၂၀၂၀
ဗိမာန်တော်တွင်အစေခံခြင်းအားဖြင့်အမှုတော်ထမ်းဆောင်ခြင်း
မတ်လ ၂၀၂၀


အမှုတော်တာ၀န်ထမ်းဆောင်ခြင်းမူဝါဒ၊ မတ်လ ၂၀၂၀

ဗိမာန်တော်တွင်အစေခံခြင်းအားဖြင့်အမှုတော်ထမ်းဆောင်ခြင်း

ကျွန်တော်တို့အခြားသူများအားဗိမာန်တော်တွင်ရသောကောင်းကြီးမဂ်လာများ၏ဝမ်းမြောက်ခြင်းများကို ရရန်ကူညီသောအခါ၊ကျွန်တော်တို့အမှုတော်ဆောင်နေခြင်းဖြစ်ပါတယ်။

ရုပ်ပုံ
ministering

Getty Imagesမှ နောက်ခံ ၊Tegucigalpa Honduras ဗိမာန်တော်၏ဓာတ်ပုံ

ဗိမာန်တော်အစီအစဥ်တက်ရောက်တာကကြိုးစားရကျိုးနပ်ပါတယ်။ ဥက္ကဌ ရပ်ဆဲလ် အမ် နယ်လ်ဆင် သင်ပေးခဲ့တာက ဗိမာန်တော်သည်ကျွန်တော်တို့၏ကယ်တင်ခြင်းအတွက်အလွန်အရေးပါတယ်ပြီးတော့ ကျွန်တော်တို့ရဲ့မိသားစုတိုင်းအတွက်လည်းဖြစ်တယ်။

‘‘ကျွန်တော်တို့အယောက်စီတိုင်းဟာဝိညာဥ်ဆိုင်ရာခွန်အားတွေလိုတယ်ပြီးတော့ဘုရားသခင်၏အိမ်တော်တွင်သာတက်ရောက်ခြင်းသာဖြစ်နိုင်တယ်။’’

ဗိမာန်တော်ကိုတက်ခြင်းအတွက်ကျွန်တော်တို့၏အချိန်တွေကိုစီမံခန့်ခွဲပြီး၊တာဝန်များနဲ့အရင်းအမြစ်များလုပ်ခြင်းအားဖြင့် ဝိညာဥ်ပိုင်းဆိုင်ရာကိုပြင်ဆင်ရမယ်။ ကျွန်တော်တို့၏ညီအကို၊ညီအမများကို ဗိမာန်တော်မှဝေးကွာစေမည့်အတားအဆီးများကို ရှာဖွေပြီးအဖြေရှာခြင်းသည်လည်း ကျွန်တော်တို့အမှုတော်ဆောင်ခြင်းဖြစ်တယ်။

ဗိမာန်တော်သည်မည်သူမဆိုခံစားနိုင်သည့် ကောင်းကြီးမဂ်လာဖြစ်သည်။

မကြာသေးခင်ကပြန်လာတဲ့သာသနာပြုပြန်ဖြစ်သော မီဂ် ၊သူမသည်အပြင်ဘက်ခုံတန်းရှည် တစ်ခုတွင်အမျိုးသမီးတယောက်ထိုင်နေတယ်ဆိုတာကိုသတိပြုမိသောအခါ ခိုန ဟာဝိုင်ရီဗိမာန်တော်တံခါးဝဆီသို့လမ်းလျှောက်ခဲ့တယ်။ မီဂ်က သူမဒီအမျိုးသမီးကိုစကားပြောရမယ်ဆိုတာခံစားခဲ့ရတယ်။ဒါပေမဲ့သူမဘာစပြောရမလဲဆိုတာမသေချာခဲ့ဘူး။ ဒါနဲ့ဒီအမျိုးသမီးငယ်လေးရဲ့ခြေချင်းဝတ်မှာထိုးထားတဲ့တက်တူးရဲ့အဓိပ္ပာယ်ကိုသူမ မေးလိုက်တယ်။ အဲ့ကနေစကားစပြောပြီး အမျိုးသမီးငယ်လန်နီက သူမရဲ့ဇာတ်လမ်းကိုဝေငှခဲ့တယ်။

