၂၀၂၁
အီစတာပုံပြင်
ဧပြီလ ၂၀၂၁


“အီစတာပုံပြင်၊” Friend,ဧပြီ ၂၀၂၁

လစဉ် Friend အမှာစကား၊ ဧပြီ ၂၀၂၁

အီစတာပုံပြင်

ရုပ်ပုံ
တမန်တော်တို့၏ခြေကိုဆေးပေးနေသောယေရှု

ဧပရယ်လ် စတော့၏ သရုပ်ဖော်ပုံများ

ယေရှုကသူ့မိတ်ဆွေတွေကို ချစ်ခဲ့တယ်။ သူတို့၏ခြေတွေကို ဆေးပေးခဲ့တယ်။ အဲဒီနောက်သူတို့ကို ပွဲတော်ပေးခဲ့တယ်။ သူ့ကိုအောက်မေ့ကြဖို့ မိန့်တော်မူခဲ့တယ်။ အချင်းချင်းချစ်ကြဖို့ မိန့်တော်မူခဲ့တယ်။

ရုပ်ပုံ
ဂေသရှေမန်၌ဆုတောင်းနေသောယေရှု

အဲဒီနောက်မှာ၊ ယေရှုကဥယျာဉ်တစ်ခုဆီကိုသွားခဲ့တယ်။ ကျွန်တော်တို့အားလုံးအတွက်ဆုတောင်းပေးခဲ့တယ်။ ကျွန်တော်တို့ရဲ့ဖျားနာခြင်းတွေရဲ့နာကျင်မှုကို ခံစားခဲ့တယ်။ ကျွန်တော်တို့ရဲ့အပြစ်တွေကြောင့်နာကျင်မှုကိုခံစားခဲ့တယ်။

ရုပ်ပုံ
သင်္ချိုင်းဂူထဲ၌ချထားသော ယေရှု၏ကိုယ်ခန္ဓာ

အမျက်ထွက်တဲ့လူတွေက ယေရှုကိုခေါ်ဆောင်သွားခဲ့ကြတယ်။ သူ့ကို နာကျင်စေခဲ့ကြတယ်။ သူက ကျွန်တော်တို့အတွက် ကားတိုင်ပေါ်မှာ သေခဲ့တယ်။ သူ့မိတ်ဆွေတွေက သူ့ကိုယ်ခန္ဓာကို သင်္ချိုင်းဂူတစ်ခုထဲမှာထားခဲ့ကြတယ်။

ရုပ်ပုံ
မိန်းမတို့အား ယေရှုခရစ်တော်၏ရှင်ပြန်ထမြောက်ခြင်းကို ပြောပြနေသည့်ကောင်းကင်တမန်များ

သုံးရက်ကြာပြီးနောက်မှာ၊ သူ့မိတ်ဆွေတွေပြန်လာခဲ့ကြတယ်။ သင်္ချိုင်းကဘာမှမရှိပဲဖြစ်နေတယ်။ သူထမြောက်ခဲ့ပြီလို့ ကောင်းကင်တမန်တွေက သူတို့ကို ပြောခဲ့ကြတယ်။ ယေရှုတစ်ဖန်ရှင်ပြန်ခဲ့ပြီ။ ယေရှုခရစ်တော်ကြောင့်၊ ကျွန်တော်တို့အားလုံးဟာ သေပြီးနောက်မှာတစ်ဖန်ပြန်ရှင်မယ်။

ရုပ်ပုံ
ဘုရားကျောင်း၌ကလေးများ

ယေရှုကကျွန်တော့ကိုချစ်တယ်။ ကျွန်ုပ်သည် သူ့ကို အောက်မေ့ခြင်းအားဖြင့် အီစတာကို ထူးခြားစေနိုင်ပါတယ်။

အရောင်ချယ်စာမျက်နှာ

အီစတာဟာယေရှုအကြောင်းဖြစ်ပါတယ်။

ရုပ်ပုံ
ယေရှုခရစ်တော်

ပုံနှိပ်သည်