၂၀၂၃
ဘုန်းကျက်သရေထွန်းလင်းရာနိုင်ငံတော်များ
နိုဝင်ဘာ ၂၀၂၃


လစဉ် လီယဟိုနာ အမှာစကား၊ မေ ၂၀၂၃

ဘုန်းကျက်သရေထွန်းလင်းရာနိုင်ငံတော်များ

ကောက်နုတ်ချက်များ

ရုပ်ပုံ
alt text

မက်ဒါဂတ်စကာ

ပြန်လည်ဆောင်ယူထားသော ယေရှုခရစ်တော်၏နောက်ပိုင်းကာလသန့်ရှင်းသူများအသင်းတော်၏ ထုတ်ဖော်ကြေညာထားသည့် ဩဝါဒမှသင်ကြားခဲ့သည်မှာ ဘုရားသခင်၏သားသမီးများအားလုံးသည်—ဤနေရာတွင်ထည့်သွင်းစဉ်းစားရန်အလွန်အကန့်အသတ်ရှိသောခြွင်းချက်များနှင့်အတူ— ဘုန်းကျက်သရေထွန်းလင်းရာနိုင်ငံတော်သုံးခုထဲမှတစ်ခုအား နောက်ဆုံး၌ အမွေခံရမည်ဖြစ်သည်၊ ထိုနိုင်ငံတော်များ၏ အနည်းဆုံးဘုန်းကျက်သရေသည်ပင်လျှင် “နားလည်နိုင်သည့်အရာအားလုံးထက် သာလွန်သည်” [ဩဝါဒနှင့်ပဋိညာဉ်များ၇၆း၈၉]။

ပြန်လည်ဆောင်ယူထားသော အသင်းတော်၏ နောက်ထပ်ထူးခြားသော ဩဝါဒနှင့်ကျင့်သုံးမှုမှာ ထုတ်ဖော်ကြေညာထားသော ပညတ်တော်များနှင့် ပဋိညာဉ်များဖြစ်သည်၊ ထိုအရာများသည် ဘုရားသခင်၏ သားသမီးများအားလုံးကို ဆီလက်ရှယ်လ်နိုင်ငံတော်တွင် အမြင့်ဆုံးနေရာအတွက် ထိုက်တန်သည့် စင်ကြယ်မြင့်မြတ်သော အခွင့်ထူးကို ပေးအပ်သည်။ ထိုအမြင့်ဆုံးပန်းတိုင်ဖြစ်သည့်—ဆီလက်ရှယ်လ်နိုင်ငံတော်ထဲတွင်ချီးမြှောက်ခြင်း—သည်ယေရှုခရစ်တော်၏နောက်ပိုင်းကာလသန့်ရှင်းသူများအသင်းတော်၏ဗဟိုပြုရာဖြစ်သည်။

“ဆီလက်ရှယ်လ်” ဘုန်းကျက်သရေထဲတွင် အဆင့်သုံးခုရှိရာ၊ ထိုအဆင့်များထဲတွင် အမြင့်ဆုံးသည် ဆီလက်ရှယ်လ်နိုင်ငံတော်တွင် ချီးမြှောက်ခြင်းဖြစ်သည်။

ထာဝရသမ္မာတရားပေါ်တွင်တည်ဆောက်ထားသည့်၊ ဘုရားသခင်၏အစီအစဉ်က၊ ပြဋ္ဌာန်းထားသည်မှာ၊ မြင့်မြတ်သောဗိမာန်တော်ထဲတွင်ပြုလုပ်သည့် အမျိုးသားတစ်ဦးနှင့်အမျိုးသမီးတစ်ဦးကြားမှ ထာဝရထိမ်းမြားလက်ထပ်ခြင်း ပဋိညာဉ်များကို လိုက်နာစောင့်ထိန်းခြင်းအားဖြင့်သာ ထိုချီးမြှောက်ခြင်းကို ရရှိနိုင်သည်၊ ထိုထိမ်းမြားခြင်းလက်ထပ်ခြင်းကို နောက်ဆုံးတွင် ယုံကြည်သူအားလုံး ပြုလုပ်နိုင်ပါလိမ့်မည်။

နောက်ဆုံးသောတရားစီရင်ခြင်းသည် ကျွန်ုပ်တို့ ပြုလုပ်ခဲ့သော—ကောင်းမှုနှင့်ဆိုးမှုတို့အား စုပုံ၍ အကဲဖြတ်ခြင်းမျိုးမဟုတ်ပါ။ ထိုအကဲဖြတ်ခြင်းသည် ကျွန်ုပ်တို့၏အပြုအမူနှင့်အတွေးများ၏ နောက်ဆုံးသက်ရောက်မှု—ကျွန်ုပ်တို့ ဖြစ်လာသည့်အရာအပေါ်မူတည်သည်။ ကျွန်ုပ်တို့သည် ပြောင်းလဲခြင်း ဖြစ်စဉ်တစ်ခုမှတဆင့် ထာဝရအသက်တာနှင့် ထိုက်တန်မှုရှိအောင်လုပ်ဆောင်ကြသည်။

ကျွန်ုပ်တို့သည် ဤအသက်တာတွင် မှားယွင်းတတ်ကြသော်လည်း၊ ယေရှုခရစ်တော်နှင့်သူ၏အပြစ်ဖြေခြင်းမင်္ဂလာအားဖြင့် ၊ကျွန်ုပ်တို့သည် နောင်တရနိုင်ပြီး ကောင်းကင်ဘုံရှင်အဖ ကျွန်ုပ်တို့အတွက် အလိုရှိရာကို ဦးတည်စေသည့် ပဋိညာဉ်လမ်းကြောင်းသို့ ပြန်လည်ဝင်ရောက်လာနိုင်ပါလိမ့်မည်။

ပုံနှိပ်သည်