မိတ်ဆွေ
ပဋိညာဉ်များနှင့် တာဝန်များ
မေ ၂၀၂၄


လစဉ် လူငယ်တို့အတွက်ခွန်အား အမှာစကား၊ ​မေ ၂၀၂၄

ပဋိညာဉ်များနှင့် တာဝန်များ

ကောက်နုတ်ချက်များ

ရုပ်ပုံ
alt text

ဖိလစ်ပိုင်နိုင်ငံ

ပဋိညာဉ်ဆိုတာ တချို့သောတာဝန်တွေကို ဖြည့်ဆည်းဖို့ ကတိကဝတ်တစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့ တစ်ဦးချင်းစီရဲ့ အသက်တာနဲ့ လူ့အဖွဲ့အစည်းကို ထိန်းကျောင်းတည့်မတ်ဖို့ ကိုယ်ပိုင်ကတိကဝတ်တွေက မရှိမဖြစ် လိုအပ်ပါတယ်။ …

ယေရှုခရစ်တော်ရဲ့ ဧဝံဂေလိအပြည့်အစုံကို ပြန်လည်ဆောင်ယူဖို့အချိန် ရောက်လာတဲ့အခါ၊ ဘုရားသခင်က ဂျိုးဇက်စမစ်လို့ခေါ်တဲ့ ပရောဖက်တစ်ဦးကို ခေါ်ယူခဲ့ပါတယ်။ … [မော်မုန်ကျမ်း]က သူ့ရဲ့သားသမီးတွေအတွက် ဘုရားသခင်ရဲ့အစီအစဉ်အပါအဝင်၊ ဧဝံဂေလိအပြည့်အစုံပေါ်ထွန်းလာဖို့အတွက် ပြန်လည်ဆောင်ယူတဲ့နေရာမှာ အဓိကရင်းမြစ်ဖြစ်ပြီး၊ မော်မုန်ကျမ်းဟာ ပဋိညာဉ်ကို ကိုးကားချက်တွေနဲ့ပြည့်နေပါတယ်။

ပဋိညာဉ်တွေက ဧဝံဂေလိကို ပြန်လည်ဆောင်ယူရာမှာ ပဓာနကျပါတယ်။ အဲဒါဟာ ကိုယ်တော်ရှင်က သူ့ရဲ့အသင်းတော်ကိုဖွဲ့စည်းဖို့ ပရောဖက်ကို ညွှန်ကြားတဲ့ အစောပိုင်းအဆင့်တွေမှာ ထင်ရှားပါတယ်။

ယေရှုခရစ်တော်ရဲ့နောက်ပိုင်းကာလသန့်ရှင်းသူများအသင်းတော်က ကမ္ဘာတစ်ဝှမ်းမှာ ဗိမာန်တော်များကို ဆောက်လုပ်နေပါတယ်။ သူတို့ရဲ့ရည်ရွယ်ချက်က ဗိမာန်တော်ဝတ်ပြုခြင်း၊ မြင့်မြတ်တဲ့တာဝန်များ၊ တန်ခိုးများ၊ ပဋိညာဉ်အားဖြင့် ယေရှုခရစ်တော်ထံ၌ပေါင်းစည်းနိုင်သော ထူးခြားတဲ့ကောင်းချီးများဖြင့် ဘုရားသခင်ရဲ့ပဋိညာဉ်သားသမီးတွေကို ကောင်းချီးပေးဖို့ဖြစ်ပါတယ်။

ယေရှုခရစ်တော်ရဲ့အသင်းတော်က ဘုရားသခင်နဲ့ပဋိညာဉ်ပြုခြင်းကို အလေးပေးတဲ့ အသင်းတော်ဖြစ်ပါတယ်။ ပဋိညာဉ်များဟာ ဤပြန်လည်ဆောင်ယူထားသောအသင်းတော်က စီမံတဲ့ ကယ်တင်ခြင်းနဲ့ ချီးမြှောက်ခြင်းဆိုင်ရာ ဘိသိက်မင်္ဂလာတစ်ခုစီမှာ ရှိရင်းစွဲဖြစ်ပါတယ်။ ဗတ္တိဇံခံခြင်းဘိသိက်မင်္ဂလာနဲ့ ဆက်စပ်ပဋိညာဉ်တွေက ဆီလက်ရှယ်လ်နိုင်ငံတော်သို့ ဝင်ရောက်ဖို့ လိုအပ်ချက်တွေ ဖြစ်ပါတယ်။ ဗိမာန်တော်ရဲ့ ဘိသိက်မင်္ဂလာတွေနဲ့ဆက်စပ်ပဋိညာဉ်တွေက ဆီလက်ရှယ်လ်နိုင်ငံတော်ထဲမှာ ချီးမြှောက်တဲ့၊ “ဘုရားသခင်ရဲ့အကြီးမြတ်ဆုံးဆုကျေးဇူး” ဖြစ်တဲ့၊ ထာဝရအသက်အတွက်၊ လိုအပ်ချက်တွေဖြစ်ပါတယ် [ဩဝါဒနှင့်ပဋိညာဥ်များ ၁၄း၇]။ ထိုအရာက ယေရှုခရစ်တော်၏နောက်ပိုင်းကာလသန့်ရှင်းသူများအသင်းတော်ရဲ့ ဗဟိုချက်ဖြစ်ပါတယ်။

ပုံနှိပ်သည်