၂၀၂၀
လာ၍ငါ့နောက်သို့လိုက်လော့မှတစ်ဆင့်အမှုတော်ဆောင်ခြင်း
စက်တင်ဘာလ ၂၀၂၀


လာ၍ငါ့နောက်သို့လိုက်လော့မှတစ်ဆင့်အမှုတော်ဆောင်ခြင်း” Liahona, စက်တင်ဘာလ ၂၀၂၀

ရုပ်ပုံ
အမှုတော်ဆောင်ခြင်း

အမှုတော်ဆောင်ခြင်းအခြေခံသဘောတရားများ စက်တင်ဘာလ ၂၀၂၀

လာ၍ငါ့နောက်သို့လိုက်လော့မှတစ်ဆင့်အမှုတော်ဆောင်ခြင်း

လာ၍ငါ့နောက်သို့လိုက်လော့သည်သင့်အား အခြားသူတို့၏ဘဝများ၌ ကွဲပြားမှုပြုစေရာ၌ အဘယ်သို့အားဖြင့် ကူညီပါသနည်း။

သင်သည် သင်၏ မိသားစုနှင့်ဖြစ်စေ၊ တနင်္ဂနွေကျောင်းစာသင်ခန်း၌ ဆရာ သို့မဟုတ် ကျောင်းသားတစ်ယောက်အဖြစ် ဖြစ်စေ၊ သို့မဟုတ် ကျောင်း၊ အလုပ်၊ သို့မဟုတ် တစ်နေရာရာ၌ ဖြစ်စေ၊ လာ၍ ငါ့နောက်သို့လိုက်လော့မှတစ်ဆင့် ကျမ်းစာလေ့လာခြင်းသည် အခြားသူတို့ကို အမှုတော်ဆောင်ရန် အင်မတန်များစွာသောအခွင့်အရေးများကို ကမ်းလှမ်းပါတယ်။ သွန်သင်ခြင်းမှာ အမှန်စင်စစ်၊ “တနင်္ဂနွေနေ့၌ ဆွေးနွေးခြင်းတစ်ခုကို ဦးဆောင်ခြင်းထက်ပိုပါတယ်။ ၎င်းမှာ ချစ်ခြင်းဖြင့် အမှုတော်ဆောင်ခြင်းနှင့် အခြားသူတို့အား ဧဝံဂေလိတရားတော်ဖြင့် ကောင်းချီးပေးခြင်းတို့ ပါဝင်ပါတယ်။”

ကျောင်းသားများနှင့် ဆက်သွယ်ခြင်း

အိုဖီလီရာ တရက်ဂျို ဒီ ကာဒင်နာဟာ သူမ၏ မက္ကဆီကိုမြို့အသင်းတော်စု၌ အရွယ်ရောက်လူငယ်များကို သွန်သင်ရန် ခေါ်သွင်းခံရသောအခါ၊ တနင်္ဂနွေကျောင်း ကျောင်းသားတိုင်းနှင့် ရင်းနှီးသောဆက်ဆံရေးရှိခြင်းက သူတို့အပေါ် သူမ၏သွန်သင်နိုင်စွမ်းကိုတိုးစေ၍၊ ခွန်အားဖြည့်ပေးလိမ့်မည်ဟု ခံစားမိခဲ့ပါတယ်။

“ကျွန်မမှာ ကျွန်မကျောင်းသားများနှင့် ရင်းနှီးသောဆက်ဆံရေးမရှိလျှင်၊ ကျွန်မရဲ့ ချစ်ခြင်းကို သူတို့မခံစားရလျှင်၊ ကျွန်မသူတို့ကို သွန်သင်နေတဲ့အခါ သို့မဟုတ် ကျွန်မသက်သေခံချက်ကို ဝေငှနေတဲ့အခါ ကျွန်မကို သူတို့ယုံကြည်နိုင်မှာ မဟုတ်ပါဘူး” လို့ သူမက ပြောပါတယ်။ “ကျွန်မဟာ တနင်္ဂနွေကျောင်းဆရာတစ်ယောက်သာဖြစ်တယ်လို့ သူတို့ခံစားကောင်းခံစားနိုင်ပါတယ်။”