ဘုရားကျောင်းတွင်အပြည့်အဝပါဝင်နိုင်ရန်သူမ ရုန်းကန်နေရခြင်းအကြောင်း၊သူမကိုကူညီပေးနေကြတဲ့ကောင်းမွန် သောအသင်းဝင်များပြီးတော့သူမရဲ့သမီးငယ်လေးနဲ့တနေ့တွင်မိသားစုတံဆိပ်ခတ်ရန်မျှော်လင့်ကြောင်းလန်နီကမီဂ်ကိုပြောပြခဲ့တယ်။

မီဂ်ကလန်နီအားသူမနဲ့အတူ ဗိမာန်တော်စောင့်ဆိုင်းခန်းတွင်ထိုင်ရန်ဖိတ်ခေါ်ခဲ့တယ်။ သူတို့ကဗိမာန်တော်အတွင်းသို့မသွားလို့ရသေးပေမဲ့ ဗိမာန်တော်၏တံခါးခုံကိုတော့ဖြတ်ကူးနိုင်ပါတယ်။ လန်နီကသဘောတူခဲ့တယ် ပြီးတော့သူတို့တံခါးမကြီးကိုဖြတ်ပြီးဝင်ခဲ့တယ်။ ဗိမာန်တော်အလုပ်သမားတစ်ဦးကသူတို့ကိုကယ်တင်ရှင်၏ပန်းချီကားအောက်ရှိခုံတန်းရှည်တစ်ခုကိုပြခဲ့တယ်။

သူတို့အတူတူထိုင်လိုက်ပြီးလန်နီကတိုးတိုးလေးပြောခဲ့တယ်“ကျွန်မ ဒီနေ့ဗိမာန်တော်ထဲကိုတကယ်ဝင်ချင်ခဲ့တယ်ဒါပေမဲ့ကျွန်မစိတ်ပူပင်ခဲ့တယ်။” မီဂ်ဟာသန့်ရှင်းသောဝိညာဥ်တော်ကိုလိုက်လျှောက်ခဲ့တယ်ဘာလို့လဲဆိုတော့သူမကလန်နီရဲ့အသံတိတ်ဆုတောင်းချက်ကိုအဖြေပေးပြီးကူညီခဲ့လို့ဖြစ်တယ်။

ထောက်ခံချက်မရှိသူများကိုကူညီရန်အကြံဥာဏ်များ

ဗိမာန်တော်ဝင်ရန်ထောက်ခံချက်မရှိသေးသောသူများလည်းဗိမာန်တော်တွင်ကောင်းကြီးခံစားနိုင်တယ်။

  • သင်ဗိမာန်တော်တွင်အလုပ်လုပ်ခြင်းအားဖြင့် ဘုရားသခင်ကသင့်ကိုဘယ်လိုကောင်းကြီးပေးသလဲဆိုတာသင့်ရဲ့ခံစားချက်ကိုဝေငှပါ။

  • တစ်စုံတစ်ဦးကိုဗိမာန်တော်ဖွင့်လှစ်သောအိမ် သို့မဟုတ် ဧည့်သည်များစင်တာသို့တတ်ရောက်ရန်ဖိတ်ခေါ်ပါ။ နောင်လာမယ့်ဗိမာန်တော်ဖွင့်လှစ်မည့်အိမ်ကို temples.ChurchofJesusChrist.org တွင်ရှာပါ။

  • ဓာတ်ပုံတွေကိုကြည့်ပါပြီးတော့ temples.ChurchofJesusChrist.org တွင်ဗိမာန်တော်များအကြောင်းလေ့လာပါ။

အခြားသူများအတွက်ဗိမာန်တော်တက်ရောက်မှုကိုလွယ်ကူအောင်ပြုလုပ်ပါ။

ဗိမာန်တော်ဝင်ခွင့်ရှိသောအသင်းဝင်အချို့အတွက်တောင်ဗိမာန်တော်တက်ခြင်းဟာစိန်ခေါ်မှုတွေဖြစ်နိုင်တယ်။ တစ်ချို့တွေဆိုတော်တော်ကြာအောင်ခရီးဆက်ရတယ်။ အချို့ဆိုကလေးငယ်လေးတွေရှိမယ် သို့မဟုတ် အသက်ပိုင်းဆိုင်ရာစောင့်ရှောက်ရမယ့်မိသားစုဝင်အချို့ရှိမယ်။ လူတိုင်းအတွက်ဗိမာန်တော် ဝန်ဆောင်မူအဆင်ပြေစေရန်ကျွန်တော်တို့အတူတကွလုပ်ဆောင်နိုင်ပါတယ်။

