လူမှုသက်သာရေးအဖွဲ့နှင့် အသင်းလူကြီးအဖွဲ့
အထွေထွေညီလာခံမှ သွန်သင်ခြင်း၊ သင်ယူခြင်းနှင့် လက်တွေ့ကျင့်သုံးနိုင်မည့် အမှာစကားများ


လာ၍ ငါ့နောက်သို့လိုက်လော့

အထွေထွေညီလာခံမှ သွန်သင်ခြင်း၊ သင်ယူခြင်းနှင့် လက်တွေ့ကျင့်သုံးနိုင်မည့် အမှာစကားများ

အသင်းလူကြီးအဖွဲ့များနှင့် လူမှုသက်သာရေးအဖွဲ့များသည် ကယ်တင်ခြင်း နှင့် ချီးမြှောက်ခံရခြင်း လုပ်ငန်းတွင် အရေးပါသော အခန်းကဏ္ဍမှာ ပါဝင်ပါသည်။ သူတို့၏ တနင်္ဂနွေအစည်းအဝေးများတွင် ၊ မကြာသေးမီက အထွေထွေညီလာခံ သတင်းစကားများတွင် ဤလုပ်ငန်း တွင် သူတို့၏ ကြိုးစားအားထုတ်မှုများကို မည်သို့ကျင့်သုံးရမည်ကို ဆွေးနွေးကြပါသည်။ အသင်းလူကြီးအဖွဲ့နှင့် လူမှုသက်သာရေးအဖွဲ့ဥက္ကဋ္ဌများက တနင်္ဂနွေနေ့အစည်းအဝေးတိုင်းတွင် အသင်းသားများ၏ လိုအပ်ချက်များနှင့် ဝိညာဉ်တော်ထံမှ လမ်းညွှန်မှုများအပေါ် အခြေခံ၍ သင်ယူရန် ညီလာခံသတင်းကို ရွေးချယ်ကြပါသည်။ အခါအားလျော်စွာပင်၊ သင်းအုပ်နှင့် ပန္နက်ဥက္ကဌသည်လည်း အမှာစကားတစ်ခုကိုအကြံပြုနိုင်ပါသည်။ ယေဘုယျအားဖြင့် ခေါင်းဆောင်များသည် ပထမဥက္ကဌအဖွဲ့နှင့်တမန်တော်ဆယ့်နှစ်ပါးအဖွဲ့ဝင်များထံမှ အမှာစကားများကိုရွေးချယ်သင့်ပါသည်။ သို့သော်လည်း၊ လတ်တလောအကျဆုံးညီလာခံမှ မည်သည့်အမှာစကားကိုမဆို ဆွေးနွေးနိုင်ပါသည်။

ဆရာများသည် အထွေထွေညီလာခံအမှာစကားများတွင် သွန်သင်ချက်များကို အသင်းသားများအား သူတို့၏ဘဝအသက်တာတွင် ကျင့်သုံးနိုင်ရန် မည်သို့ကူညီပေးရမည်ကို အာရုံစိုက်ကြပါသည်။ ရွေးချယ်ထားသောအမှာစကားကို အစည်းအဝေးမတိုင်မီဖတ်ရန် အသင်းသားများကိုတိုက်တွန်းဖို့ နည်းလမ်းများကို ခေါင်းဆောင်များနှင့် ဆရာများရှာဖွေပါသည်။

အသင်းလူကြီးအဖွဲ့နှင့် လူမှုသက်သာရေးအဖွဲ့ အစည်းအဝေးများအကြောင်း သတင်းအချက်အလက်ကို ပို၍သိလိုပါက အထွေထွေလက်စွဲစာအုပ်၊ ယေရှုခရစ်တော်၏နောက်ပိုင်းကာလအသင်းတော်၌ အစေခံခြင်း၊ ၈၊၂၊၁၊၂၊, ၉၊၂၊၁၊၂၊, ChurchofJesusChrist.org တွင်ကြည့်ပါ။

သင်ကြားရန်စီစဥ်ခြင်း

အောက်ပါမေးခွန်းမျာသည် ဆရာများ အထွေထွေညီလာခံအမှာစကားတစ်ခုကို သွန်သင်ခြင်းငှာ အသုံးပြုရန်စီစဥ်တဲ့အခါ သူတို့ကိုအထောက်အကူပြုနိုင်ပါသည်။ လိုအပ်သလို၊ ဆရာတွေက ဒီမေးခွန်းတွေကို တွေးတောဆင်ခြင်တဲ့အခါ အသင်းလူကြီးအဖွဲ့နှင့် လူမှုသက်သာရေးအဖွဲ့ ဥက္ကဋ္ဌနဲ့ တိုင်ပင်ပါသည်။

