၂၀၂၀
ကလေးများနှင့် လူငယ်များအစီအစဉ်မှတစ်ဆင့် အမှုတော်ဆောင်ခြင်း
အောက်တိုဘာ ၂၀၂၀


“ကလေးများနှင့် လူငယ်များအစီအစဉ်မှတစ်ဆင့် အမှုတော်ဆောင်ခြင်း၊” Liahona,အောက်တိုဘာလ ၂၀၂၀ ခုနှစ်

ရုပ်ပုံ
အမှုတော်ဆောင်ခြင်း အခြေခံသဘောတရားများ

ဓာတ်ပုံ၊ တောင်မ် ဂါနာ၊ အိုင်ဇက် ဒါကို-အချီးမ်ဖောင်၊ အလက်ဇန္ဒား ကေ၊ ဘိုတန်နှင့် ဂျိုနာ ရီဘီကီ

အမှုတော်ဆောင်ခြင်း အခြေခံသဘောတရားများ၊ အောက်တိုဘာလ ၂၀၂၀ ခုနှစ်

ကလေးများနှင့် လူငယ်များအစီအစဉ်မှတစ်ဆင့် အမှုတော်ဆောင်ခြင်း

အခြားသူတို့အား တိုးတက်စေရန် ဖိတ်ခေါ်ခြင်းနှင့် ဘဝတစ်လျှောက်၌ ကူညီခြင်းသည် အမှုတော်ဆောင်ခြင်း၏ အနှစ်သာရဖြစ်ပါသည်။

ကလေးများနှင့် လူငယ်များအစီအစဉ်မှတစ်ဆင့် အမှုတော်ဆောင်ခြင်း အတွက် အခွင့်အရေးများမှာ အများအပြားရှိပါသည်။ သင်၏အိမ်၌ သင့်မှာ ကလေးများနှင့် လူငယ်များ ရှိကောင်းရှိနိုင်ပါသည်။ သင်သည် အစီအစဉ်၌ ခေါင်းဆောင်တစ်ယောက် ဖြစ်ကောင်းဖြစ်နိုင်ပါသည် သို့မဟုတ် ကလေးများနှင့် လူငယ်များရှိသော မိသားစုများကို အမှုတော်ဆောင်ကောင်းဆောင်နိုင်ပါသည်။ သို့မဟုတ် အချို့ကလေးများနှင့် လူငယ်များ( အဲဒါက ကျွန်တော်တို့အားလုံးနီးပါး အပါအဝင်ဖြစ်ပါတယ်) ကို သိခဲ့ကောင်းသိခဲ့မှာပါ။ သင်၏အခြေအနေ မည်သို့ပင်ဖြစ်ပါစေ၊ အခြားသူတို့၏ဘဝများကို ကောင်းချီးပေးဖို့ အစီအစဉ်ကို သို့မဟုတ် ၎င်း၏အခြေခံသဘောတရားများကို အသုံးပြုရန် နည်းလမ်းများစွာရှိပါသည်။

ကျွန်တော်တို့ကိုယ်ကျွန်တော်တို့ အတူတကွ ဖွံ့ဖြိုးစေခြင်း

ကလေးများနှင့် လူငယ်တို့၏စိတ်နှလုံး၌ စုံလင်စွာအမှုဆောင်ခဲ့သူ ကယ်တင်ရှင်နှင့် ပို၍တူလာစေရန် နေ့စဉ်ကြိုးစားမှုအပေါ် အာရုံစိုက်ခြင်းရှိပါသည်။ သင်တို့ဘဝ၏နယ်ပယ်များစွာတို့၌ ပို၍တိုးတက်မှုရှိလေလေ အခြားသူများကို ကူညီရန် သို့မဟုတ် အမှုတော်ဆောင်ရန် ပို၍ကောင်းစွာပြင်ဆင်ထားပြီဖြစ်သည့်အကြောင်းကို အစီအစဉ်၌ ပါဝင်ခဲ့ပြီးကြသူများစွာတို့ သင်ယူခဲ့ကြပြီးဖြစ်ပါသည်။

