ကျမ်းစာများ
ဩဝါဒနှင့် ပဋိညာဉ်များ ၄


အပိုဒ်ငယ် ၄

၁၈၂၉ ခု၊ ဖေဖော်ဝါရီလ၊ ဟာမိုနီ၊ ပန်ဆယ်လ်ဗေးနီးယား၌ ပရောဖက်​ဂျိုးဇက်​စမစ်​အားဖြင့်၊ သူ့အဘ၊ ဂျိုးဇက်​စမစ်အကြီးသို့ ပေးတော်မူ​ခဲ့သည့် ဗျာဒိတ်တော်။

၁–၄၊ ရဲရင့်သော အစေခံခြင်းက ကိုယ်တော်ရှင်၏​အမှုတော်ဆောင်များကို ကယ်တင်၏။ ၅–၆၊ ဘုရင်သခင်၏​အလိုတော်နှင့်​ညီသော​ဂုဏ်ရည်များက သူတို့အား အမှုတော်ဆောင်ခြင်းတွင် အရည်အချင်း​ပြည့်မီ​စေ၏။ ၊ ဘုရားသခင်၏​အမှုတော်များကို ရှာဖွေကြ​ရမည်။

ယခုတွင်၊ ရှုလော့၊ အံ့ဩဖွယ်​ကောင်းသော​အမှုသည် လူသားတို့၌ ရောက်လာလု​နီးပေပြီ။

ထို့ကြောင့်၊ အို ဘုရားသခင်၏​အမှုတော်ကို ထမ်းဆောင်ခြင်း၌ စတင်​ဆောင်ရွက်သူ အသင်တို့၊ သင်တို့သည် နောက်ဆုံးသော​နေ့၌၊ ဘုရားသခင်​ရှေ့မှာ အပြစ်​တင်ခွင့်နှင့် ကင်းလွတ်လျက်​ရပ်နိုင်ကြ​စေခြင်းငှာ သင်တို့၏​စိတ်နှလုံး၊ အစွမ်းသတ္တိ၊ စိတ်နှင့် ခွန်အား​ရှိသမျှဖြင့် သူ့ကို အမှုတော်ထမ်းဆောင်ရမည့်​အကြောင်း ဂရုပြုကြလော့။

ထို့ကြောင့်၊ သင်တို့သည် ဘုရားသခင်အား အမှုတော်ထမ်းဆောင်ဖို့ အလိုဆန္ဒများ​ရှိကြလျှင်၊ အမှုတော်သို့ ခေါ်သွင်း​ခံကြရ၏။

အကြောင်းမူကား၊ လယ်ကွင်းသည် ရိတ်သိမ်းဖို့ အဆင်သင့်ဝင်းလျက်​ရှိနှင့်လေပြီ။ ကြည့်ဦးလော့၊ မိမိတံစဉ်ကို မိမိအစွမ်းသတ္တိဖြင့်​ရမ်းသောသူသည် သိုလှောင်သဖြင့် ပျက်စီးခြင်း​မရှိဘဲ၊ မိမိစိတ်ဝိညာဉ်သို့ ကယ်တင်ခြင်းကို ဆောင်ယူ၏။

ယုံကြည်ခြင်း၊ မျှော်လင့်ခြင်း၊ မေတ္တာနှင့် ချစ်ခြင်း၊ ဘုရားသခင်၏​ဘုန်းတော်​ထင်ရှားဖို့ကိုသာ မျက်စိစူးစိုက်မှုရှိသူသည် အမှုတော်​အတွက် အရည်အချင်း​ပြည့်မီ​စေ၏။

ယုံကြည်ခြင်း၊ ကိုယ်ကျင့်သီလ၊ အသိပညာ၊ ဣန္ဒြေစောင့်ခြင်း၊ သည်းခံခြင်း၊ ညီအစ်ကိုရင်းကဲ့သို့ ကြင်နာခြင်း၊ ဘုရားဝတ်၌ မွေ့လျော်ခြင်း၊ မေတ္တာ၊ နှိမ့်ချခြင်း၊ လုံ့လဝီရိယတို့ ရှိစေဖို့ သတိရ​ကြလော့။

တောင်းကြလော့၊ သင်တို့​ရကြ​လိမ့်မည်။ ခေါက်ကြလော့၊ သင့်တို့အား ဖွင့်ပေး​လိမ့်မည်။ အာမင်။