သို့ရာတွင် ညီအစ်မကာဒင်နာဟာ နှစ်ပတ်မှာတစ်ခါသာ သွင်သင်ခဲ့ရလျှင် ထိုကဲ့သို့သော ဆက်ဆံရေးကို မည်ကဲ့သို့ တည်ဆောက်နိုင်ခဲ့ပါသလဲ။ သူမသည် နည်းပညာအားဖြင့် အဖြေကို တွေ့ခဲ့ပါတယ်။ ရွေ့လျားဖုန်း WhatsApp ပရိုဂရမ်ကိုသုံး၍၊ သူမနှင့် သူမ၏ကျောင်းသားများသည် စာသားနှင့် အသံ သတင်းစကားများဖြင့် နေ့စဉ်ဆက်သွယ်လျက် ရှိခဲ့ကြပါတယ်။ ယခုတွင်၊ နောက်တနင်္ဂနွေကျောင်း သင်ခန်းစာမတိုင်မီ နေ့တိုင်း၌၊ အတန်းစေတနာ့ဝန်ထမ်းတစ်ဦးက ကိုယ်ပိုင်အတွေးနှင့် ဆက်စပ်သည့် နောက်သင်ခန်းစာမှ ကျမ်းစာပိုဒ်တစ်ပိုဒ်ကို အခြားအတန်းသားများသို့ ပို့ပေးပါတယ်။ ထိုကျမ်းပိုဒ်နှင့် အတွေးကို ဖတ်ပြီးနောက်၊ အတန်းသားများက မိမိတို့ကိုယ်ပိုင်အတွေးများဖြင့် တုန့်ပြန်ကြပါတယ်။

“သူတို့ကျမ်းစာဖတ်တဲ့အခါ၊ ပျော်ရွှင်တဲ့မျက်နှာကို ပြကြပါတယ်၊ ဒါကြောင့် သူတို့ကျမ်းစာကို ဖတ်ပြီးကြ၊ သို့မဟုတ် လေ့လာပြီးကြလို့ အဲဒီအကြောင်းကို တွေးတောခဲ့ကြပါတယ်” လို့ ညီအစ်မ ကာဒင်နာက ပြောပြပါတယ်။ နောက်တနင်္ဂနွေနေ့သင်ခန်းစာအတွက် အချိန်ကျရောက်လာတဲ့အခါ၊ ကျောင်းသားတွေဟာ ပါဝင်ဖို့ ပြင်ဆင်ထားကြပါတယ်။

မကြာသေးမီက ဤနေ့စဉ်ဆက်ဆံရေးသည် အသင်းတော်၌ မတက်ကြွသည့် မိဘတို့၏ အရွယ်ရောက်လူငယ်တစ်ဦးကို ကောင်းချီးပေးခဲ့ပါတယ်။

“သူဘုရားကျောင်းလာတာကို မြင်ရတာကျွန်မသဘောကျပါတယ်၊ အဲဒီကိုရောက်ဖို့ စိန်ခေါ်မှုအမျိုးမျိုးကို သူကျော်ဖြတ်ခဲ့ရတယ်ဆိုတာ ကျွန်မသိလို့ပဲဖြစ်ပါတယ်၊” လို့ အညီအစ်မကာဒင်နာက ပြောပါတယ်။ “သူ့အတန်းဖော်တွေ ပို့ခဲ့တဲ့ကျမ်းစာတွေနဲ့ အတွေးတွေ၊ သူ့အလှည့်မှာ သူပို့ခဲ့တဲ့ ကျမ်းစာတွေနဲ့ အတွေးတွေက သူ့ကို ခွန်အားများစွာ ဖြည့်ပေးခဲ့တဲ့ ဆိုတာ ကျွန်မသေချာပါတယ်။”

ကျမ်းစာများမှတစ်ဆင့်အမှုတော်ဆောင်ခြင်းက သူမ၏ တနင်္ဂနွေသင်ခန်းစာနှင့် သူမအတန်း၏နေ့စဉ်ကျမ်းစာဆိုင်ရာ ဆက်သွယ်ချက်ကို မရပ်တန့်စေခဲ့ကြောင်း ညီအစ်မကာဒင်နာက ပြောပါတယ်။

