၂၀၂၀
ပွဲတော်အစည်းအဝေး မှတစ်ဆင့် အမှုတော်ဆောင်ခြင်း
ဇွန် ၂၀၂၀


“ပွဲတော်အစည်းအဝေး မှတစ်ဆင့် အမှုတော်ဆောင်ခြင်း၊” လိယဟော်နာ၊ ဇွန် ၂၀၂၀

ရုပ်ပုံ
အမှုတော်ဆောင်ခြင်း

အက်ဒွက်မက်ဂိုဝမ်မှ သရုပ်ဖော်ပြချက်များ

အမှုတော်ဆောင်ခြင်းမူဝါဒများ၊ ဇွန် ၂၀၂၀

ပွဲတော်အစည်းအဝေး မှတစ်ဆင့် အမှုတော်ဆောင်ခြင်း

ပွဲတော်အစည်းအဝေးသည် အခြားသူများကို ဆက်သွယ်ရန်နှင့် အမှုတော်ဆောင်ရန် အခွင့်အရေးများပံ့ပိုးပေးပါသည်။

ပွဲတော်အစည်းအဝေးသည် ဝိညာဉ်ပကတိခွန်အားဖြည့်ခြင်း၊ ကယ်တင်ရှင်နှင့် သူ၏အပြစ် ဖြေခြင်းမင်္ဂလာအကြောင်း ကိုယ်တိုင် တွေးတောစဉ်းစားခြင်းတို့ အတွက် အချိန်တစ်ခု ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် သတင်းပတ်တိုင်းတွင် ပွဲတော်ကို သုံးဆောင်ကြသည်နှင့်အမျှ၊ အတူတကွ တည်ဆောက်ခြင်းသို့ ရောက်ကြ၏ ( သြဝါဒနှင့်ပဋိညာဉ်များကျမ်း ၈၄:၁၁၀ကိုရှု)။ သို့သော် ကျွန်ုပ်တို့၏ အသင်းတော်စုနှင့် အသင်းတော်ခွဲများရှိ အချို့သည် ၎င်းတို့နှင့်အတူ ကြီးမားလေးလံသော ဝန်ထုပ်ဝန်ပိုးများကို သယ်ဆောင်လာကြသည် သို့မဟုတ် လုံးဝမရှိကြပါ။ သို့သော် ကျွန်ုပ်တို့၏ အသင်းတော်စုနှင့် အသင်းတော်ခွဲများရှိ အချို့သည် ၎င်းတို့နှင့်အတူ ကြီးမားလေးလံသော ဝန်ထုပ်ဝန်ပိုးများကို သယ်ဆောင်လာကြသည် သို့မဟုတ် လုံးဝမရှိကြပါ။

အောက်ပါတို့မှာ ထိုသန့်ရှင်းမွန်မြတ်သော အချိန်နာရီကို အခြားသူများအား အမှုတော်ဆောင်ရန်နှင့် သူတို့၏ ဘဝများ၌ ခြားနားမှုတစ်ခုကို ဆောင်ရွက်ပေးရန် ကျွန်ုပ်တို့ အသုံးပြုနိုင်ရာ အခွင့်အလမ်းအချို့ ဖြစ်ပါသည်။

ကူညီမှုသည် သင်အမှုတော်ဆောင်မည့် သူတို့အတွက် ပွဲတော်အစည်းအဝေးကို ပိုမိုကောင်းမွန်လာစေပါသည်

မည်သို့ အမှုတော်ဆောင်ရမည်ကို လေ့လာရာတွင် ပထမဆုံးအဆင့်မှာ လူတစ်ဦးချင်းစီ သို့မဟုတ် မိသားစုများနှင့် ၎င်းတို့၏ လိုအပ်ချက်များကို သိရှိလာခြင်း ဖြစ်သည်။ ၎င်းတို့အကြောင်းကို ပိုမိုလေ့လာခြင်းအားဖြင့် ၎င်းတို့၏ ပွဲတော်ဝတ်ပြုမှုအတွေ့အကြုံကို ပိုမိုကောင်းမွန်လာစေရန် သင်ကူညီနိုင်မည့် နည်းလမ်းများရှိနိုင်ပါသည်။

