၂၀၂၀
မိသားစုသမိုင်းအားဖြင့်အမှုတော်ဆောင်ခြင်း
ဖေဖော်ဝါရီလ ၂၀၂၀


အမှုတော်ဆောင်ခြင်းမူဝါဒ၊ ဖေဖော်ဝါရီ၂၀၂၀

မိသားစုသမိုင်းအားဖြင့်အမှုတော်ဆောင်ခြင်း

ရုပ်ပုံ
ministering

Joshua Dennis အားဖြင့်ပုံဥပမာ၊ နောက်ခံပုံနှင့် Getty Images မှဓာတ်ပုံများ

မိသားစုသမိုင်းအကြောင်းဖြင့်တစ်စုံတစ်ယောက်ကိုကူညီခြင်းသည်အမှုတော်ဆောင်ရန်အစွမ်းထက်သောနည်းလမ်းတစ်ခုဖြစ်တယ်။ မိသားစုသမိုင်းအကြောင်းများနှင့်အသေးစိတ်အချက်အလက်များမှတစ်ဆင့်အခြားသူများကိုသူတို့၏ဘိုးဘေးများနှင့်အဆက်အသွယ်ပြုသည့်အခါသူတို့တစ်ခါတစ်ရံမှမသိကြသောသူတို့၏စိတ်နှလုံးထဲတွင်လိုအပ်နေသောကွက်လပ်ကိုဖြည့်ဆည်းပေးနိုင်တယ်(မာလခိအနာဂတ္တိကျမ်း ၄:၅-၆တွင်ကြည့်ပါ)။

ထိုအရာသည်တစ်ဘဝလုံးအသင်းတော်မှအသင်းသားဖြစ်သူဖြစ်စေ၊ယေရှုခရစ်တော်၏ဧဝံဂေလိတရားတော်အားပြန်လည်ဆောင်ယူခြင်းအကြောင်းကိုမသိသေးသောသူဖြစ်စေ၊ဘုရားသခင်၏သားသမီးအားလုံးသည်သူတို့ဘယ်နေရာကနေလာခဲ့ကြတယ်ဆိုတာကိုတော့သိလိုကြပါတယ်။

အောက်ပါပုံပြင်အကြောင်းအရာများတွင်ပြထားသည့်အတိုင်းနှင့်တည်မြဲသောခံယူချက်များကိုနက်ရိူင်းပြီးစွန့်ခွာရန် အချိန်ကြာမြင့်စွာမယူပါဘူး။

အမြင့် ၃၀၀၀တွင် မိသားစုကိုရှာဖွေခြင်း

မကြာသေးမီက အိမ်ပြန်လေယာဥ်ခရီးစဥ်၌သူနှင့်သူ၏ကိုယ်ရေးကိုယ်တာအကြောင်းတစ်ချို့ကိုဝေငှခဲ့သောစတိဗ်၏ဘေးတွင်ကျွန်တော်ရှိနေခဲ့တယ်။ သူအထက်တန်းကျောင်းအောင်ခဲ့ပြီး၊၁၈နှစ်အရွယ်တွင်ဆက်သွယ်ရေးအထူးအဖြစ်အမေရိကန်ပြည်ထောင်စု တပ်မတော်ထဲသို့ဝင်ခဲ့ပြီး သိပ်မကြာခင်မှာပင်ယူနိုက်တက်စတိတ်နိုင်ငံတော်သမ္မတအားဆယ်သွယ်ရေးအထောက်အပံ့များပေးခြင်းဖြင့်အိမ်ဖြူတော်မှာစတင်အလုပ်လုပ်ကိုင်တယ်။ အသက်၁၈နှစ်မှ၂၆နှစ်အထိအမေရိကန်သမ္မတနှစ်ဦးအထိ သူတာဝန်ထမ်းဆောင်ခဲ့ပါတယ်။ သူရဲ့ပုံပြင်အကြောင်းအရာတွေကအလွန်စိတ်ဝင်စားဖွယ်ကောင်းတယ်။

“စတိဗ်မ” ကျွန်တော်ပြောခဲ့တယ် “င်းကမင်းရဲ့သားစဥ်မြေးဆက်တွေအတွက်ဒီပုံပြင်အကြောင်းအရာတွေကိုရေးချရမယ်လို့! မင်းရဲ့ ရှုထောင့်တွေကနေပြီးတော့ရေးထားတဲ့ဒီလိုအကြောင်းအရာတွေကိုသူတို့ရဖို့လိုတယ်”။ သူသဘောတူခဲ့တယ်။