“ကျွန်မ၏ပြင်ဆင်ခြင်းတွင် ကျွန်မကျောင်းသားများအတွက် ဆုတောင်းခြင်းလည်းပါဝင်ပါတယ်” ဟု သူမကပြောပါတယ်။ “ကျွန်မ သူတို့အကြောင်းကို တနင်္ဂနွေနေ့မှာသာမဟုတ်ဘဲ၊ သီတင်းပတ်ရဲ့နေ့တိုင်းမှာ စဉ်းစားပါတယ်။ သူတို့တစ်ဦးချင်းစီမှာ ထူးခြားကွဲပြားတဲ့ လိုအပ်ချက်တွေ ရှိပါတယ်။ တစ်ဦးချင်းစီဟာ ဘုရားသခင်ရဲ့ သားသမီးဖြစ်ပါတယ်။ ကျွန်မသင်ခန်းစာတွေကို ပြင်ဆင်နေတုန်းမှာ သူတို့အကြောင်းကို စဉ်းစားပါတယ်။”

သူမသည် သွန်သင်သည့်အချိန်၌လည်း—သူမ၏ကျောင်းသားများနှင့် သန့်ရှင်းသောဝိညာဉ်တော် နှစ်ခုစလုံးကို သူမ နားထောင်ပါတယ်။

“ဆရာသည် ဝိညာဉ်တော်ဖြစ်ပါတယ်၊” ထိုဆရာကို သူမကျောင်းသားတို့၏အသံများ၌ သူမအကြိမ်ကြိမ်ကြားရပါတယ်။ “ကျွန်မအာရုံစိုက်ရပါတယ်၊ သူတို့ပြောတဲ့အရာဟာ သူတို့ကို ဝိညာဉ်တော်ပေးတဲ့ ဗျာဒိတ်တော်ဖြစ်လို့ပါပဲ။”

ကျွန်မတို့အတန်းသည် “အိမ်တွင်းညနေခင်းနှင့်တူပါတယ်”

ကာလာဂူတီရက်အော်တီဂါကော်ဒိုဘာသည် ညီအစ်မကာဒီနာ၏ တနင်္ဂနွေကျောင်းအတန်းသားဖြစ်ရသည်ကို ကောင်းချီးခံစားရသည်ဟု ခံစားရပါတယ်၊ ထိုအတန်း၏သွန်သင်ပဲ့ပြင်ခြင်းနှင့် အမှုတော်ဆောင်ခြင်း ပတ်ဝန်းကျင်ကြောင့်ဖြစ်ပါတယ်။ ကာလာသည် ထိုပတ်ဝန်းကျင်ကို အောက်ပါတို့အပါအဝင်၊ အကြောင်းအရာအမျိုးမျိုးဖြင့် မှတ်ယူပါတယ်။

  • ပြင်ဆင်ခြင်း၊ ကျမ်းစာများနှင့် အတွေးများကို ဝေငှခြင်းသည် ကျောင်းသားများအား နောက်အတန်းတွက် ပြင်ဆင်ရာ၌ ကူညီပါတယ်။ “နေ့စဉ်ကျမ်းစာများက ကျွန်မတို့ကို အားတက်စေပြီး၊ ကျွန်မတို့၏အသိပညာကို ကျယ်ပြန့်စေပါတယ်၊” ဟု သူမကရှင်းပြပါတယ်။

  • ပါဝင်ခြင်း၊ “ကျွန်မတို့အားလုံးစကားပြောကြပါတယ်။ ဤသို့ပြောခြင်းက ကျွန်မအတန်းသားတွေကို မိတ်ဆွေများအဖြစ်နဲ့ ညီအစ်ကိုမောင်နှမများအဖြစ် ပိုပြီးနက်နက်ရှိုင်းရှိုင်းသိရဖို့ ကျွန်မကို အခွင့်ပေးပါတယ်။”

  • ချစ်ခြင်း၊ “ညီအစ်မကာဒီနာက သင့်ကို လက်တွဲခေါ်ပါတယ်။ ကွန်မတို့အတန်းက၊ ညီအစ်ကိုမောင်နှမတွေများစွာတို့နဲ့အတူ အိမ်တွင်းညနေခင်းနဲ့ တူပါတယ်။ အဲဒါက အလွန်ထူးခြားပါတယ်။”

