၂၀၂၀
ကိုယ်ထူကိုယ်ထမှတစ်ဆင့် အမှုတော်ဆောင်ခြင်း
သြဂုတ်လ ၂၀၂၀


“ကိုယ်ထူကိုယ်ထမှတစ်ဆင့် အမှုတော်ဆောင်ခြင်း၊” Liahona, သြဂုတ်လ ၂၀၂၀

ရုပ်ပုံ
အမှုတော်ဆောင်ခြင်း

အမှုတော်ဆောင်ခြင်းအခြေခံသဘောတရားများ၊ သြဂုတ်လ ၂၀၂၀

ကိုယ်ထူကိုယ်ထမှတစ်ဆင့် အမှုတော်ဆောင်ခြင်း

အခြားသူတို့အား ကိုယ်ထူကိုယ်ထဖြစ်လာစေရန် ကူညီခြင်းသည် ကိုယ်တော်ရှင်၏နည်းဖြင့် ပံ့ပိုးခြင်းနှင့် အမှုတော်ဆောင်ခြင်းဖြစ်ပါသည်။

ကျွန်မတို့၏မိသားစုဝင်များ၊ သူငယ်ချင်းများနှင့် အိမ်နီးချင်းများသည် ပို၍ကိုယ်ထူကိုယ်ထဖြစ်လာခြင်း၌ စိတ်ဝင်စားကြပါသည်။ အသင်းတော်၏ကိုယ်ထူကိုယ်ထ ပဏာမကို အသုံးပြုလျက်၊ အသင်းတော်အသင်းသားတို့သည် အခြားသူတို့အား “သာ၍ကြီးသော မျှော်လင့်ခြင်း၊ ငြိမ်းချမ်းခြင်းနှင့် တိုးတက်ခြင်းတို့ကို ဖြစ်စေသည့် အခြေခံသဘောတရားများနှင့် ကောင်းချီးပေးစဉ်တွင်၊ အစေခံရန်၊ ဂရုစိုက်ရန်နှင့် အမှုတော်ဆောင်ရန် အခွင့်အလမ်းများကို တွေ့နေကြပါသည်။”

“ကျွန်မအိမ်မှာ”

ခရစ်ဆီ ကက်ပလာ၊ အာရီဇိုးနား၊ ယူအက်စ်အေမှ

ကျွန်မသည် အိမ်ထောင်ကွဲပြီးနောက် ဖြစ်လာခဲ့သည့် ငွေရေးကြေးရေးကျပ်တည်းလျက်၊ ရှစ်နှစ်ကြာ၊ အိမ်နေအမေတစ်ဦးအဖြစ်ရှိနေခဲ့ပြီးနောက် အလုပ်သို့ပြန်ဝင်ရန်နည်းလမ်းကို တွေ့ဖို့ကြိုးစားလျက်ရှိပါသည်။ ကျွန်မသည် ဆယ်ကျော်သက်အရွယ်ကတည်းက ဘုရားဝတ်ပြုခန်းသို့ ခြေမချမိခဲ့ပြီ ဖြစ်သော်လည်း၊ သမ္မာတရားနှင့် ယုံကြည်ခြင်းကို ရှာလျက်၊ ဝိညာဉ်ပကတိ၌လည်း ရုံးကန်လျက်ရှိနေခဲ့ပါသည်။

တနင်္ဂနွေနေ့တစ်နေ့တွင်၊ ကျွန်မအစ်မအကြီးဆုံး၊ အသင်းတော်၌တက်ကြွသောအသင်းသား၊ ပရစ်စ်စီလာ၏အိမ်၌ ကျွန်မအဝတ်လျှော်နေခဲ့ပါသည်။ ကျွန်မအဲဒီမှာရှိနေတုန်း၊ ပရစ်စ်စီလာက ကျွန်မကို သူမမိသားစုနှင့်အတူ ဘုရားကျောင်းတက်ဖို့ ဖိတ်ခေါ်ခဲ့ပါသည်—၁၅ နှစ်အတွင်းမှာ ကျွန်မ၏ ပထမဦးဆုံး ဖိတ်ခေါ်ခြင်းဖြစ်ပါသည်။

အစကတော့ကျွန်မစိတ်မပါခဲ့ပါဘူး၊ ဒါပေမယ့် မတိုင်ခင်ညမှာ၊ ကျွန်မ ဘုရားသခင်ဆီကို ဘယ်လိုချဉ်းကပ်ရမယ်ဆိုတာကို ပြဖို့ အသနားခံခဲ့ပါတယ်။ အထဲမှာ ဆွဲဆောင်မှုတစ်ခုကို ခံစားရပြီးနောက်၊ “ကျွန်မလည်း အရွယ်ရောက်သူတစ်ဦးအနေနဲ့ မင်းကိုယ်တိုင်ရဲ့ နှလုံးသား၊ မျက်လုံးတို့နဲ့ ဘာဖြစ်လို့ သွားပြီး၊ နားမထောင်ဘဲနေရမှာလဲ” လို့ ကောက်ချက်ချမိခဲ့ပါတယ်။