လီအိုလ် ချန်ဒ်လာ သည်သူမ၏ဖျားနာနေသောခင်ပွန်းနဲ့ကလေးလေးယောက်ကိုကြည့်ရှု စောင့်ရှောက်ခြင်းကြောင့်စိတ်သောကရောက်ခဲ့တယ်။ ဒါကြောင့်သူမအနီးအနားတွင်ရှိသောဗိမာန်တော်တွင်အဂ်ါနေ့တိုင်းတက်ရောက်နိုင်ရန်အချိန်ပေးဖို့ဆုံးဖြတ်ခဲ့တယ်။ ထိုအရာကသူမရဲ့ဘဝအတွက်ငြိမ်းချမ်းရေးနဲ့ခွန်အားဖြစ်လာခဲ့တယ်။

တစ်နေ့မှာ သူမရဲ့အသင်းတော်ထဲရှိအသက်အရွယ်ကြီးသောအချို့သည်ဗိမာန်တော်တို့တက်ရောက်ရန် လိုလားသော်လည်းသူတို့တွင်သယ်ယူပို့ဆောင်ရေးအတွက်နည်းလမ်းမရှိဖူးဆိုတာသူမ ကြားခဲ့တယ်။ လီအိုလ် က သူတို့ကိုသယ်ယူပို့ဆောင်ပေးရန်ကမ်းလှမ်းခဲ့တယ်။ နောက်အနှစ်လေးဆယ်တိုင်သူမတစ်ယောက်တည်း ဗိမာန်တော်ကိုသွားရောက်ခဲ့တယ်။

လီအိုလ်ကကောင်းကြီးခံစားခဲ့ရတယ် ပြီးတော့သူမကသူများကိုလည်းသူမနဲ့အတူဗိမာန်တော်ကိုခေါ်ဆောင်ခြင်းအားဖြင့် ကောင်းကြီးတွေပေးတယ်။

ဗိမာန်တော်တက်ရန်အခြားသူများကိုကူညီရန်အကြံဥာဏ်များ

အခြားသူများအားဗိမာန်တော်သို့မကြာခဏလာရန်သင်ဘယ်လိုကူညီနိုင်သလဲ။ အလားတူထိုအတွေးအခေါ်များကသင့်ကိုလည်းကူညီနိုင်မှာပါ။

  • အတူတူသွားပါ။ တစ်စုံတစ်ဦးအတွက်သယ်ယူပို့ဆောင်မူစီစဥ်ပေးရန် သို့မဟုတ် ကမ်းလှမ်းရန်ဖိတ်ခေါ်ပါ။ ထိုအရာကအခြားသူတစ်ဦးအားဗိမာန်တော်သို့တက်ရောက်ရန်တိုက်တွန်းနိုင်တယ်။

  • အထူးသဖြင့်သင့်မှာသင့်ဘိုးဘေးအမည်အများကြီးအတွက်ဘိသိတ်မဂ်လာများလုပ်ဆောင်ရန်ရှိလျှင် သင့်ရဲ့မိသားစုဝင်များ သို့အသင်းတော်အား သင့်ရဲ့ဘိုးဘေးများအတွက်ဘိသိတ်မဂ်လာများလုပ်ဆောင်ပေးရန်မေးပါ။

  • ကလေးထိန်းလုပ်ရန်ကမ်းလှမ်းပါ၊ ဒါဆိုမိဘများကဗိမာန်တော်ကိုတတ်ရောက်နိုင်တယ်။ သို့မဟုတ် ကလေးတယောက်တလှည့်ထိန်းရန်စီစဥ်ပါ။

