မိတ်ဆွေ
ယာကုပ်နှင့်နီဖိုင်းသည် ယေရှုအား မြင်ခဲ့သည်
မတ် ၂၀၂၄


“ယာကုပ်နှင့်နီဖိုင်းသည် ယေရှုအားမြင်ခဲ့သည်၊” မိတ်ဆွေ၊မတ်၂၀၂၄၊၂၆-၂၇။

လစဉ် မိတ်ဆွေ အမှာစကား၊ မတ်လ ၂၀၂၄

ယာကုပ်နှင့်နီဖိုင်းသည် ယေရှုအား မြင်ခဲ့သည်

ရုပ်ပုံ
alt text

အန်ဒရူး ဘော့စလီ၏ သရုပ်ဖော်ပုံများ

ယာကုပ်သည် နီဖိုင်း၏ ညီငယ်ဖြစ်သည်။ ယာကုပ်အား ၎င်းတို့မိသားစု ယေရုရှလင်ကို စွန့်ခွာပြီးနောက် မွေးဖွားခဲ့သည်။ ယာကုပ်သည် ကလေးဘဝတွင် ကတိတော်မြေသို့ လာရောက်ခဲ့သည်။

ရုပ်ပုံ
alt text

ယာကုပ်နှင့်နီဖိုင်းတို့နှစ်ဦးလုံးသည် ယေရှုအား မြင်ခဲ့သည်။ ၎င်းတို့၏သက်သေခံချက်များကို မိသားစုများနှင့်ဝေငှပြီး ယေရှုခရစ်တော်အကြောင်း ပိုမိုလေ့လာနိုင်ရန် ကူညီခဲ့ကြသည်။

ရုပ်ပုံ
alt text

၎င်းတို့သည် ပရောဖက်ဟေရှာယ၏ နှုတ်ထွက်စကားများကိုလည်း ဝေငှခဲ့သည်။ ဟေရှာယသည်လည်း ယေရှုအားမြင်ခဲ့ပြီး သူ့အကြောင်းကို ကျမ်းစာများတွင် ရေးခဲ့သည်။ ယာကုပ်နှင့်နီဖိုင်းသည် ကျမ်းစာများမှ ဟေရှာယ၏နှုတ်ထွက်စကားများကိုအသုံးပြုပြီး ၎င်းတို့၏မိသားစုများကို ယေရှုအကြောင်း သင်ကြားခဲ့သည်။

ရုပ်ပုံ
alt text

ယေရှု ကမ္ဘာမြေသို့ကြွလာမည့်အကြောင်းလည်း သင်ကြားပေးခဲ့သည်။ သူသည် သေဆုံးပြီး တဖန်ရှင်သန်တော်မူလိမ့်မည်။ ၎င်းတို့သည် ယေရှုခရစ်တော်အကြောင်း သက်သေခံချက်များကို ဝေငှခဲ့သည်၊ ထို့ကြောင့် ၎င်းတို့၏မိသားစုဝင်များသည် သူ၏ကြွလာခြင်းကို မျှော်လင့်စောင့်စားနေပေလိမ့်မည်။

အရောင်ခြယ်စာမျက်နှာ

ယေရှုသည် ကျွန်ုပ်တို့၏ ကယ်တင်ရှင်ဖြစ်သည်

ရုပ်ပုံ
alt text here

အာဒမ် ကိုဖော့၏ သရုပ်ဖော်ပုံ

သင်သည် ယေရှု၏ချစ်ခြင်းမေတ္တာကို မည်သည့်အချိန်တွင် ခံစားရသနည်း။

ပုံနှိပ်သည်