“ရုသနှင့် နောမိ” လစဉ် မိတ်ဆွေ အမှာစကား၊ ဇွန် ၂၀၂၂
“ရုသနှင့် နောမိ“
လစဉ် မိတ်ဆွေ အမှာစကား၊ ဇွန်၂၀၂၂
ရုသနှင့်နောမိ
နောမိနဲ့မိသားစုဟာ အစာခေါင်းပါးခြင်းဘေးကြောင့် နယ်မြေသစ်ကို လာခဲ့ကြပါတယ်။ သူတို့က ရုသအမည်ရှိတဲ့ အမျိုးသမီးငယ်တစ်ဦးကို တွေ့ခဲ့ပါတယ်။ ရုသက နောမိရဲ့သားနဲ့ လက်ထပ်ခဲ့ပါတယ်။
ရုသရဲ့ ခင်ပွန်းသေသွားခဲ့ပါတယ်။ ရုသအလွန်ဝမ်းနည်းခဲ့ပါတယ်။
နောမိလည်း အလွန်ဝမ်းနည်းခဲ့ပါတယ်။ သူမကို ဂရုစိုက်ဖို့ မိသားစု မကျန်ခဲ့ပါဘူး။ သူမ လာခဲ့တဲ့ပြည်ကို ပြန်သွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
နောမိက ရုသကို သူ့မိသားစုဆီပြန်သွားဖို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် ရုသက နောမိကို ချစ်ခဲ့ပါတယ်။ နောမိနဲ့အတူလိုက်ပြီး ဂရုစိုက်ပေးမယ်လို့ ကတိပေးခဲ့ပါတယ်။
ရုသနဲ့ နောမိဟာ ဆင်းရဲပါတယ်။ ဒါကြောင့် ရုသက သူတို့အတွက် အစာရှာဖို့ အလုပ်ကြိုးစားခဲ့ပါတယ်။
တနေ့မှာ ဗောဇအမည်ရှိအမျိုးသားဟာ ရုသ သူ့လယ်ကွင်းထဲမှာ ကျန်ခဲ့တဲ့စပါးကို ကောက်သင်းကောက်နေတာကို တွေ့ခဲ့ပါတယ်။
ဗောဇက ကြင်နာပါတယ်။ ရုသကို စားစရာအပိုပေးဖို့ သူ့အလုပ်သမားတွေကို ပြောခဲ့ပါတယ်။
နောက်ပိုင်းမှာ ရုသနဲ့ဗောဇ လက်ထပ်ခဲ့ကြပါတယ်။ သူတို့မှာ သား ယောက်ျားလေးရခဲ့ပါတယ်။ နောမိက ထိန်းခဲ့ပါတယ်။
ကျွန်ုပ်သည် အခြားသူများကို ကူညီဂရုစိုက်နိုင်ပါသည်။ ကျွန်ုပ်သည် ချို့တဲ့သူများကို ကြင်နာနိုင်ပါသည်။
အရောင်ချယ်စာမျက်နှာ
ကျွန်ုပ်သည် အခြားသူများကို ဂရုစိုက်နိုင်ပါသည်။
ဆွဲချရန် ရုပ်ပုံပေါ်မှာ နှိပ်ပါ။
ဧပရယ်လ် စတော့၏ သရုပ်ဖော်ပုံ
သင်မည်သူ့ကို ကူညီနိုင်သနည်း။
© 2022 by Intellectual Reserve, Inc. All rights reserved. USA တွင်ပုံနှိပ်သည်။ အင်္ဂလိပ်စာခွင့်ပြုချက် ၆/၁၉ ဘာသာပြန် ခွင့်ပြုချက် ၆/၁၉. Monthly Friend Message, June 2022.၏ဘာသာပြန်။ Burmese. 18315 256