“လုလင်ပျိုစစ်သည်များ၊” မိတ်ဆွေ၊ ဩဂုတ် ၂၀၂၄၊ ၂၆-၂၇။
လစဉ် မိတ်ဆွေ အမှာစကား၊ ဩဂုတ် ၂၀၂၄
လုလင်ပျိုစစ်သည်များ
အမ္မုန်နှင့်သူ၏ညီအစ်ကိုများ သွန်သင်ပေးခဲ့သောလူတို့သည် ယေရှုခရစ်တော်နောက်သို့ လိုက်လိုကြပါသည်။ သူတို့သည် လက်နက်များကို မြှုပ်နှံလိုက်ကြပြီး မည်သည့်အခါမျှထပ်မံတိုက်ခိုက်မည်မဟုတ်ကြောင်း ဘုရားသခင်အား ကတိပေးခဲ့ပါသည်။
သို့သော် မကြာမီ သူတို့၏ မိသားစုများကို ကာကွယ်ရန် လိုအပ်လာပါသည်။ သူတို့၏လက်နက်များကို မြှုပ်နှံခဲ့သောဖခင်များသည် ဘုရားသခင်နှင့်ပြုထားသောကတိကို မချိုးဖောက်ချင်ခဲ့ကြပါ။ ထို့ကြောင့် သူတို့၏သားများက သူတို့နေရာတွင် တိုက်ခိုက်ရန်ပြင်ဆင်ကြပါသည်။ သူတို့ကို လုလင်ပျိုစစ်သည်နှစ်ထောင်ဟု ခေါ်ပါသည်။ လုလင်ပျို ဆိုသည်မှာ “ငယ်ရွယ်ခြင်း” ဖြစ်ပါသည်။
လုလင်ပျိုစစ်သည်များသည် စစ်ပွဲတွင် မည်သည့်အခါမျှ မတိုက်ခိုက်ဖူးပါ။ သို့သော် သူတို့၏မိခင်များသည် သူတို့အားပြင်ဆင်ပေးပြီး ဘုရားသခင်ကိုယုံကြည်ရန် သွန်သင်ခဲ့ပါသည်။
သူတို့သည် ဟေလမန်အား သူတို့၏ခေါင်းဆောင်အဖြစ် ရွေးချယ်ခဲ့ကြပါသည်။ သူတို့သည် ရဲရင့်ခဲ့ကြပြီး၊ ဘုရားသခင်သည် သူတို့အားကူညီခဲ့ပါသည်။ သူတို့အားလုံးသည် ထိခိုက်ထားကြသော်လည်း၊ အချင်းချင်း ကူညီခဲ့ကြပါသည်။ ဘုရားသခင်သည် သူတို့၏ယုံကြည်ခြင်းအား ချီးမွမ်းခဲ့ပြီး၊ သူတို့အားလုံး အသက်ရှင်ခဲ့ကြပါသည်။
© 2024 by Intellectual Reserve, Inc. All rights reserved. USA တွင်ပုံနှိပ်သည်။ အင်္ဂလိပ်စာခွင့်ပြုချက်၊ ၆/၁၉။ ဘာသာပြန် ခွင့်ပြုချက်၊ ၆/၁၉။ Monthly Friend Message, August 2024. ၏ ဘာသာပြန် Burmese. 19290 256