ထို့နောက်သူ့ရဲ့ဘိုးဘေးတွေရဲ့အကြောင်းသူဘာသိခဲ့သလဲဆိုတာမေးရန်ဝိညာဥ်တော်ကကျွန်တော်ကိုထိတွေ့ခဲ့တယ်။ စတိဗ်က သူ့အမေဘက်ခြမ်းကအကြောင်းအရာတော်တော်များများကိုသိခဲ့တယ်၊၁၈၆၀အမေရိကန်ပြည်ထောင်စုရွေးကောက်ပွဲတွင်ကျေးလက်ဒေသတစ်လျောက်မဲဆွယ်စည်းရုံးစဥ်အာဗြဟံလင်ကွင်းနဲ့သူတို့မိသားစုညစာစားခဲ့ပုံအကြောင်းတောင်ပါ ပါသေးသည်။

သို့သော်လည်း၊ သူကသူအဖေဘက်ခြမ်းကိုနည်းနည်းပဲသိပါတယ်။ သူအမှန်တကယ်ပိုပြီးသိချင်တယ်။ ကျွန်တော်ဖုန်းကိုဆွဲထုတ်လိုက်ပြီးမိသားစုရှာဖွေတဲ့အက်ပလီကေးရှင်းကိုဖွင့်ခဲ့တယ်။ “စတိဗ်၊ မင်းရဲ့မိသားစုကိုငါတို့အခုရှာလို့ရတယ်!”

လေယာဥ်ဝိုင်ဖိုင်နဲ့ကျွန်တော့်ဖုန်းကိုချိတ်ဆက်ခဲ့တယ်။ ကျွန်တော်ဖုန်းကိုကျွန်တော့်ရှေ့မှစားပွဲပေါ်တွင် နှစ်ဦးစလုံးမြင်နိုင်ရန်တင်လိုက်တယ်။ ကျွန်တော်တို့မိသားစုသစ်ပင်ကိုရှာခဲ့တယ်။ မိနစ်အနည်းအတွင်းကျွန်တော်တို့သူ့အဘိုးကအဘွားကိုလက်ထပ်ထိမ်းမြားထားတဲ့လက်မှတ်ကိုကြည့်လိုက်တယ်။

“ဒါကသူတို့ပဲလို့” သူပြောခဲ့တယ်။ “သူမရဲ့နောက်ဆုံးမျိုးရိုးနာမည်ကိုငါအခုမှတ်မိပြီ”

ဝိညာဥ်တော်၏စိတ်လှုပ်ရှားမှုသည်ကျွန်တော်တို့နှစ်ယောက်အပေါ်သွန်းလောင်းခဲ့တယ်။ နောက်၄၅မိနစ်မှာကျွန်တော်တို့သည် သိပ်မသိသေးသောသူ၏ဘိုးဘေးဘီဘင်များအတွက် မှတ်တမ်းပုံများကိုတည်ဆောက်ခဲ့တယ်။ ကော်လိုရာဒိုရောက်ရင်လည်းကျွန်တော်တို့ဆက်ပြီးရှာဖွေဖို့သူကျွန်တော့်ဆီကတိတောင်းခဲ့တယ်။ လေယာဥ်ဆင်းသက်ချိန်တွင်ကျွန်တော်တို့ဆက်သွယ်လို့ရရန်အချက်အလက်များအပြန်အလည်ဖလှယ်ခဲ့တယ်။

လေထဲမှာပေ၃၀၀၀ (၉၁၄၅ မီတာ) မှာကပျံသန်းရင်း ၊ကျွန်တော့်လက်ထဲမှာသေးငယ်တဲ့ကရိယာလေးကိုကိုင်ထားပြီးသူနဲ့သူရဲ့မိသားစုမတွေ့ရှိခဲ့တဲ့လွန်ခဲ့တဲ့နှစ်၁၀၀အတွင်းကလက်ထပ်ခဲ့တဲ့အမျိုးသား နဲ့အမျိုးသမီးကိုရှာတွေ့ခဲ့တယ်။ မယုံနိုင်စရာပါပဲ။ ဒါပေမဲ့သူတို့ကိုကျွန်တော်တို့ရှာတွေ့ခဲ့တယ်။ မိသားစုများကဆက်နွယ်နေခဲ့တယ်။ အမှတ်ရစရာပုံပြင်အကြောင်းအရာဖြစ်ခဲ့တယ်။ နည်းပညာနဲ့ကရိယာများအတွက်ကျေးဇူးတော်ချီးမွမ်းခြင်းကိုခံစားရတယ်။ ထိုအရာသည်အံ့သြဖွယ်အရာဖြစ်ခဲ့ပါတယ်။

