၂၀၂၂
ဆင်းရဲသားများနှင့် စိတ်အားငယ်သူများကို ကူညီခြင်း—ကောက်နုတ်ချက်များ
နိုဝင်ဘာ ၂၀၂၂


လစဉ် လီယဟိုနာ အမှာစကား၊ နိုဝင်ဘာ ၂၀၂၂

ဆင်းရဲသားများနှင့် စိတ်အားငယ်သူများကို ကူညီခြင်း

ကောက်နုတ်ချက်များ

ရုပ်ပုံ
အုတ် ကြော်ငြာကိုးကားချက်

ကျွန်တော်တို့ရဲ့အပေါင်းအဖော်တွေအပေါ် လူမှုဖူလုံရေးနဲ့ လူသားချင်စာနာသော အမှု‌ဆောင်ခြင်းကို ယေရှုခရစ်တော်၏နောက်ပိုင်းကာလသန့်ရှင်းသူများအသင်းတော်နဲ့ အသင်းသားများအဖြစ် ကျွန်တော်တို့ သွန်သင်ကျင့်သုံးကြပါတယ်။ ဥပမာအားဖြင့်၊ လတိုင်း ပထမအပတ်မှာ ကျွန်တော်တို့ အစာရှောင်ကြပြီး၊ ကိုယ်မစားတဲ့ အစားအသောက်နဲ့ တူညီတဲ့ ပမာဏကို ကျွန်တော်တို့ပရိတ်သတ်မှာရှိတဲ့ လိုအပ်တဲ့သူတွေကို ကူညီဖို့ ပါဝင်ကူညီကြပါတယ်။ အသင်းတော်က ကမ္ဘာတဝန်းလုံးမှာ လူသားချင်းစာနာခြင်းနှင့် အခြား အမှုဆောင်ခြင်းများအတွက် များစွာသော ပါဝင်ကူညီမှုများကိုလည်း ပြုလုပ်ပါတယ်။

ကျွန်တော်တို့အသင်းတော်ရဲ့ တိုက်ရိုက်ဆောင်ရွက်ခြင်းတွေရှိသော်လည်း ကမ္ဘာတဝန်းလုံးရှိ ဘုရားသခင့်သားသမီးတွေအတွက် လူသားချင်းစာနာသော အမှုဆောင်ခြင်းအများစုကို ကျွန်‌တော်တို့အသင်းတော်နဲ့ ပုံမှန်ဆက်စပ်ခြင်းမရှိတဲ့ ပုဂ္ဂိုလ်တွေ အဖွဲ့အစည်းတွေအားဖြင့် လုပ်ဆောင်ကြပါတယ်။

ယေရှုခရစ်တော်ရဲ့ အသင်းတော်ဟာ၊ လိုအပ်သူများကို အမှုဆောင်ခြင်း ပြုဖို့ ကတိကဝတ်ထားပါတယ်၊ ထိုအားထုတ်မှုမှာ အခြားသူများနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့လည်း ကတိကဝတ်ထားပါတယ်။

ကျွန်တော်တို့ရဲ့ ကယ်တင်ရှင်၊ ယေရှုခရစ်တော်ဟာ၊ “လောကထဲသို့ ဝင်လာသူတိုင်းအား အလင်းကိုပေးတဲ့ မှန်သောအလင်း” [ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၉၃း၂]ဖြစ်ကြောင်း ယခုခေတ် ဗျာဒိတ်တော်က သွန်သင်ပါတယ်။ ဤအရာအားဖြင့်၊ ဘုရားသခင်ရဲ့ သားသမီးအားလုံးဟာ ကိုယ်တော်နဲ့ အချင်းချင်းကို မိမိတို့အသိဉာဏ် စွမ်းရည်ရှိသမျှနဲ့ အစေခံဖို့အလင်းသို့ရောက်စေကြပါတယ်။

ကျွန်တော်တို့အများစုဟာ အခြားသူတွေလုပ်ဆောင်တဲ့ ထားတဲ့ ကောင်းမှုကို အသိအမှတ်ပြုရ၊ ကျွန်တော်တို့ အချိန်၊ ဥစ္စာရှိသမျှနဲ့ ထောက်ပံ့ကြရမှာဖြစ်ပါတယ်။

ယေရှုခရစ်တော်အကြောင်းကို ကျွန်တော်သက်သေခံပါတယ်၊ သူရဲ့ အလင်းနဲ့ ဝိညာဉ်တော်က ကမ္ဘာတဝန်းလုံးရှိ ဆင်းရဲသားများနဲ့ စိတ်အားငယ်သူတွေကို ကူညီရာမှာ လမ်းညွှန်ပါတယ်။

ပုံနှိပ်သည်