ဗိမာန်တော်ကအလွန်ဝေးသောအခါ

ချန်ဒရာဒဒ် “ရိုရှန်” နဲ့ ရှယ်ရို အန်တိုနီတို့သည် ကိုလန်ဘို၊သီရိလက်ာ၊ ဗိမာန်တော်တွင်တံဆိပ်ခတ်ဘိသိတ်ပြုရန်ဆုံးဖြတ်ခဲ့တယ်။ သူတို့အတွက်သူတို့သူငယ်ချင်းဖြစ်သူ အန် နဲ့ အန်တို ခူမာရာစန်မာ တို့ကအရမ်းစိတ်လှုပ်ရှားခဲ့တယ်။ ဒါပေမဲ့ ဖိလစ်ပိုင် မနီလာဗိမာန်တော်ကိုသွားရန်လွယ်ကူတဲ့အရာမဟုတ်သလိုစျေးလည်းမပေါဘူးဆိုတာသူတို့သိခဲ့တယ်။

ရိုရှန် နဲ့ ရှိရို တို့ကပိုက်ဆံစုပြီး သူတို့တတ်နိုင်တဲ့လေယာဥ်ရဖို့ကြိုတင်လေယာဥ်လက်မှတ်မှာခဲ့တယ်။ နောက်ဆုံးတော့ အဲ့နေ့လေးရောက်လာခဲ့ပြီ။ ဘယ်လိုပဲဖြစ်ဖြစ်၊မလေးရှားတွင်ခဏရပ်အနားယူနေချိန်အတွင်း ဖိလစ်ပိုင်ကို ဆက်လက်သွားနိုင်ရန်သူတို့အတွက်ဗီဇာလိုအပ်တယ် သို့မဟုတ် အခြားလေကြောင်းတွင်ပျံသန်းရန်လိုအပ်ကြောင်းသူတို့သိခဲ့ရတယ်။ ဗီဇာရနိုင်ရန်အဲ့တာကမလွယ်ကူပါဘူး၊ပြီးတော့အခြားလေကြောင်းလက်မှတ်ဝယ်ဖို့သူတို့မတတ်နိုင်ခဲ့ဘူး။ ဒါပေမဲ့ဗိမာန်တော်တွင် တံဆိတ်ခတ်ဘိသိတ်မလုပ်ပဲအိမ်ပြန်ရမယ်ဆိုတဲ့အတွေးကိုတော့သူတို့မတွေးနိုင်ခဲ့ဘူး။

ဘာဆက်လုပ်ရမလဲဆိုတာမသေချာခဲ့ဘူး၊ ရိုရှန် က အန်တွန်ကိုခေါ်ခဲ့တယ်။ အန်တွန် နဲ့ အန်က တကယ်ကူညီချင်ခဲ့ကြတယ်။ သူတို့က သီရိလက်ာ ဗိမာန်တော်တွင်တံဆိပ်ခတ်ဘိသိတ်လုပ်ခဲ့ဖူးတဲ့ စုံတွဲတွေထဲကတစ်တွဲဖြစ်တယ်၊ ပြီးတော့သူတို့ကဘယ်လိုကောင်းကြီးတွေဖြစ်မလဲဆိုတာကိုလည်းသူတို့သိတယ်။ ဒါပေမဲ့မကြာသေးခင်ကလိုအပ်နေတဲ့သူတို့မိသားစုဝင်တစ်ဦးကို ကူညီရန်သူတို့ရဲ့စုဆောင်းငွေတွေကိုအသုံးပြုခဲ့ကြတယ် ပြီးတော့ ရိုရှန်နဲ့ရှယ်ရွန်အတွက်လေယာဥ်လက်မှတ်အသစ်ဝယ်ဖို့ ငွေအလုံအလောက်မရှိခဲ့ဘူး။

သီရိလက်ာနိုင်ငံ၏ဓလေ့တွင်သတို့သားသည်သတို့သမီးအတွက်ရွှေလည်ဆွဲဝယ်ပေးပြီး ခင်ပွန်းဖြစ်သူဆုံးသွားပါကသူမအတွက်ပိုက်ဆံအချို့ကျန်မှာဖြစ်တယ်။ အန်းဟာသူမရဲ့ဆွဲကြိုးကိုရောင်းပြီးလေယာဥ်လက်မှတ်အသစ်ဝယ်ရန်ဆုံးဖြတ်လိုက်တယ်။ သူမရဲ့အဖိုးတန်သောလက်ဆောင်က ရိုရှန်နဲ့ရှယ်ရွန်အတွက် မနီလာတွင်သူတို့အတွက် ဗိမာန်တော်ချိန်းဆိုမှုကိုဖြစ်စေနိုင်တယ်။