သို့ရာတွင် ကလေးများနှင့် လူငယ်များအစီအစဉ်အနေဖြင့်၊ အခြားသူများကို ကောင်းချီးပေးခြင်းမှာ တစ်စုံတစ်ခုကို သင်တို့သင်ယူပြီးသည်အထိ စောင့်ရန်မလိုပါ။ သင်ယူခြင်းကိုယ်၌ကပင် အမှုတော်ဆောင်ရန် အခွင့်အရေးများကို ပေးပါသည်။

ဂါနာနိုင်ငံရှိ ပရောဖက် အမည်ရှိ လူငယ်တစ်ဦးတစ်အဖို့ကတော့ ကလေးများနှင့် လူငယ်များ၌ ရည်မှန်းချက်ချမှတ်ရာမှာ စန္ဒရားတီးသင်ဖို့ဆိုတာ အစပြုမှုတစ်ခုမျှသာရှိခဲ့ပါသေးတယ်။ “ကျွန်တော်သင်ယူနေတဲ့အရာကို အခြားလူတွေသိစေဖို့ ကူညီဖို့ကလည်း ကျွန်တော့်ရည်မှန်းချက်ဖြစ်ပါတယ်၊”လို့ ပရောဖက်က ပြောခဲ့ပါတယ်။

သူဟာ နည်းပြတစ်ယောက်မဖြစ်သေးပေမယ့်လည်း၊ သူ့ရဲ့ ရည်မှန်းချက်က သူစိတ်ကူးခဲ့ဖူးတာထက်များစွာပို ကြီးတဲ့အရာ တစ်ခုအဖြစ် ကြီးထွားခဲ့ပြီးဖြစ်ပါတယ်။ ယခုဆိုလျှင်၊ အစည်းအဝေးခန်းထဲမှာ ပရောဖက်နဲ့အတူ စန္ဒရားတီးသင်တန်းတက်နေတဲ့ကျောင်းသား အယောက် ၅၀ ရှိပါတယ်။ ပရောဖက်နဲ့ အခြားကျောင်းသား အယောက် ၅၀ ကို သင်ပေးနေတာ ဘယ်သူတွေများပါလဲ။ နှစ်ယောက်စလုံးက အသက် ၁၃ နှစ်အရွယ်တွေဖြစ်တဲ့ အလက်ဇန္ဒား အမ်၊ နဲ့ ကယ်လဗင် အမ်၊ တို့ဖြစ်ပါတယ်။ “အခြားသူတွေအပေါ် ကြင်နာခြင်းအပြုအမူတွေကို ကျွန်တော်တို့ပြချင်ပါတယ်၊”လို့ ကယ်လဗင်ကပြောပါတယ်။

လူငယ်နှစ်ဦးဟာ သင်ယူဖို့လာတဲ့သူအားလုံးကို အခြေခံစန္ဒရားတီးသင်ခန်းစာတွေ တစ်ပတ်မှာ သုံးရက် အခမဲ့သင်ပေးကြပါတယ်။ စန္ဒရားသင်ခန်းစာတွေအပေါ်မှာ ထပ်လောင်းခဲ့တဲ့ အကျိုးကျေးဇူးတစ်ခုရှိခဲ့ပါတယ်။ စန္ဒရားတီးသင်ခန်းစာအားဖြင့် အသင်းတော်ကိုသိလာခဲ့တဲ့ ကျောင်းသားများစွာတို့ဟာ နောက်ပိုင်းမှာ ဧဝံဂေလိတရားတော်ကို လေ့လာခဲ့ကြပြီး ဗတ္တိဇံခံဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

