညီရန် အရင်းအမြစ် အများအပြားကို ကမ်းလှမ်းထားပါသည်။ အသင်းတော်မှ ပံ့ပိုးပေးသော အရင်းအမြစ်များကို အသုံးပြုပါ။ ဧဝံဂလိစာကြည့်တိုက်အက်ပ်ရှိ “သာသနာပြု” အပိုင်းကိုကြည့်ရှုပြီး ကျွန်ုပ်တို့အသိုင်းအဝိုင်းများ၌ ဣသရေလလူမျိုးကို မည်သို့စုရုံးရမည်ဆိုသည့် အကြံဥာဏ်များကို ရှာဖွေရန် ComeUntoChrist.org သို့ သွားရောက်ကြည့်ပါ။

မှတ်စုများ

  1. ရက်ဆဲအမ်နယ်လ်ဆင်၊ “ဣသရေလ၏ မျှော်လင့်ချက် (ကမ္ဘာတစ်ဝှမ်းရှိ လူငယ်တို့ ကိုးကွယ်ဆည်းကပ်ရာ၊ ၂၀၁၈ ခုနှစ်၊ ဇွန်လ ၃ရက်နေ့)၊ HopeOfIsrael.ChurchofJesusChrist.org

  2. ဂျင်မ် ဘီ ဘရင်ဟန် “ကယ်တင်ရှင် အမှုတော်ဆောင်သကဲ့သို့ပြုလုပ်ပါ” လီယာဟိုနာ၊ မေ ၂၀၁၈၊၁၀၄။

  3. “အမှုတော်ဆောင်ခြင်း နိယာမများ- ကျွန်ုပ်တို့၏ အမှုတော်ဆောင်ခြင်းကို ပြောင်းလဲစေမည့် ရည်ရွယ်ချက်၊” ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ကို ကြည့်ပါ။

  4. ဒီတော့ရ် အက်.ဥဒေါ့ “အမှုတော်ထမ်းဆောင်ခြင်းအလုပ်-သင်၏စိတ်နှလုံးတွင်ရှိသောအရာအားဝေငှခြင်း” လီယာဟိုနာ မေ၂၀၁၉.၁၇။

ပုံနှိပ်သည်