အမွှာကလေးငယ်နှစ်ဦး၏ မိခင်ဖြစ်သည့် မင်ဒီအတွက် သူမ၏ အမှုတော်ဆောင်ညီအစ်မ၏ ရိုးရှင်းသော ကြိုးပမ်းမှုများက အပတ်စဉ် သူမ၏ ပွဲတော်အစည်းအဝေးအတွေ့အကြုံကို အကြီးအကျယ်ပြောင်းလဲစေခဲ့ပါသည်။

“ကျွန်မခင်ပွန်းရဲ့ အလုပ်အချိန်ဇယားကြောင့် ကျွန်မတို့ရဲ့ အမွှာသမီးနှစ်ဦးကို ကျွန်မကပဲ အပတ်စဉ် အသင်းတော်ကို ခေါ်လာရတယ်၊” ဟု မင်ဒီက ရှင်းပြသည်။ “အလုပ်ရှုပ်တဲ့ ကလေးနှစ်ယောက်နဲ့ ပွဲတော်အစည်းအဝေးတိုင်းကို တက်ရောက်ဖို့ဆိုတာ အလွန်ပဲခက်ခဲလွန်းပါတယ်၊ ဒါပေမယ့် ကျွန်မရဲ့ အမှုတော်ဆောင် စစ္စတာက ကျွန်မကိုကူညီဖို့ အဲ့ဒီခက်ခဲမှုတွေကို သူမဘာသာ တာဝန်ယူပေးပါတယ်။

“သူက အပတ်တိုင်း ကျွန်မတို့နဲ့အတူထိုင်ပြီး ကျွန်မရဲ့သမီးတွေကို စောင့်ရှောက်ရာမှာ ကျွန်မကို ကူညီပေးပါတယ်။ သူမဘေးမှာ ကျွန်မနေရခြင်းက အလွန်ပဲအဓိပ္ပာယ်ရှိလှပြီး သူတို့တွေ ဝုန်းဒိုင်းကြဲနေချိန်တွေနဲ့ ဇီဇာကြောင်နေချိန်တွေမှာ ကျွန်မရဲ့စိုးရိမ်စိတ်ကို တကယ်ပဲသက်သာစေပါတယ်။ ကျွန်မဘဝရဲ့ အဲ့ဒီလိုအချိန်တွေမှာ သူမရဲ့ဆောင်ရွက်ချက်တွေက ကျွန်မအပေါ်ကို ဘယ်လောက်တောင် သက်ရောက်မှုရှိတယ်ဆိုတာ သူမသိလိမ့်မယ်လို့ ကျွန်မတော့မထင်ဘူး။ ငယ်ရွယ်တဲ့၊ စိုးရိမ်စိတ်တွေပြည့်နေတဲ့ မိခင်တစ်ယောက်အနေနဲ့ ကျွန်မရဲ့လိုအပ်ချက်တွေကို သူကမြင်ပြီး အသင်းတော်ကို ကျွန်မတို့အားလုံးအတွက် ငြိမ်းချမ်းပြီးပျော်စရာနေရာတစ်ခုဖြစ်အောင် ကူညီဆောင်ရွက်ပေးပါတယ်။”

ထူးခြားသော လိုအပ်ချက်များနှင့် ရှိသူများကို ကူညီရန်စိတ်ကူးများ

  • အသင်းလူကြီးအဖွဲ့ဝင်များနှင့် လူမှုသက်သာရေးအဖွဲ့ခေါင်းဆောင်များအား အသင်းသားများ၏ လိုအပ်ချက်များနှင့်ပတ်သက်၍ ပြန်လည်အစီရင်ခံပါ။