  • အသင်းလူကြီးအဖွဲ့ သို့ လူမှုသက်သာရေးအဖွဲ့ ဥက္ကဋ္ဌက ဤသတင်းစကားကို ဆွေးနွေးရန် အဘယ်ကြောင့် ရွေးချယ်ခဲ့ ကြသနည်း။ ဤသတင်းစကားကို ဆွေးနွေးပြီးနောက် အသင်းသားများ အဘယ်အရာသိရှိပြီး ပြုလုပ်ကြမည်ဟု သူတို့မျှော်လင့်ကြသနည်း။

  • ဟောပြောသူသည် အသင်းသားများအားမည်သည်ကို နားလည်စေချင်သနည်း။ သူ သို့မဟုတ် သူမသည် မည်သည့် ဧဝံဂေလိတရားအခြေခံမူများကို သွန်သင်ပေးနေပါသနည်း။ ဒီမူဝါဒတွေက ကျွန်ုပ်တို့ရဲ့အသင်းလူကြီးအဖွဲ့ သို့ လူမှုသက်သာရေးအဖွဲ့နဲ့ ဘယ်လိုသက်ဆိုင်ပါသလဲ။

  • ဟောပြောသူ သို့မဟုတ် သူမသည် မိမိအမှာစကားကိုအထောက်အကူပြုရန် မည်သည့်ကျမ်းစာများကို အသုံးပြုခဲ့ပါသနည်း။ အသင်းသားများ၏နားလည်မှုကို ပိုမိုနက်ရှိုင်းစေမည့် ကျွန်ုပ်တို့ဖတ်နိုင်သည့် အခြားကျမ်းစာများရှိပါသလား။ (အချို့ကို အမှာစကား၏ အဆုံးရှိမှတ်စုများ သို့မဟုတ် ခေါင်းစဥ်လမ်းညွှန်တွင် သင်ရှာဖွေနိုင်ပါသည် [scriptures.ChurchofJesusChrist.org]။)

  • အမှာစကားကို အသင်းသားများစဥ်းစားဆင်ခြင်ပြီး လက်တွေ့အသုံးချနိုင်ရန်ကူညီမည့် မည်သည့်မေးခွန်းများကို ကျွန်ုပ်မေးမြန်းနိုင်ပါသနည်း။ သူတို့၏ဘဝများ၊ သူတို့၏မိသားစုများနှင့် ကိုယ်တော်ရှင်၏အမှုတော်၌ သင်ကြားမှုများ၏ဆက်စပ်မှုကိုမြင်ရန် မည်သည့်မေးခွန်းများက သူတို့ကို ကူညီနိုင်ပါသနည်း။

  • ကျွန်ုပ်တို့၏အစည်းအဝေးသို့ ဝိညာဥ်တော်ကိုဖိတ်ခေါ်ရန် မည်သည့်အရာကို ကျွန်ုပ်လုပ်ဆောင်နိုင်ပါသနည်း။ ဇာတ်လမ်းများ၊ သရုပ်ဖော်ပုံများ၊ ဂီတနှင့် အနုပညာလက်ရာများအပါအဝင် ဆွေးနွေးခြင်းကိုတိုးမြှင့်ရန် မည်သည့်အရာကို ကျွန်ုပ်အသုံးပြုနိုင်ပါသနည်း။ ဟောပြောသူက သူ့အမှာစကားကို အသင်းသားတွေ နားလည်အောင် ဘယ်လိုကူညီပေးခဲ့ပါသလဲ။

  • ဟောပြောသူသည် ဖိတ်ခေါ်မှုအချို့ကို ကမ်းလှမ်းခဲ့ပါသလား။ ထိုဖိတ်ခေါ်မှုများကို လုပ်ဆောင်ဖို့ဆန္ဒရှိရန် အသင်းသားများကို ကျွန်ုပ်မည်သို့ကူညီနိုင်ပါသနည်း။

လှုပ်ရှားမှုအကြံဉာဏ်များ

ဆရာများက အထွေထွေညီလာခံအမှာစကားများမှ သင်ယူရန်နှင့် လက်တွေ့အသုံးချနိုင်ရန် အသင်းသားများကို ကူညီဖို့ နည်းလမ်းများစွာရှိပါသည်။ ဥပမာအနည်းငယ်ကိုဖော်ပြပေးလိုက်ပါသည်။ ဆရာများက သူတို့၏အသင်းလူကြီးအဖွဲ့ သို့မဟုတ် လူမှုသက်သာရေးအဖွဲ့၌ ပို၍ကောင်းစွာလုပ်ဆောင်နိုင်မည့် အခြားအကြံဉာဏ်များ ရှိနိုင်ပါသည်။