ဂျော်နသန် ပက်တီ၊ကော်လိုရာဒို၊ယူအက်စ်အေ

ပတ်ဝန်းကျင်ကမိသားစုအသစ်

အနှစ်၂၀ကျော်လောက်မာရီယာသည်အသင်းတော်တွင် ပါဝင်တတ်ကြွခြင်းမရှိခဲ့ပါ။ လွန်ခဲ့တဲ့လအနည်းငယ်က၊အိမ်မှာသူနဲ့နာရီအနည်းငယ်လောက်နေပြီးသန်းခေါင်စာရင်းနှင့်အခြားမှတ်တမ်းများတစ်ဆင့်သူမ၏မိသားစုအကြောင်းကိုစူးစမ်းလေ့လာခဲ့တယ်။ မကြာခင်မှာပဲ သူမမျက်ရေကျလာပါတယ်၊ “ကျွန်မဘဝတစ်လျောက်လုံးသိခဲ့တာထက်ဒီ၂နာရီအတွင်းကျွန်မရဲ့မိသားစုအကြောင်းကိုပိုပြီးလေ့လာခဲ့တယ်”

အဆုံးသတ်မှာ ကျွန်တော်တို့အတူရှိတဲ့အချိန်တွင်း၊သူမကိုမိသားစုသစ်ပင်အက်ပလီကေးရှင်း၏ဆွေမျိုးတော်ဆက်မှုများအကြောင်းကိုကျွန်တော်မိတ်ဆက်ပေးခဲ့တယ်။ ကျွန်မခင်ပွန်းနဲ့ကျွန်မတို့နှစ်ယောက်စလုံးသည်မာရီယာဟာဝေးကွာနေတဲ့ဆွေမျိုးအနေနဲ့တော်စပ်တယ်ဆိုတာကိုရှာတွေ့ခဲ့တယ်။ သူမဟာတစ်ကောင်ကြွက်ဖြစ်တယ်လို့သူမကိုယ်သူမထင်ခဲ့တယ်လို့ပြောရင်းမျက်ရည်များထပ်ပြီးကျလာတယ်။ ဤနေရာမှာ သူမ မိသားစုရှိမယ်လို့ဘယ်တုန်းကမှမသိခဲ့ဖူး။ ရက်သတ္တပတ်အနည်းငယ်ကြာပြီးတဲ့အခါမာရီယာသည်ကျွန်တော်တို့ရဲ့သင်းအုပ်နဲ့တွေ့ဆုံခဲ့တယ်။ အခုသူမကဗိမာန်တော်သွားရန်ပြင်ဆင်မှုများပြုလုပ်နေပြီးဘုရားကျောင်းတွင်သူမ၏ဝမ်းကွဲတွေကိုတွေ့ဆုံခဲ့ပါတယ်။

ကော်ရို ရီနား အဲဗားရက်၊မြောက်ပိုင်းကော်ရိုလီနာ၊ယူအက်စ်အေ

အမှုတော်ဆောင်ရန်နည်းလမ်းများ

ကျွန်မအမှုတော်ဆောင်နေတဲ့အက်ရှလေနဲ့ကျွန်မတို့နှစ်ယောက်စလုံးမှာအဖွားဆီကချက်ပြုတ်စရာအညွှန်းပါတဲ့ စာအုပ်တွေရှိပါတယ်။ ဒီဟာကတော့သူမရဲ့အဘွားဆီကဖြစ်တယ်ပြီးတော့ ကျွန်မစာအုပ်ကတော့ ကျွန်မအဖွားကွယ်လွန်သွားပြီးနောက်ကျွန်မအမွေဆက်ခံသောအခါအဘွားဂရင်းဝုရဲ့သေတ္တာအညွှန်းနဲ့အတူတူထားထားတာဖြစ်ပါတယ်။