  • ခေါင်းဆောင်များသည် အသင်းသားများ၏ လိုအပ်ချက်များ ပြည့်စေဖို့ အကူအညီရစေရန် ပွဲတော်ဟောပြောချက်များကို စီစဉ်ထားသည်။ အကယ်၍ သင်အမှုတော်ဆောင်သည့် သူများ သတင်းစကားအချို့ကို ကြားနားခြင်းမှ အကျိုးရှိမည် ဆိုလျှင်၊ ထိုအကြံဉာဏ်ကို သင်၏ခေါင်းဆောင်များနှင့် မျှဝေပါ။

  • တစ်စုံတစ်ဦးသည် မသန်စွမ်းမှု သို့မဟုတ် အစားအစာဓာတ်မတည့်မှုကြောင့် ပွဲတော်၏ ကောင်းချီးမင်္ဂလာများ ခံစားရခြင်းမှ တားဆီးခံထားရကြောင်း သင်သိရှိပါက သူတို့အား အသေးစိတ်ကိုလည်းကောင်း၊ မည်သည့်နေရာထိုင်ခင်းများက သူတို့၏ ဝတ်ပြုကိုးကွယ်ခြင်း အတွေ့အကြုံ တိုးတက်ကောင်းမွန်စေမည့် အကြောင်းကို လည်းကောင်း မေးမြန်းပါ။ ဤသတင်းအချက်အလက်ကို သင်၏ခေါင်းဆောင်များနှင့် မျှဝေပါ။

  • သင်အမှုတော်ဆောင်သည့် သို့မဟုတ် သင်သိသည့် သူတစ်ဦးသည် အမြဲတမ်းဖြစ်စေ၊ ယာယီဖြစ်စေ နေအိမ်ခြေချုပ်မိနေပါက ၎င်းတို့ကို အိမ်တွင် ပွဲတော်ပြုလုပ်ပေးနိုင်ခြင်း ရှိမရှိ သင်၏သင်းအုပ်ကို မေးမြန်းပါ။ သင်သည် ပွဲတော်အစည်းအဝေးအတွင်း မှတ်စုများကိုပင် ရေးထားနိုင်ပြီး ဖုန်းမှတစ်ဆင့်၊ အီးမေးလ်ဖြင့်၊ သို့မဟုတ် လူချင်းတွေ့၍ မျှဝေပေးနိုင်ပါသည်။

  • အကယ်၍ သင်အမှုတော်ဆောင်သည့်သူတွင် ကလေးငယ်များ ရှိပါက၊ သင်သည် သူတို့ကို ပွဲတော်အစည်းအဝေးအတွင်း ကူညီပေးရန် ကမ်းလှမ်းနိုင်ပါသည်။

  • အကယ်၍ သင်အမှုတော်ဆောင်သည့်သူသည် ပွဲတော်အစည်းအဝေးသို့ မကြာခဏ မလာရောက်လျှင် နားလည်းပေးနိုင်ရန် ကြိုးစားပါ၊ သင်ကူညီနိုင်မည့် နည်းလမ်းများကို တွေးတောပါ။ သူတို့၌ သွားလာရေး လိုအပ်ချက်ရှိလျှင် သင်သည် ပို့ဆောင်ရေး တစ်ခုဖြင့် ကမ်းလှမ်းနိုင်ပါသည်။ အကယ်၍ သူတို့သည် မိသားစု၏ ပံ့ပိုးခြင်းကို မခံရဟု ခံစားရပါက သင်နှင့်အတူထိုင်ရန် သူတို့ကို သင်ဖိတ်ကြားနိုင်ပါသည်။ ပွဲတော်အစည်းအဝေး၌ ကြိုဆိုခြင်းနှင့် အလိုရှိခြင်းကို သူတို့ခံစားရဖို့ ကူညီရန် သင်သည် အထူးဖိတ်ကြားမှုများကို လုပ်ဆောင်နိုင်ပါသည်။