ကျွန်မတို့ ပွဲတော်အစည်းအဝေးမှာ ရှိနေစဉ်မှာ၊ ကိုယ်ပိုင်ငွေကြေးအကြောင်း ကိုယ်ထူကိုယ်ထသင်တန်း ကြေညာချက်ကို တနင်္ဂနွေနေ့ကြေညာစာရွက်တစ်ခုမှာ သတိပြုမိလိုက်ပါတယ်။ ကျွန်မဟာ ဘုရားကျောင်းကို ပြန်သွားဖို့ အဆင်သင့်မဖြစ်သေးပါဘူး၊ ဒါပေမယ့် ၁၂-ပတ်သင်တန်းရဲ့ ဆွဲဆောင်မှုကို ခံရပါတယ်။ ကျွန်မ အစ်မနဲ့ ခဲအိုရဲ့အားပေးမှုကြောင့်၊ ရသုံးငွေစာရင်းပြုလုပ်ပုံနှင့် အကြွေးဆပ်ပုံတို့ကိုသာ သင်ယူမယ်လို့မျှော်လင့်ရင်း ကျွန်မစာရင်းပေးခဲ့ပါတယ်။ သို့သော်လည်း၊ အတန်းတွေက ကျွန်မကို ဝိညာဉ်ပကတိမှာ ပြောင်းလဲပေးခဲ့ပါတယ်။

ကျွန်မဟာ သင်တန်းရဲ့ ပထမသီတင်းပတ်အချို့ဝိညာဉ်ပကတိအမှာစကားများအားဖြင့် အံ့ဩခဲ့ရပါတယ်၊ ဒါပေမယ့် တတိယသင်တန်း ကာလအတွင်းမှာ၊ ကျွန်မဟာ အိမ်မှာရောက်နေပြီး၊ အသစ်ဖြစ်ပေမယ့် အကျွမ်းဝင်တဲ့ သမ္မာတရားတွေကို ကြားနေရကြောင်း အတည်ပြုခြင်း ခံစားချက်နဲ့ ပြည့်ခဲ့ပါတယ်။ ကျွန်မ သင်တန်းက ထွက်လာခဲ့ပြီး၊ ပရစ်စ်စီလာကို တွေ့ဖို့ တည့်တည့်မောင်းလာခဲ့ပါတယ်။ မျက်ရေတွေနဲ့၊ ကျွန်မ သူ့ကို၊ “ကျွန်မဘဝမှာ ဒီခံစားချက်ကို ကျွန်မဘယ်လိုပိုပြီး ရရှိမလဲ” လို့ မေးခဲ့ပါတယ်။ သူမက ကျွန်မကို စပြီးသွန်သင်ပေးဖို့ သာသနာပြုတွေနဲ့စီစဉ်ပါတယ်။

ကျွန်မရဲ့ ကိုယ်ထူကိုယ်ထသင်တန်းသားတွေက ကျွန်မရဲ့ သာသနာပြုသင်ခန်းစာတွေမှာ ကျွန်မကို လာရောက်ကူညီကြပါတယ်။ သူတို့က ကျွန်မရဲ့ဝိညာဉ်ပကတိအပေါ် တည်မြဲတဲ့သက်ရောက်မှုကို ပြုခဲ့ကြပြီး၊ ဧဝံဂေလိတရားတော်နဲ့ ခေတ်သစ်ပရောဖက်များအကြောင်း သက်သေခံချက် ဖွံ့ဖြိုးဖို့ ကျွန်မကို ကူညီခဲ့ပါတယ်။

သင်တန်းပြီးဖို့ ကြာတဲ့အချိန်အတွင်းမှာ ကျွန်မဟာ ဇာတိပကတိနဲ့ ဝိညာဉ်ပကတိပြောင်းလဲမှုအချို့ကို ပြုခဲ့ပါတယ်။ ကျွန်မဟာ ကုမ္ပဏီကောင်းတစ်ခုမှာ အသက်မွေးဝမ်းကြောင်းလုပ်ငန်းအသစ်တစ်ခုကို စခဲ့ပြီး၊ ချေးငွေအချို့ကို ဆပ်ခဲ့ပါတယ်။

သို့သော်လည်း သင်တန်းကနေရခဲ့တဲ့ ပိုပြီးနက်ရှိုင်း၊ ပိုပြီးချိုမြိန်တဲ့ကောင်းချီးမင်္ဂလာတွေထဲမှာ၊ သာယာသောမိတ်ဆွေဖွဲ့ခြင်း၊ အားပေးတတ်တဲ့ သင်းအုပ်နဲ့ ကောင်းသောဆက်ဆံရေးဖွံ့ဖြိုးခြင်း၊ ဆယ်ဖို့တစ်ဖို့အကြောင်း သက်သေခံချက်တစ်ခု တွေ့ခြင်း၊ ကျွန်မရဲ့ဗိမာန်တော်ထောက်ခံချက်ကို ရရှိခြင်း၊ ဝိညာဉ်ပကတိအပ်နှင်းခံရခြင်း၊ ကျွန်မရဲ့ အကြီးဆုံးသားနှစ်ယောက်ဗတ္တိဇံခံတာကို မြင်ရခြင်းတို့ ပါဝင်ပါတယ်။

