၂၀၂၁
ဆုတောင်းပြီးနောက် လုပ်ဆောင်သည့်ယုံကြည်ခြင်း
နိုဝင်ဘာ ၂၀၂၁


“ဆုတောင်းပြီးနောက် လုပ်ဆောင်သည့်ယုံကြည်ခြင်း” Liahona နို၊ ၂၀၂၂။

လစဉ် Liahona အမှာစကား၊ နိုဝင်ဘာ ၂၀၂၁

ဆုတောင်းပြီးနောက် လုပ်ဆောင်သည့်ယုံကြည်ခြင်း

ကောက်နှုတ်ချက်များ

ရုပ်ပုံ
ဆုတောင်းနေသည့်အမျိုးသား

ဘုရားသခင်ထံမှ ဗျာဒိတ်တော်ရရှိသည့်နည်းလမ်းမှာ အာဒံနှင့် ဧဝတို့ခေတ်ကတည်းက ပြောင်းလဲခြင်းမရှိပါ။ အဲဒါက ကိုယ်တော်ရှင်ခေါ်သွင်းထားတဲ့ အစေခံများအဖို့ ရှေးဦးစွာမှ မျက်မှောက်ကာလအထိ အတူတူပဲဖြစ်ပါတယ်။ အဲဒါက သင့်အဖို့၊ ကျွန်တော့်အဖို့ အတူတူပဲဖြစ်ပါတယ်။ အဲဒါ ယုံကြည်ခြင်းကို ကျင့်သုံးခြင်းအားဖြင့် အမြဲပြီးမြောက်ပါတယ်၊

သင်ရှာတဲ့အဖြေတွေအတွက် သင့်မှာမေးခွန်းတွေရှိပါတယ်။ သင့်မှာ အနည်းဆုံး‌အနေနဲ့၊ သင်ဟာ ကိုယ်တော်ရှင်ရဲ့ အစေခံတွေမှတစ်ဆင့် သူ့ထံမှ အဖြေတွေရမယ်ဆိုတာကို မျှော်လင့်တဲ့ ယုံကြည်ခြင်းရှိပါတယ်။ သင်ဟာ အဖြေတွေရဖို့ စကားပြောခွက်တွေနဲ့ ကျယ်လောင်စွာတောင်းဖို့ အခွင့်အလမ်းရမှာမဟုတ်ပါ၊ ဒါပေမယ့် သင့်ရဲ့ချစ်စွာသောအဘဆီကို ဆုတောင်းခြင်းဖြင့်တောင်းနိုင်ပါတယ်။

အဖြေတွေဟာ သင့်လိုအပ်ချက်တွေနဲ့ သင့်ရဲ့ဝိညာဉ်ပကတိပြင်ဆင်ခြင်းနဲ့ကိုက်ညီတဲ့ အဖြေတွေရမှာဖြစ်တဲ့အကြောင်း အတွေ့အကြုံအရ ကျွန်တော်သိပါတယ်။

ယေရှုခရစ်တော်၌ သင်၏ယုံကြည်ခြင်းဟာ စိတ်နှလုံးတစ်ခုကို သူ့ရဲ့အပြစ်ဖြေခြင်းမင်္ဂလာ၏သက်ရောက်မှု အားဖြင့် ပျော့ပျောင်းစေခြင်းသို့ပို့ဆောင်လျှင်၊ သင်ဟာ သင့်ရဲ့ဆုတောင်းချက်တွေရဲ့အဖြေအဖြစ် ဝိညာဉ်တော်ရဲ့ တိုးညင်းသံတွေကို ပိုပြီးခံစားနိုင်စွမ်းရှိမှာဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ ယေရှုခရစ်တော်၌ ယုံကြည်ခြင်းက ကျွန်တော်တို့ကို အဘဆီမှာ‌အဖြေတွေတောင်းဖို့ ပို့ဆောင်တာနဲ့အမျှ၊ ယုံကြည်ခြင်းကလည်း ကျွန်တော်တို့အတွက် ကယ်တင်ရှင်ရဲ့ လမ်းညွှန်ချက်ကို ကြားဖို့၊ သန္နိဋ္ဌာန်ပြတ်သားဖို့နဲ့ နာခံရန်စိတ်ထက်သန်စေဖို့ သူ့ရဲ့ပျော့ပျောင်းစေခြင်းတို့ထိမှုကို လုံလောက်စေမှာဖြစ်ပါတယ်။

ကျွန်တော်တို့ရပ်တည်တဲ့ ကျောက်ဟာ၊ ယေရှုဟာခရစ်တော်ဖြစ်ကြောင်း ကျွန်တော်တို့ရဲ့သက်သေဖြစ်ကြောင်း၊ ဒီအရာက သူကိုယ်တိုင်ဦးဆောင်တဲ့ သူ့အသင်းတော်ဖြစ်ကြောင်း၊ ပြီးတော့ ဥက္ကဋ္ဌရပ်ဆဲလ် အမ်၊ နယ်လဆင်ဟာ ဒီခေတ်မှာ သူ့ရဲ့ အသက်ရှင်တဲ့ပရောဖက် ဖြစ်ကြောင်း၊ ကျွန်တော့်ရဲ့သက်သေခံချက်ဖြစ်ပါတယ်။

သင်တို့မှာလည်း အလားတူသက်သေရှိကြစေဖို့ ကျွန်တော်ဆုတောင်းပါတယ်။

ရုပ်ပုံ
ဗိမာန်တော်

ကော်ဒိုဘာ အာဂျင်တီးနား ဗိမာန်တော် အောက်ခံအင်္ဂတေသရွက်

ပုံနှိပ်သည်