သတိရပါ၊ ရိုးရှင်းသော ကိုယ်အမူအရာများသည် ခရီးရောက်ပါသည်

လူမှုသက်သာရေးအဖွဲ့ အထွေထွေဥက္ကဋ္ဌဖြစ်သူ စစ္စတာ ဂျင်းဘီဘင်ဂမ်မှ အမှုတော်ဆောင်ခြင်းအကြောင်း ပြောကြားရာတွင် သင်ကြားပေးသည်မှာ- “တစ်ခါတစ်ရံမှာ ကျွန်မတို့ဟာ ကျွန်မတို့ရဲ့ အိမ်နီးချင်းတွေကို အစေခံခြင်းအဖြစ် ‘မှတ်ယူ’ ဖို့ ကြီးကျယ်ပြီး သူရဲကောင်းဆန်တဲ့ အရာတွေလုပ်ရမယ်လို့ တွေးတက်ကြတယ်။ ရိုးရှင်းတဲ့ အစေခံခြင်း လုပ်ဆောင်ချက်တွေက အခြားသူတွေနဲ့ ကျွန်မတို့ကိုယ်တိုင်အပေါ် လေးနက်တဲ့ သက်ရောက်မှုများ ရှိနိုင်ပါတယ်။”

ဘယ်လ်ဂျီယမ်နိုင်ငံရှိ သေးငယ်သော အသင်းတော်စုတစ်ခုတွင် အီဗိုက်တာသည် အသင်းတော်အစည်းအဝေးများအတွင်း စပိန်စကားပြော ဧည့်သည်များနှင့် အသင်းဝင်များအတွက် ဘာသာပြန်ရန် မကြာခဏကမ်းလှမ်းပါသည်။ တစ်ကြိမ်တွင် အသင်းတော်အကြောင်း လေ့လာနေသည့် ဒိုမီနီကန်ပြည်သူ့သမ္မတနိုင်ငံမှ ပုဂ္ဂိုလ်တစ်ဦးအား အီဗိုက်တာနှင့် မိတ်ဆက်ပေးခဲ့သည်။ သူသည် အင်္ဂလိပ်စာအချို့ကို သိ၏၊ သို့ရာတွင် စပိန်မှာ သူ၏ မိခင်ဘာသာစကားဖြစ်သည်။ ထိုသူ ပို၍အဆင်ပြေစေရန် အီဗိုက်တာသည် ထိုသူအတွက် ပွဲတော်အစည်းအဝေးတွင် တိတ်ဆိတ်စွာဘာသာပြန်ပေးရန် ကမ်းလှမ်းခဲ့သည်။

“ဘာသာပြန်ခြင်းက တစ်ခါတစ်ရံတွေမှာ ကျွန်မရဲ့ဥပုသ်နေ့ကို နည်းနည်းပိုပြီး အလုပ်များစေပါတယ်၊” ဟု အီဗိုက်တာက ပြောသည်။ “ဒါပေမယ့် တခြားသူတွေကို စကားပြန်လိုအပ်လားလို့ မေးပြီးတဲ့နောက်မှာ သူတို့ကို ဝိဉာဉ်တော်ကို ခံစားမိပြီး သူတို့ရဲ့အစည်းအဝေးကို တက်နိုင်အောင် ကျွန်မကကူညီပေးနိုင်ကြောင်း သိရလို့ ဝမ်းသာမှုနဲ့ နွေးထွေးမှုကို ခံစားရပါတယ်။”

ရိုးရှင်းသော ကိုယ်အမူအရာများမှတစ်ဆင့် ကူညီရန် အကြံဉာဏ်များ

  • ပွဲတော်အစည်းအဝေးအတွင်း အနည်းငယ်သော ဝန်ဆောင်မှုအပို လိုအပ်နိုင်သည့် သူများကို သိရှိစေရန် သင့်ခေါင်းဆောင်များကို ပြောပြပါ။ သို့မဟုတ် လိုအပ်သူတစ်ဦးဦးကို သင်သိလျှင် ၎င်းတို့ကိုသင့်ခေါင်းဆောင်များ သတိထားမိကြောင်း သေချာပါစေ။