  • သန့်ရှင်းသောဝိညာဉ်တော်၊ ကျွန်မတို့ဟာ ဝိညာဉ်တော်နှင့် တစ်ဖက်ထဲ၌ရှိသောကြောင့်၊ ကျွန်မတို့ အတန်းမှာ သာယာသော၊ သဟဇာတဖြစ်သောဝိညာဉ်ရှိပါတယ်။”

  • သက်သေခံချက်၊ “လာ၍ငါ့နောက်သို့လိုက်လော့က ကျွန်မရဲ့သက်သေခံချက်ကို ဝေငှရန် အဆင်သင့်ဖြစ်စေဖို့ ကျွန်မကို ကူညီခဲ့ပါတယ်။ ကျွန်မမှာ မော်မုန်ကျမ်းနဲ့ သမ္မာကျမ်းအကြောင်း ပို၍လေးနက်သောအသိပညာရှိပါတယ်။ အဲဒီအသိပညာက ကျောင်းမှာ ကျွန်မအတန်းဖော်တွေနဲ့၊ အလုပ်မှာ လူတွေနဲ့ ကျွန်မသင်ယူနေတဲ့အရာတွေကို ဝေငှဖို့ အခွင့်ပေးပါတယ်။”

ဝိညာဉ်ပကတိလိုအပ်ချက်များအတွက် အမှုတော်ဆောင်ခြင်း

ကင်တပ်ကီ၊ ယူအက်စ်အေမှ၊ ဂရက်နဲ့ နစ်ကီခရစ်စတင်ဆင်တို့ သူတို့၏ သားသုံးယောက်နှင့်အတူ၊ အာဗြဟံပဋိညာဉ်ကို ဖတ်သောအခါ၊ ရှင်းပြဖို့ခက်ကြောင်းတွေ့ကြရပါတယ်။ မိသားစုတစ်ခုအဖြစ်၊ သူတို့အရောက်တိုင်း အာဗြဟံပဋိညာဉ်ကို ကိုယ်ဖာသာကိုယ်ဖတ်ပြီး၊ တွေ့တဲ့အရာကို ဝေငှကြဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

“စိတ်ဝင်စားစရာမှတ်ချက်တွေကို ကျွန်တော်တို့ရခဲ့တယ်” ဟု ဂရက်ကပြောပါတယ်။ “ကျွန်တော်တို့ရဲ့ ရှစ်နှစ်သားလေးက အာဗြဟံရဲ့အမည်မှာ အာဗြံဟု ရှိခဲ့ဖူးကြောင်း သင်ယူခဲ့ပါတယ်။ သူဟာ အပြစ်မှ လှည့်၍ ဖြောင့်မတ်သောဘဝနှင့် အသက်ရှင်ဖို့ ကိုယ်တော်ရှင်ကို ကတိပြုခဲ့သောကြောင့်၊ သူရဲ့အမည်ကို အာဗြဟံလို့ ပြောင်းခဲ့ပါတယ်။ ဒီအကြောင်းကို သူဆွေးနွေးတဲ့အတွက် ကျွန်တော်တကယ်ကို အံ့ဩမိပါတယ်။”

သူတို့အားလုံးဟာ အကြောင်းအရာအသစ် တစ်စုံတစ်ခုကို သင်ယူခဲ့ကြပြီး၊ အာဗြဟံပဋိညာဉ်အကြောင်းနှင့် ယနေ့နောက်ပိုင်းကာလသန့်ရှင်းသူတို့အဖို့ ထိုပဋိညာဉ်အဘယ်သို့ အဓိပ္ပာယ်သက်ရောက်ကြောင်း ကောင်းသော ဆွေးနွေးခြင်းတစ်ခု ရှိခဲ့ကြပါတယ်။