အက်ရှလေနဲ့ကျွန်မတို့နှစ်ယောက်စလုံးကျွန်တော်တို့စာအုပ်ထဲကချက်နည်းတစ်ခုကိုရွေးလိုက်တယ်ပြီးတော့အလုပ်ပြီးတဲ့နောက်ကျွန်မတို့ချက်နည်းတွေကိုစမ်းလုပ်ကြည့်တယ်။ ကျွန်မတို့သူမရွေးချယ်လိုက်တဲ့အချိုပွဲလုပ်နည်းကိုအရင်စလုပ်ပြီးပေါင်းအိုးမီးဖိုထဲထည့်လိုက်ပါတယ်။ ဂရင်းဝုဒ် မိသားစုပွဲတိုင်းမှာအဓိကကျတဲ့chip dipကိုကျွန်မရွေးခဲ့တယ်။ အက်ရှလေရဲ့သမီးဖြစ်သူအဲလစ်ကအစားစာကိုမြည်းစမ်းကူညီပေးခဲ့တယ်။ ထို့နောက်၊အက်ရှလေသူရဲ့ကလေးတွေကိုအချိုပွဲအားလုံးမစားစေချင်တော့ပါဖူး။သူမအမှုတော်ဆောင်နေသောညီအမများအားအချိုပွဲအချို့ကိုပို့ပေးခဲ့ပါတယ်။

ကျွန်မတို့ချက်ပြုတ်၊အချိုမုန့်ဖုတ်ကျတဲ့ညကကျွန်မအကြိုက်ဆုံးအရာကတော့ကျွန်မတို့ပုံမှန်ပြောနေကျဖြစ်တဲ့အမှုတော်ဆောင်တဲ့အခါသူမနဲ့ကျွန်မတို့ရဲ့အခက်အခဲတွေဖြစ်တယ်။ ဒါပေမဲ့ကျွန်မတို့နှစ်ဦးစလုံးရဲ့နူးညံ့သိမ်မွေ့ဖွယ်ကောင်းသောအဖွားနဲ့အမေတို့ရဲ့အကြောင်းကိုလည်းပြောဖြစ်သေးတယ်။

ဂျနီဖာ ဂရင်းဝုဒ် ၊ယုတဂ်၊ယူအက်စ်အေ

ကူညီရန်အထူးနည်းလမ်းများ

အခြားသောအရာတွေကဘာမှလုပ်နိုင်ပုံမပေါ်တဲ့အခါ မိသားစုသမိုင်းကတော့အမှုတော်ဆောင်ရန်အခွင့်အရေးအတွက်တံခါးဖွင့်နိုင်ပါတယ်။ ဒီမှာသင်ကြိုးစားကြည့်နိုင်တဲ့နည်းလမ်းတချို့ဖြစ်ပါတယ်။

  • မိသားစုသမိုင်းများအထူးသဖြင့်ဓာတ်ပုံနှင့်ကိုက်ညီသောအသံဖမ်းအော်ဒီယိုများကိုမှတ်တမ်းတင်ရန်သူတို့ကိုကူညီပါ။

  • လက်ဆောင်အဖြစ်ပေးနိုင်သော ပန်ကာဇယားတစ်ခုသို့မဟုတ်အခြားစာရွက်ထုတ်လို့ရတဲ့မိသားစုသမိုင်းစာရွက်တစ်ခုကိုဖန်တီးပါ။

  • သူတို့ကြိုက်နှစ်သက်သောဂျာနယ်များကိုသိမ်းဆည်းထားသလိုမျိုးသူ့တို့ကိုယ်ပိုင်မိသားစုသမိုင်းကိုလည်းသိမ်းဆည်းသောနည်းလမ်းကိုသင်ပေးပါ။ အသံမှတ်တမ်း။ ဓာတ်ပုံ မှတ်တမ်း။ ဗီဒီယို လော့ဒ် စံပြဂျာနယ်ပုံစံများကိုမကြိုက်နှစ်သက်သောသူများအတွက်ရွေးချယ်စရာများစွာရှိပါတယ်။

  • ဗိမာန်တော်ကိုအတူတူသွားပြီးဘိုးဘွားဘီဘင်များအတွက်ဘိသိတ်မဂ်လာများပြုလုပ်ပါ။ သို့မဟုတ် သူတို့မှာလုပ်ဆောင်ရန်များလျှင်သူတို့မိသားစုအမည်များအတွက်ဘိသိတ်မဂ်များလုပ်ဆောင်ပေးရန်ကမ်းလှမ်းပါ။

  • အတူတကွမိသားစုရိုးရာဓလေ့အကြောင်းဝေငှပါ။

  • အတန်းထဲ၌မိသားစုသမိုင်းအကြောင်းအတူတူလေ့လာပါ။

ပုံနှိပ်သည်