  • အစည်းအဝေးစတင်ရန်အတွက် သင်စောင့်နေစဉ်တွင် တိတ်ဆိတ်စွာထိုင်နေပါ။ ဤသို့ပြုခြင်းက သန့်ရှင်းသောနေရာ၌ ရိုသေခြင်းမှတစ်ဆင့် ရောက်ရှိနိုင်သော ငြိမ်သက်ခြင်းကို လိုအပ်သည့် “ကျွန်ုပ်တို့အနားမှာရှိသော အခြားကြေကွဲနေသည့်နှလုံးသားများနှင့် ဝမ်းနည်းနေရသည့် စိတ်ဝိညာဉ်များ”ကို ကူညီလိမ့်မည်။

  • အစာရှောင်တနင်္ဂနွေနေ့တွင်၊ အပိုနှစ်သိမ့်မှု လိုအပ်နိုင်သည့် သင်အမှုတော်ဆောင်နေသည့် သူတစ်စုံတစ်ဦးအတွက် သင်၏အစာရှောင်ခြင်းနှင့် ဆုတောင်းခြင်းများ ဆက်ကပ်ခြင်းကို ဆင်ခြင်ပါ။

  • ပွဲတော်အစည်းအဝေးအတွင်း ဘေးတွင် သို့မဟုတ် အနီးတွင် ထိုင်ခြင်းဖြင့် သင့်ဆီမှ အကျိုးတရား ရရှိနိုင်မည့်သူ တစ်စုံတစ်ဦး ရှိမရှိ သို့မဟုတ် သင်ကူညီပေးနိုင်သည့် အခြားတစ်နည်းနည်းရှိမရှိကို သိရန်ဆုတောင်းပါ။

ပွဲတော်အစည်းအဝေးသည် အားလုံးအတွက် ကြိုဆိုသည့်နေရာတစ်ခု ဖြစ်နိုင်ပါသည်

ဥက္ကဋ္ဌ ဂျိုးဇက်ဖီးလ်ဒင်းစမစ် (၁၈၇၆-၁၉၇၂)က “ပွဲတော်အစည်းအဝေးဟာ အသင်းတော်ရဲ့ အစည်းအဝေးများအားလုံးမှာ အသန့်ရှင်းအမွန်မြတ်ဆုံး၊ အသန့်ရှင်းဆုံးဖြစ်ပါတယ်” ဟု သင်ကြားခဲ့သည်။ မည်သည့်ကိစ္စတွင်မဆို ပွဲတော်အစည်းအဝေး တက်ရောက်နေသူများအားလုံး၊ အထူးသဖြင့် အသင်းဝင်သစ်များ သို့မဟုတ် အပိုင်းအခြားတစ်ခုထိ မတက်ရောက်ခဲ့သော အသင်းဝင်များသည် ကြိုဆိုခြင်း ဝိညာဉ်ပကတိအားဖြည့်ခြင်းကို ခံစားရကြောင်း သေချာစေရန် အရေးကြီးပါသည်။

သြစတြေးလျနိုင်ငံ၊ နယူးဆောက်ဝေးလ်မှ မီရာနီယာ သည် သူမ၏အသင်းတော်စုရှိ အသင်းတော်အကြောင်း လေ့လာနေသော အမျိုးသမီးတစ်ဦးနှင့် မိတ်ဖွဲ့ခဲ့သည်။ “သူက အခုဆို ကျွန်မရဲ့ချစ်ခင်ရတဲ့ သူငယ်ချင်းတစ်ဦး ဖြစ်နေပါပြီ” ဟု မီရာနီယာက ဆိုသည်။ “အပတ်စဉ် ပွဲတော်အစည်းအဝေးတွေမှာ သူ့အနားမှာထိုင်ရတာကို ကျွန်မကြိုက်နှစ်သက်ပါတယ်၊ ပြီးတော့ သူဘယ်လိုနေလဲ ပြီးတော့ သူ့ကိုကျွန်မကူညီပေးနိုင်တာများ ရှိမလားလို့ သူ့ကို ကျွန်မအမြဲတမ်းမေးတယ်။” နောက်မကြာမီမှာ မီရာနီယာရဲ့သူငယ်ချင်းဟာ ဗတ္တိဇံခံခဲ့ပါတယ်။ အသင်းတော်စု အသင်းသားများ၏ အားထုတ်မှုများနှင့် ပွဲတော်အစည်းအဝေးများတွင် နွေးထွေးကြိုဆိုသော ဝန်းကျင်အခြေအနေက သူမ၏ဆုံးဖြတ်ချက်တွင် ကြီးမားသောအစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့သည်။