ကျွန်မရဲ့ ကိုယ်ထူကိုယ်ထလမ်းကြောင်းဟာ ဖွင့်နေဆဲရှိပါသေးတယ်၊ ဒါပေမယ့် ကျွန်မခရီးရဲ့ကျန်တဲ့အပိုင်းမှာ၊ ကျွန်မသင်ယူခဲ့ရတဲ့သင်ခန်းစာတွေ၊ ကျွန်မဖွဲ့ကတဲ့ မိတ်ဆွေဖြစ်ခြင်းတွေကို ကျွန်မမြတ်နိုးမှာပါ။

“အတန်းတိုင်းကို ချစ်ခြင်းခံစားချက်ဖြင့် ကျွန်မခွဲခွာခဲ့ပါတယ်”

၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာမှာ၊ ကေတီဖန့်ဟာ သူမရဲ့သား၊ ဆယ်နှစ်သား၊ ဗင်ဆင်နဲ့အတူ ဆော့လိတ်မြို့၊ ယုတရှိ ဗိမာန်တော်ရင်ပြင်ကို အလည်အပတ်သွားတုန်းက သူ့ကိုယ်သူ “အပြတ်အသတ် ဘုရားတရားမယုံကြည်သူ” အဖြစ်မှတ်ယူခဲ့ပါတယ်။ သူမဟာ အသက် ၁၆ နှစ်မှာ အသင်းတော်ကို စွန့်ခွာခဲ့ပြီး၊ ၁၇ နှစ်မှာ တစ်ကိုယ်ရေ အမေတစ်ယောက် ဖြစ်လာခဲ့ပါတယ်၊ မင်ကြောင်တွေစထိုးလာခဲ့ပြီး၊ ကော်ဖီကိုကြိုက်နေခဲ့ပါပြီ။ ဒါပေမယ့် အဲဒီ ဗိမာန်တော်ရင်ပြင် အလည်အပတ်အတွင်းမှာ၊ ဗင်ဆင်ဟာ သန့်ရှင်းသော ဝိညာဉ်တော်ကို ခံစားခဲ့ရပြီး၊ သာသနာပြု သင်ခန်းစာတွေကို သူသင်ယူလို့ ရမရ သူ့အမေကို မေးခဲ့ပါတယ်။

သူမဟာ သီတင်းပတ်တွေမှာ နာရီ ၈၀ လုပ်ရတဲ့ အလုပ်နှစ်ခု ရှိတဲ့ကြားက၊ ဗင်ဆင်နဲ့အတူ ဧဝံဂေလိတရားတော်ကို လေ့လာခဲ့တယ်၊ သာသနာပြုတွေ အလည်အပတ်လာစဉ်အတွင်း သူ့မေးခွန်းတွေအတွက် အဖြေတွေကို အသေးစိတ်ရှာဖွေခဲ့ပါတယ်။ ၂၀၁၇ ခုနှစ် နွေရာသီမှာ သူမဟာ အသင်းတော်အစည်းအဝေးတွေကို စတက်နေခဲ့ပါပြီ၊ အဲဒီမှာပဲ အသင်းတော်ရဲ့ ကိုယ်ထူကိုယ်ထသင်တန်းတွေကို သူမသင်ယူခဲ့ပါတယ်။

“အဲဒီသင်တန်းတွေဟာ ကျွန်မကိုကူညီနိုင်တဲ့ အရာအချို့ဖြစ်တယ် ဆိုတာ ကျွန်မသတိပြုမိခဲ့ပါတယ်” လို့ သူမက ပြောပါတယ်။ “ကျွန်မ အလုပ်နှစ်ခုလုပ်ဖို့ သို့မဟုတ် ကျွန်မဘဝရဲ့ ကျန်တဲ့အချိန်တွေမှာ ကျွန်မမိဘတွေကို မှီခိုဖို့ လိုအပ်မှာမဟုတ်ပါဘူး။”

ကေတီက သူမရဲ့သင်တန်းကို သူမသင်ယူခဲ့ရတဲ့အရာ ကြောင့်သာမဟုတ်ဘဲ၊ သူမရဲ့ ကိုယ်ထူကိုယ်ထအဖွဲ့ သူမကို မည်သို့ လက်ခံခဲ့အမှုတော်ဆောင်ခဲ့တယ်ဆိုတဲ့အရာကြောင့်လည်း “ဇာတိပကတိနဲ့ ဝိညာဉ်ပကတိတွေမှာ အံ့ဩဖွယ်ခွန်အားဖြည့်ပေးခြင်း” ဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။

မှတ်စုများ

  1. Personal Finances for Self-Reliance နှင့်စပ်လျဉ်း၍ “Message from the First Presidency,” ၊ (၂၀၁၆)။

ပုံနှိပ်သည်