ကျွန်တော်တို့ဟာ ကိုယ့်ကိုယ်ကိုယ်တိုးတက်ဖို့ ကြိုးစားကြတာနဲ့အမျှ၊ အခြားသူတွေကို ကျွန်တော်တို့နဲ့ ပူးပေါင်းကြဖို့ ဖိတ်ခေါ်ခြင်းအားဖြင့် အမှုတော်ဆောင်နိုင်ကြပါတယ်။

အမှုတော်ဆောင်ခြင်းအတွက် အောင်နိုင်ခြင်းနည်းလမ်း

ပန္နက်မူလတန်း ဥက္ကဌတစ်ဦးအနေဖြင့်၊ ဘရာဇီးလ်၊ ကျူရတီးဘာရှိ ဆဘရီနာ ဆီမိုးစ် ဒီးယပ်စ် ဩဂတ်စတိုဟာ အစီအစဉ်ရဲ့ ကိုယ်ရည်ကိုယ်သွေးဖွံ့ဖြိုးမှုကဏ္ဍအနေဖြင့် သူမ၏ပန္နက်ရှိ လူငယ်များကို မည်သို့ကောင်းချီးပေးခဲ့တယ်ဆိုတိုကို မြင်ခဲ့ရပါတယ်။ သို့ရာတွင်၊ အမှုတော်ဆောင်ညီအစ်မတစ်ဦးအနေဖြင့် သူမရဲ့တာဝန်၌ ကိုယ်ရည်ကိုယ်သွေးဖွံ့ဖြိုးမှုနဲ့ပတ်သက်၍ သူမ သင်ယူခဲ့ရသည့်အရာကို အသုံးပြုဖို့ နည်းလမ်းများစွာကိုလည်း သိမြင်ခဲ့ရပါတယ်။

“ပင်ကိုစွမ်းရည်တစ်ခုကို ကျွန်မဖွံ့ဖြိုးစေတဲ့အခါ၊” “ကျွန်မအမှုတော်ဆောင်တဲ့သူ တစ်စုံတစ်ဦးကို ကောင်းချီးပေးဖို့ အဲဒီပင်ကိုယ်စွမ်းရည်ကို ကျွန်မ အသုံးပြုနိုင်ပါတယ်”လို့ ညီအစ်မဩဂတ်စတိုက ပြောပါတယ်။

ညီအစ်မ ဩဂတ်စတိုဟာ သူမကို တာဝန်ပေးထားတဲ့ ညီအစ်မတွေထဲက တစ်ဦးကို ချောကလက် အူပျော့သကြားလုံး လုပ်တတ်အောင် သင်ပေးခဲ့ပါတယ်။ ယခုဆိုလျှင်၊ အဲဒီညီအစ်မဟာ သူမမိသားစုရဲ့ ဝင်ငွေ အပိုရအောင်ကူညီဖို့ အူပျော့သကြားလုံးကို လုပ်ပြီးရောင်းပါတယ်။ “လများစွာကြာပြီးတဲ့နောက်၊ ရောင်းလို့ရတဲ့ ပျားရည်ပေါင်မုန့်လုပ်တတ်အောင် တခြားညီအစ်မတစ်ယောက်က ကျွန်မကိုသင်ပေးခဲ့လို့ ကျွန်မကောင်းချီးခံစားခဲ့ရပါတယ်၊”လို့ ညီအစ်မ ဩဂတ်စတိုက ပြောခဲ့ပါတယ်။ “ကျွန်မတို့ရဲ့ ပင်ကိုယ်စွမ်းရည်တွေကို ဖွံ့ဖြိုးစေခြင်းနဲ့ ဝေငှခြင်းတို့ဟာ တစ်ဦးနှင့်တစ်ဦး၏ ဘဝတွေကို ကောင်းချီးပေးနိုင်တယ်၊ အမှုတော်ဆောင်ညီအစ်များအဖြစ် ကျွန်မတို့ရဲ့ဆက်ဆံရေးကိုလည်း နက်ရှိုင်းစေပါတယ်။”

ပုံနှိပ်သည်