၂၀၂၁
ဆက်တိုက်ဗျာဒိတ်တော်
မတ် ၂၀၂၁


“ဆက်တိုက်ဗျာဒိတ်တော်၊” လူငယ်တို့အတွက်ခွန်အား၊ မတ်၊ ၂၀၂၁၊ ၁၆။

လစဉ် လူငယ်တို့အတွက်ခွန်အား အမှာစကား၊ မတ် ၂၀၂၁

ဆက်တိုက်ဗျာဒိတ်တော်

ဧပြီ ၂၀၂၀ အထွေထွေညီလာခံ မိန့်ခွန်း တစ်ခုမှ။

ပရောဖက် ဂျိုးဇက်စမစ်က ဗျာဒိတ်တော်ကို တစ်ခုပြီးတစ်ခု ရရှိခဲ့ပါတယ်။ ပရောဖက်ဂျိုးဇက်စမစ်ရရှိခဲ့တဲ့ ဗျာဒိတ်တော်များစွာကို ဩဝါဒနှင့် ပဋိညာဉ်များကျမ်းထဲမှာ ကျွန်တော်တို့အတွက် ထိန်းသိမ်းထားပါတယ်။

ထပ်လောင်းခြင်းအနေဖြင့်၊ ကျွန်တော်တို့ဟာ “ကိုယ်တော်ရှင်ရဲ့ကိုယ်စား ဟောပြောဖို့ အခွင့်အာဏာပေးခံရသူ အခွင့်ရကိုယ်စားလှယ်များ” ဖြစ်ကြတဲ့ အသက်ရှင်သောပရောဖက်တို့အားဖြင့် ဆက်တိုက်ဗျာဒိတ်တော်နဲ့ ကောင်းချီးခံစားရကြပါတယ်။

ကိုယ်တော်ရှင်ထံမှ လမ်းညွှန်ချက်ကို နှိမ့်ချစွာရှာကြသူအားလုံးအတွက် ကိုယ်ပိုင်ဗျာဒိတ်တော်ကိုလည်း ရရှိနိုင်ပါတယ်။ အဲဒါက ပရောဖက်ဆိုင်ရာဗျာဒိတ်တော်လိုပဲ အရေးကြီးပါတယ်။

ကိုယ်ပိုင်ဗျာဒိတ်တော်ဟာ သန့်ရှင်းသောဝိညာဉ်တော်ထံမှ ရရှိတဲ့ ဝိညာဉ်ပကတိဆိုင်ရာ သမ္မာတရားတွေပေါ်မှာ အခြေခံပါတယ်။ သန့်ရှင်းသောဝိညာဉ်တော်မပါဘဲနဲ့ဆိုရင်၊ ကျွန်တော်တို့ဟာ ယေရှု ခရစ်တော်ဖြစ်တဲ့အကြောင်းကို အမှန်မသိနိုင်ကြပါဘူး။ သန့်ရှင်းသောဝိညာဉ်တော်မရှိဘဲနဲ့၊ ကျွန်တော်တို့ဟာ ယေရှုကို ခရစ်တော်ဖြစ်တဲ့အကြောင်း အမှန်တကယ် မသိနိုင်ကြပါဘူး။ သူ့ရဲ့ ဖွံ့ဖြိုးစေတဲ့ ကဏ္ဍကတော့ ခမည်းတော်၊ သားတော်နဲ့ သူတို့ရဲ့ နာမတော်တွေနဲ့ ဘုန်းတော်အကြောင်း သက်သေခံဖို့ဖြစ်ပါတယ်။

ကျွန်တော်တို့ဟာ ကိုယ်တော်ရှင်ရဲ့ စပျစ်ဥယျာဉ်မှာ နှိမ့်ချစွာ အလုပ်လုပ်ကြတာနဲ့အမျှ၊ ဗျာဒိတ်တော်ဆိုင်ရာလမ်းညွှန်မှုကို ကျွန်တော်တို့အယောက်တိုင်း ရရှိနိုင်တယ်ဆိုတာ ကျွန်တော်အာမခံပါတယ်။

ကျွန်တော်နှိမ့်ချစွာတောင်းဆိုတာကတော့၊ ကျွန်တော်တို့အယောက်တိုင်းဟာ ကျွန်တော်တို့ ဘဝတွေကိုလမ်းညွှန်တဲ့ ဆက်တိုက်ဗျာဒိတ်တော်ကို ရှာကြမယ့်အကြောင်းနဲ့၊ အဘဘုရားသခင်၊ ကျွန်တော်တို့ရဲ့ ကယ်တင်ရှင်၊ ယေရှုခရစ်တော်တို့ကို ကိုးကွယ်ရင်း ဝိညာဉ်တော်နောက်ကို လိုက်လျှောက်ကြမယ့်အကြောင်း ဖြစ်ပါတယ်။

မှတ်စုများ

  1. ဟပ်ဘီဘရောင်း၊ “ပရောဖက်များကြားမှ ဂျိုးဇက်စမစ်” (ခြောက်ဆယ်နှစ်မြောက် ဂျိုးဇက်စမစ်အောက်မေ့ဖွယ် ဒေသနာ၊ လိုဂန်ဘာသာရေးကျောင်း၊ ဒီ၇ ၁၉၅၈)၊ ၇။

ပုံနှိပ်သည်