“ကျွန်တော်တို့ မိသားစုကျမ်းစာလေ့လာခြင်းအနေနဲ့ အခန်းထဲမှာ ကျမ်းစာပိုဒ်တွေကို အလှည့်ကျ ဖတ်ခဲ့ဖူးကြပါတယ် ဟု နစ်ကီကပြောပါတယ်။” “လာ၍ငါ့နောက်သို့လိုက်လော့ သည် ဝိညာဉ်တော်အားဖြင့် သွန်သင်ခြင်းဆီသို့ ပို၍ဦးတည်ပါတယ်။ ယခုကျွန်တော်တို့ အတူတကွလေ့လာတဲ့အခါ၊ ကျွန်တော်တို့မိသားစုရဲ့ လိုအပ်ချက်များအတိုင်း တစ်နည်းတစ်ဖုံဆွေးနွေးကြဖို့ ဝိညာဉ်တော်ရဲ့ တို့ထိခြင်းအနည်းငယ်ကို ကျွန်တော်ခံစားရပါတယ်။”

လာ၍ငါ့နောက်သို့လိုက်လော့ ကို အသုံးပြုခြင်းက သူတို့မိသားစုကို မိသားစု ဧဝံဂေလိတရားတော် လေ့လာခြင်း၌ ပို၍ရှိစေပြီး၊ စိတ်ဝင်စားစေဖို့ ကူညီရုံမျှမက၊ ဂရက်နှင့် နစ်ကီတို့အား သူတို့ကလေးများ၏ ဝိညာဉ်ပကတိလိုအပ်ချက်များအတွက် အမှုတော်ဆောင်ရာ၌လည်း ကူညီခဲ့ပါတယ်။

“ကျွန်မကလေးတွေကို သွန်သင်ရာမှာ လာ၍ငါ့နောက်သို့လိုက်လော့ က ကျွန်မကို ကူညီပါတယ်” လို့ နစ်ကီကပြောပါတယ်။ “အဲဒါက တစ်ခါတစ်ရံမှာ ကျွန်တော့ကလေးတွေနဲ့ ကျွန်တော့မှာ ရှိတဲ့ ကွဲပြားသောစိန်ခေါ်မှုတွေကို ကိုင်တွယ်ရာမှာလည်း ကျွန့်တော်ကို ကူညီပါတယ်။ ကျွန်တော်ဟာ ဝိညာဉ်တော်နဲ့ ပိုပြီးကိုက်ညီပြီး၊ ပို၍နီးကပ်စွာနားထောင်ရလို့၊ ကလေးတစ်ဦးချင်းနဲ့ပတ်သက်ပြီး ကျွန်တော်ဘယ်လိုကူညီနိုင်မလဲဆိုတဲ့ လှုံ့ဆော်မှုတွေကို ရရှိခဲ့ပါတယ်။”

မိသားစုမှာ လာ၍ငါ့နောက်သို့လိုက်လော့ က ဖြစ်စေတဲ့ ပို၍ကြာသောဆွေးနွေးချက်တွေကို ဂရက်ကနှစ်သက်ပါတယ်။ “ကျွန်တော်တို့ရဲ့ သားတွေဟာ သူတို့ရဲ့ ဧဝံဂေလိတရားတော်အသိပညာနဲ့ပတ်သက်လို့ အားလုံး မတူကြပါဘူး၊” လို့ သူပြောပါတယ်၊။“Cသူတို့လိုအပ်ချက်ကို အခြေခံပြီး သူတို့တစ်ဦးချင်းကို ကူညီဖို့ လာ၍ငါ့နောက်သို့လိုက်လော့ က ကျွန်တော်တို့အတွက် နည်းလမ်းတစ်ခုကို ပံ့ပိုးပေးပါတယ်။ “ဧဝံဂေလိတရားတော်ကို သူတို့၏ချစ်ခြင်း တိုးပွားတာကို၊ မြင်ရလျက်၊ ဧဝံဂေလိတရားတော်အသိပညာကို သူတို့ဘဝမှာ ဘယ်လိုအသုံးချနိုင်မလဲဆိုတာကို ဖော်ထုတ်ဖို့စောင့်ကြည့်ရတာဟာ အံ့ဩဖွယ်ကောင်းချီးမင်္ဂလာတစ်ခုဖြစ်ခဲ့ပါတယ်”

မှတ်စုများ

  1. Come, Follow Me—for Sunday School: Book of Mormon 2020 (၂၀၁၉) ၊၁၉။

ပုံနှိပ်သည်