လီယဟိုနာ
ခရစ်‌တော်နောက်သို့လိုက်ခြင်း
နိုဝင်ဘာ ၂၀၂၄


လစဉ် လူငယ်တို့အတွက်ခွန်အား အမှာစကား၊ နိုဝင်ဘာ ၂၀၂၄

ခရစ်တော်နောက်သို့လိုက်ခြင်း

ကောက်နုတ်ချက်များ

အတူတကွထိုင်နေကြသောမိသားစု

ဖိလစ်ပိုင်နိုင်ငံ

ယေရှုခရစ်တော်နောက်သို့လိုက်ခြင်းက အမှတ်မထင် ဒါမှမဟုတ် ရံဖန်ရံခါ လုပ်သင့်တဲ့အလေ့အကျင့်မဟုတ်ပါဘူး။ အဲဒါက အဆက်မပြတ်ကျင့်သုံးရမယ့် ကတိကဝတ်ဖြစ်ပြီး ကျွန်တော်တို့ကို ခပ်သိမ်းသောကာလတို့ နဲ့ ခပ်သိမ်းသောအရပ်တို့မှာ လမ်းပြပေးနေတဲ့ အသက်တာနေထိုင်နည်းဖြစ်ပါတယ်။ ကိုယ်တော်ရဲ့ သွန်သင်ချက်တွေနဲ့ ပုံဥပမာတွေက ယေရှုခရစ်တော်ရဲ့ တပည့်တော်တိုင်းအတွက် သွားရာလမ်းကို ဖော်ပြပေးပါတယ်။

ဘုရားသခင်ရဲ့ ပညတ်တော်တွေက ကျွန်တော်တို့ရဲ့ အသက်တာတွေထဲမှာ လမ်းပြပြီး တည်တံ့တဲ့ အားအင်တစ်ခုကို ပေးပါတယ်။

ကျွန်တော်တို့ ကယ်တင်ရှင်ရဲ့ တခြားသွန်သင်ချက်တွေကတော့ ကျွန်တော်တို့ခေတ်ကာလရဲ့ အခြေအနေတွေကို ပြန်လည်အာရုံစိုက်ဖို့ လိုအပ်တဲ့ပုံပေါ်ပါတယ်။

ဒီအချိန်က အများသူငှာဆက်ဆံရေးတွေနဲ့ တစ်ခါတစ်လေ ကျွန်တော်တို့မိသားစုတွေထဲမှာတောင် ကြမ်းတမ်းပြီး နာကျင်စေတဲ့ စကားလုံးတွေကို သုံးကြတဲ့အချိန်ဖြစ်ပါတယ်။

ဒီလိုအဆိပ်အတောက်ဆက်ဆံရေးတွေရှိတဲ့အချိန်ကာလမှာ ခရစ်တော်ရဲ့နောက်လိုက်တွေက ဘာကိုသွန်သင်ပြီး ဘာကိုလုပ်သင့်ပါသလဲ။ ကိုယ်တော်ရဲ့ သွန်သင်ချက်တွေနဲ့ ပုံဥပမာတွေက ဘာတွေဖြစ်ခဲ့ပါသလဲ။

ကျွန်တော်တို့က အားလုံးအပေါ် ချစ်ပြီး ကောင်းပေးဖို့လိုပါတယ်။ ကျွန်တော်တို့က ဆက်ဆံရေးတွေအားလုံးမှာ အငြင်းပွားမှုကို ရှောင်ရှားပြီး ရန်ငြိမ်းစေသူများဖြစ်ဖို့လိုအပ်ပါတယ်။ အဲဒါက ကျွန်တော်တို့ရဲ့ အခြေခံဩဝါဒတွေနဲ့ ဦးစားပေးအရာတွေကို လျှော့ပေးရမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး ဒါပေမယ့် တခြားသူတွေကို သူတို့လုပ်နေတာတွေအတွက် ကြမ်းတမ်းစွာတိုက်ခိုက်ခြင်းကနေ ရပ်တန့်ဖို့ဖြစ်ပါတယ်။ အဲဒါကိုပဲ ကျွန်တော်တို့ရဲ့ ပြီးပြည့်စုံတဲ့စံထားထိုက်သူက သူ့ရဲ့အမှုတော်ဆောင်ခြင်းမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ သူ့နောက်လိုက်လျှောက်ဖို့ ကျွန်တော်တို့ကို ဖိတ်ခေါ်ခဲ့တဲ့အတွက် အဲဒါက ကျွန်‌တော်တို့အတွက် သူချမှတ်ခဲ့တဲ့ ပုံဥပမာဖြစ်ပါတယ်။

ကျွန်တော်တို့က ခရစ်တော်ရဲ့နောက်လိုက်များအနေနဲ့၊ ကျွန်တော်တို့ရဲ့ ပြီးပြည့်စုံတဲ့စံထားထိုက်သူဖြစ်တဲ့၊ ယေရှုခရစ်တော်အကြောင်းကို သွန်သင်ပြီး သက်သေခံကြပါတယ်။ အဲတာကြောင့် အငြင်းပွားမှုကို စွန့်လွှတ်ပြီး ကိုယ်တော့်နောက်ကိုလိုက်ကြပါစို့။ အများသူငှာနဲ့ဆက်ဆံရတဲ့အခါ ကျွန်တော်တို့လိုလားတဲ့ မူဝါဒတွေကို လိုက်နာတာနဲ့အမျှ၊ ရန်ငြိမ်းစေသူများရဲ့ နည်းလမ်းနဲ့ဘာသာစကားကို အသုံးပြုခြင်းဖြင့် ကိုယ်တော်ရှင်ရဲ့ကောင်းချီးတွေကို ခံစားခွင့်ရရှိမှာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ မိသားစုတွေနဲ့ တခြားကိုယ်ရေးကိုယ်တာဆက်ဆံရေးတွေမှာ၊ ကြမ်းတမ်းပြီး အမုန်းတရားဆောင်တဲ့ အရာတွေကို ရှောင်ရှားကြပါစို့။