  • ကျွန်ုပ်တို့၏ဘဝအသက်တာတွင် အမှန်တရားများကို ကျင့်သုံးပါ။ တစ်ဦးချင်းစီအနေနဲ့ ဒါမှမဟုတ် အသင်းလူကြီးအဖွဲ့ သို့မဟုတ် လူမှုသက်သာရေးအဖွဲ့နှင့် ဘုရားသခင်ပေးထားတဲ့အလုပ်ကို ပြီးမြောက်အောင်လုပ်ပေးနိုင်တဲ့ အမှန်တရားတွေကို ရှာဖွေနေတဲ့ ညီလာခံအမှာစကားကို ပြန်လည်သုံးသပ်ဖို့ အသင်းသားတွေကို ဖိတ်ခေါ်ပါ။ ဥပမာ၊ အမှုဆောင်များအနေနှင့် ကျွန်ုပ်တို့ကို အဘယ်အရာကူညီပေးနိုင်ကြောင်း သိရှိရပါသနည်း။ မိဘများအနေနှင့်လော။ အသင်းသား သာသနာပြုများအနေနှင့်လော။ ဤအမှာစကားသည် ကျွန်ုပ်တို့၏အတွေးအခေါ်၊ ခံစားချက်များနှင့် လုပ်ရပ်များအပေါ် မည်သို့လွှမ်းမိုးပါသနည်း။

  • အုပ်စုလိုက်ဆွေးနွေးပါ။ အသင်းသားများကိုအုပ်စုငယ်များအဖြစ်ခွဲပြီး အုပ်စုတိုင်းကို အထွေထွေညီလာခံ၏မတူညီသောအပိုင်းတစ်ခုစီကိုဖတ်၍ဆွေးနွေးရန် သတ်မှတ်ပေးပါ။ ထို့နောက် အုပ်စုတစ်စုစီကို သူတို့တွေ့ရှိခဲ့သော အမှန်တရားနှင့် မည်သို့ကျင့်သုံးကြောင်း ပြောပြခိုင်းပါ။ ဒါမှမဟုတ် အသင်းသားတွေနဲ့ အမှာစကားအချက်အလက်တွေရဲ့ အပိုင်းအသီးသီးကို လေ့လာပြီး သူတို့တွေ့ရှိခဲ့တာတွေကို တစ်ယောက်နဲ့တစ်ယောက်ဝေမျှခွင့်ပေးတဲ့ အုပ်စုတွေကို သင်ဖန်တီးနိုင်ပါတယ်။

  • မေးခွန်းတွေရဲ့ အဖြေတွေကို ရှာပါ။ အသင်းသားများကို အထွေထွေညီလာခံအကြောင်းအောက်ပါကဲ့သို့ မေးခွန်းများကိုဖြေရန်ဖိတ်ခေါ်ပါ။ ဤအမှာစကား၌ မည်သည့်ဧဝံဂေလိအမှန်တရားများကို ကျွန်ုပ်တို့ရှာတွေ့ပါသနည်း။ ဤအမှန်တရားများကို ကျွန်ုပ်တို့မည်သို့အသုံးချနိုင်ပါသနည်း။ မည်သည့်ဖိတ်ခေါ်မှုများနှင့် ကတိထားသောကောင်းချီးများကို ပေးခဲ့ပါသနည်း။ ဘုရားသခင်က ကျွန်ုပ်တို့ကို လုပ်စေချင်သည့်အလုပ်နှင့်ပတ်သက်၍ ဤအမှာစကားက ကျွန်ုပ်တို့အား မည်သည့်အရာကို သွန်သင်ပါသနည်း။ ဒါမှမဟုတ် အသင်းသားတွေကို အမှာစကားကို နက်နဲနဲစဉ်းစားဖို့ ဒါမှမဟုတ် သွန်သင်ပေးတဲ့ အမှန်တရားတွေကို လက်တွေ့ကျင့်သုံးဖို့ အားပေးတဲ့ မေးခွန်းတချို့ကို သင့်ကိုယ်ပိုင်ဖန်တီးပါ။ ထိုမေးခွန်းတွေထဲက တစ်ခုကို ရွေးချယ်ပြီး အမှာစကားထဲမှာ အဖြေရှာဖို့ အသင်းသားတွေကို ခွင့်ပြုပါ။