ပြန်လာသည့် အသင်းသားများ သို့မဟုတ် အသင်းဝင်သစ်များကို အမှုတော်ဆောင်ရန် အကြံဉာဏ်များ

  • ပွဲတော်အစည်းအဝေးတွင် သင်ပြောကြားရတော့မည့်အခါတွင် သင်၏သတင်းစကားကို ကြားစေရန် မိတ်ဆွေများ၊ မိသားစုနှင့် အခြားသူများကို သင်ဖိတ်ကြားနိုင်သည်။

  • သင်သည် တစ်ဦးတည်းဖြစ်နေသည့် သို့မဟုတ် အကူညီလိုအပ်နိုင်သည့် သူများကို ရှာဖွေပြီး ကြိုဆိုနိုင်သည်။ သူတို့ဘေးမှာ သင်ထိုင်၍ရမရ မေးမြန်းပါ သို့မဟုတ် သူတို့ကို သင်နှင့်အတူထိုင်ရန် ဖိတ်ကြားပါ။

  • အစည်းအဝေးပြီးဆုံးသောအခါတွင် သင်သည် ၎င်းတို့ကို အမှုတော်ဆောင်ရန်နှင့် အခြားသော နောက်လာမည့် အသင်းတော်၏ လှုပ်ရှားမှုများအတွက် ဗိမာန်တော် သို့မဟုတ် လူမှုရေးပွဲတစ်ပွဲသို့ ဖိတ်ကြားနိုင်သည်။

  • သင်အမှုတော်ဆောင်နေသည့် တစ်စုံတစ်ဦး ပွဲတော်အစည်းအဝေးများ တက်ရောက်သော်လည်း အချိန်အပိုင်းအခြားတစ်ခုထိ မလာဖြစ်ပါက သွန်သင်ပေးခဲ့သည့် အရာနှင့် စပ်လျဉ်း၍ သူတို့၌ မေးခွန်းတစ်စုံတစ်ရာ ရှိမရှိကို သင်မေးမြန်းနိုင်ပါသည်။ သူတို့နားမလည်သည့် အသုံးအနှုန်းတစ်ခု၊ ဇာတ်ကြောင်းတစ်ခု သို့မဟုတ် ဩဝါဒအပိုင်းတစ်ခု ရှိပါက သင့်ကိုချဉ်းကပ်မေးမြန်းရန် သူတို့ကို အစဉ်အမြဲ ကြိုဆိုကြောင်း ပြောပြပါ။ လိုအပ်ပါက သင်သည် အဖြေများကို အတူတကွ ရှာကြည့်နိုင်ပါသည်။

မှတ်စုများ

  1. ဂျင်မ် ဘီ ဘရင်ဟန် “ကယ်တင်ရှင် အမှုတော်ဆောင်သကဲ့သို့ပြုလုပ်ပါ” လိယဟော်နာ၊ မေ ၂၀၁၈၊၁၀၄။

  2. ဂျက်ဖရီ အာ ဟော်လန်၊ “ဘုရားသခင်၏သိုးသငယ်ကိုကြည့်လော့၊” လိယဟော်နာ မေ၂၀၁၉၊ ၆၄။

  3. ဂျိုးဇက်ဖီးလ်ဒင်းစမစ်၊ ညီလာခံအစီရင်ခံစာ၊ အောက်တိုဘာ ၁၉၂၉၊ ၆၀-၆၁။

ပုံနှိပ်သည်