“ဗိမာန်တော်တံဆိပ်ခတ်ခြင်းရဲ့တန်ဖိုးကိုကျွန်မသိတယ်လို့” အန်းက ပြောခဲ့တယ်။ “ရိုရှန်နဲ့ရှယ်ရွန်တို့ဟာအသင်းတော်တွင်ခွန်အားဖြစ်စေမယ်ဆိုတာလည်းကျွန်မသိတယ်။ ငါသူတို့ကိုဒီအခွင့်အရေးလက်မလွတ်စေချင်ခဲ့ဘူး။”

ဗိမာန်တော်သို့မသွားရောက်နိုင်သူများကိုကူညီရန်အကြံဥာဏ်များ

အကွာအဝေးကြောင့် သို့မဟုတ် ငွေကြေးကြောင့်ဗိမာန်တော်သို့မကြာခဏသွားရောက်နိုင်ခြင်းမရှိသော သူများကိုအမှုတော်ဆောင်ရန်ခေါ်နိုင်ပါတယ်။ ဒါပေမဲ့ဗိမာန်တော်၏ကောင်းကြီးမဂ်လာများကိုသူတို့သဘောပေါက်ရန်သင်ကူညီဖို့နည်းလမ်းများကိုဆက်ရှာ နိုင်တယ်။

  • ဗိမာန်တော်တက်ရောက်ရန်ပြင်ဆင်ခြင်းအတွက်အတူပါဝင်ခြင်း သို့မဟုတ် မိသားစုသမိုင်းများအကြောင်းတွင်သင်ယူပါ။

  • ဗိမာန်တော်ပုံတွေကိုသူတို့အိမ်တွင်ချိတ်ဆွဲရန်ပေးပါ။

  • သင်ဗိမာန်တော်ရောက်ဖူးလျှင်သင့်ရဲ့အတွေ့အကြုံများနဲ့ဗိမာန်တော်၏ဘိသိတ်မဂ်လာများလုပ်ဆောင်ရခြင်းသက်သေခံချက်များကိုဝေငှပါ။

  • သူတို့ထားရှိသောပဋိညာဉ်များလုပ်ခြင်းအကြောင်းနဲ့ဘယ်လိုထိန်းသိမ်းရမယ်ဆိုတာကိုသင်ယူလေ့လာနိုင်ရန်ကူညီပါ။ အသုံးပြုရန်စဥ်းစားချက်၊ “ဘုရားသခင်နဲ့ထားရှိသောပဋိညာဉ်များကိုနားလည်ခြင်း-ကျွန်တော်တို့၏ဂတိတော်များကိုပြန်လည်သုံးသပ်ချက်၊” ဂျွန် ၂၀၁၂Liahona

မှတ်စုများ

  1. ရပ်ဆဲလ်အမ် နယ်လ်ဆင် “ဥပမာကောင်းသောနောက်ပိုင်းကာလသန့်ရှင်းသူများဖြစ်လာခြင်း၊”Liahona နိုဝင်ဘာ ၂၀၁၈၊၁၁၄။

  2. LaRene Gauntတွင်ကြည့်ပါ၊ “ဗိမာန်တော်တွင်အစေခံခြင်းဖြင့်ဝမ်းမြောက်ခြင်းကိုရှာဖွေခြင်း၊” Ensign အောက်တိုဘာ ၁၉၉၄၊၈။

  3. ဘုရားကျောင်း၏အထွေထွေနာယကကူညီစောင့်ရှောက်ရေးအဖွဲ့က အကူအညီပေးရေးရန်ပုံငွေမှပြန်လည်ပေးဆပ်ပြီးနောက် အန်းနဲ့အန်တွန်ဟာ သူတို့ဆွဲကြိုးကိုပြန်လည်ရရှိခဲ့တယ်။ထို့အဖွဲ့ဟာဘုရားကျောင်းအတွက်သို့မဟုတ် ဘုရားကျောင်းရှိမတတ်နိုင်သော အသင်းဝင်များကိုတစ်ကြိမ်ငွေကြေးအကူအညီပေးနိုင်ခဲ့တယ်။

ပုံနှိပ်သည်