၂၀၂၂
ရုသနှင့်နောမိ
ဇွန် ၂၀၂၂


“ရုသနှင့် နောမိ” လစဉ် မိတ်ဆွေ အမှာစကား၊ ဇွန် ၂၀၂၂

“ရုသနှင့် နောမိ“

လစဉ် မိတ်ဆွေ အမှာစကား၊ ဇွန်၂၀၂၂

ရုသနှင့်နောမိ

ရုပ်ပုံ
ရုသသည် နောမိ၏မိသားစုနှင့်လက်ထပ်ခဲ့၏။

ဧပရယ်လ် စတော့၏ သရုပ်ဖော်ပုံများ

နောမိနဲ့မိသားစုဟာ အစာခေါင်းပါးခြင်းဘေးကြောင့် နယ်မြေသစ်ကို လာခဲ့ကြပါတယ်။ သူတို့က ရုသအမည်ရှိတဲ့ အမျိုးသမီးငယ်တစ်ဦးကို တွေ့ခဲ့ပါတယ်။ ရုသက နောမိရဲ့သားနဲ့ လက်ထပ်ခဲ့ပါတယ်။

ရုပ်ပုံ
သေအံ့ဆဲ ခင်ပွန်းနှင့် ရုသ။

ရုသရဲ့ ခင်ပွန်းသေသွားခဲ့ပါတယ်။ ရုသအလွန်ဝမ်းနည်းခဲ့ပါတယ်။

ရုပ်ပုံ
နောမိ

နောမိလည်း အလွန်ဝမ်းနည်းခဲ့ပါတယ်။ သူမကို ဂရုစိုက်ဖို့ မိသားစု မကျန်ခဲ့ပါဘူး။ သူမ လာခဲ့တဲ့ပြည်ကို ပြန်သွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ရုပ်ပုံ
နောမိနဲ့ ရုသ

နောမိက ရုသကို သူ့မိသားစုဆီပြန်သွားဖို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် ရုသက နောမိကို ချစ်ခဲ့ပါတယ်။ နောမိနဲ့အတူလိုက်ပြီး ဂရုစိုက်ပေးမယ်လို့ ကတိပေးခဲ့ပါတယ်။

ရုပ်ပုံ
ကောက်သင်းကောက်နေသည့် ရုသ

ရုသနဲ့ နောမိဟာ ဆင်းရဲပါတယ်။ ဒါကြောင့် ရုသက သူတို့အတွက် အစာရှာဖို့ အလုပ်ကြိုးစားခဲ့ပါတယ်။

ရုပ်ပုံ
လယ်ကွင်းထဲမှ ဗောဇနှင့် ရုသ။

တနေ့မှာ ဗောဇအမည်ရှိအမျိုးသားဟာ ရုသ သူ့လယ်ကွင်းထဲမှာ ကျန်ခဲ့တဲ့စပါးကို ကောက်သင်းကောက်နေတာကို တွေ့ခဲ့ပါတယ်။

ရုပ်ပုံ
ဗောဇနှင့် ကျွန်

ဗောဇက ကြင်နာပါတယ်။ ရုသကို စားစရာအပိုပေးဖို့ သူ့အလုပ်သမားတွေကို ပြောခဲ့ပါတယ်။

ရုပ်ပုံ
ကလေးငယ်နှင့်အတူ ရုသ၊ ဗောဇနှင့် နောမိ

နောက်ပိုင်းမှာ ရုသနဲ့ဗောဇ လက်ထပ်ခဲ့ကြပါတယ်။ သူတို့မှာ သား ယောက်ျားလေးရခဲ့ပါတယ်။ နောမိက ထိန်းခဲ့ပါတယ်။

ရုပ်ပုံ
အစားအစာကြွေးနေသည့်မိသားစု

ကျွန်ုပ်သည် အခြားသူများကို ကူညီဂရုစိုက်နိုင်ပါသည်။ ကျွန်ုပ်သည် ချို့တဲ့သူများကို ကြင်နာနိုင်ပါသည်။

အရောင်ချယ်စာမျက်နှာ

ကျွန်ုပ်သည် အခြားသူများကို ဂရုစိုက်နိုင်ပါသည်။

ရုပ်ပုံ
အဘိုးနှင့် ကလေးများ

ဆွဲချရန် ရုပ်ပုံပေါ်မှာ နှိပ်ပါ။

ဧပရယ်လ် စတော့၏ သရုပ်ဖော်ပုံ

သင်မည်သူ့ကို ကူညီနိုင်သနည်း။

ပုံနှိပ်သည်