  • အမှာစကားမှ ထုတ်ပြန်ချက်များကို ဝေမျှပါ။ ကယ်တင်ခြင်း နှင့် ချီးမြှောက်ခံရခြင်းအမှုတော်၌ သူတို့၏တာဝန်များကို ဖြည့်ဆည်းရန် သူတို့ကိုလှုံ့ဆော်သည့် ညီလာခံအမှာစကားမှကိုးကားချက်များကို ဝေမျှရန် အသင်းသားများကို ဖိတ်ခေါ်ပါ။ ချစ်ရသူများနှင့် သူတို့အမှုတော်ဆောင်နေသောသူများအပါအဝင် တစ်စုံတစ်ယောက်ကို ကောင်းချီးပေးဖို့ ဤထုတ်ပြန်ချက်များကို သူတို့မည်သို့ဝေမျှနိုင်သည်ကို တွေးတောရန် သူတို့ကို တိုက်တွန်းအားပေးပါ။

  • သရုပ်ပြသင်ခန်းစာတစ်ခုကိုဝေမျှပါ။ ကြိုတင်မှုအနေဖြင့်၊ အသင်းသားအချို့ကို အိမ်မှ သရုပ်ပြစရာများ ယူဆောင်လာဖို့ ဖိတ်ခေါ်ပါ၊ ထိုကဲ့သို့အားဖြင့်ညီလာခံအမှာစကားအကြောင်းသွန်သင်ရန် သူတို့အသုံးပြုနိုင်ကြပါသည်။ အစည်းအဝေးအတွင်း၊ ထိုအရာများသည် အမှာစကားနှင့် မည်သို့ဆက်နွှယ်မှုရှိကြောင်းနှင့် အမှာစကားသည် သူတို့၏ဘဝနှင့် မည်သို့သက်ဆိုင်ကြောင်းရှင်းပြရန် အသင်းသားများအား မေးမြန်းပါ။

  • အိမ်တွင်သွင်သင်ရန်သင်ခန်းစာတစ်ခုကိုပြင်ဆင်ပါ။ ညီလာခံအမှာစကားကိုအခြေခံ၍ မိသားစုညနေခင်းသင်ခန်းစာတစ်ခုစီစဥ်ရန် အသင်းသားများကို အတွဲလိုက်လုပ်ဆောင်ဖို့ တောင်းဆိုပါ။ ဒီလိုမေးခွန်းတွေကို သူတို့ဖြေနိုင်ပါတယ်၊ ဒီအမှာစကားကို မိသားစုတွေနဲ့ ဘယ်လိုသက်ဆိုင်အောင် လုပ်နိုင်မလဲ။ ကျွန်ုပ်တို့သည် ဤအမှာစကားကို ကျွန်ုပ်တို့အမှုတော်ဆောင်နေသောသူများနှင့် မည်သို့ဝေမျှနိုင်မလဲ။

  • အတွေ့အကြုံများကိုဝေမျှပါ။ ညီလာခံအမှာစကားမှ များစွာသောထုတ်ပြန်ချက်များကို အတူတကွဖတ်ပါ။ ကျမ်းစာများနှင့် ဤထုတ်ပြန်ချက်များရှိ သင်ကြားသောသြဝါဒကို အားဖြည့်သည့် သို့မဟုတ် ပုံဖော်သည့် သူတို့၏ဘဝများမှ ဥပမာများကိုဝေမျှရန် အသင်းသားများကိုတောင်းဆိုပါ။

  • စကားစုရှာပါ။ အသင်းသားများကို သူတို့အတွက်လေးနက်သောစကားစုများကိုရှာဖွေရန် ညီလာခံအမှာစကားကိုစူးစမ်းဖို့ ဖိတ်ခေါ်ပါ။ သူတို့ကို စကားစုများနှင့် ၎င်းတို့မှသူတို့သင်ယူရသည်များကို ဝေမျှရန် တောင်းဆိုပါ။ ဒီသွန်သင်ချက်တွေက ကိုယ်တော့်အမှုကိုပြီးမြောက်အောင် ဘယ်လိုကူညီပေးတယ်ဆိုတာ မေးမြန်းပါ။

အထွေထွေညီလာခံအမှာစကားများမှ မည်သို့လေ့လာသင်ယူ သွန်သင်ရမည်နှင့်စပ်လျဉ်း၍ ပိုမိုအကြံဉာဏ်များအတွက် ရှု “အထွေထွေညီလာခံမှ သင်ယူခြင်းနှင့် သွန်သင်ခြင်းဆိုင်ရာအကြံဉာဏ်များ။” (ဧဝံဂေလိကျမ်းစာကြည့်တိုက်တွင် “အထွေထွေညီလာခံ” အောက်တွင် “လေ့လာမှုအတွက် အကြံဉာဏ်များ” ကိုနှိပ်ပါ။)

ပုံနှိပ်သည်