၂၀၂၂
မျိုးနွယ်စအဘများ၊ သူတို့ဘယ်သူတွေလဲ၊ ဘာကြောင့်အရေးကြီးသလဲ
ဖေဖော်ဝါရီ ၂၀၂၂


“မျိုးနွယ်စအဘများ၊ သူတို့ဘယ်သူတွေလဲ၊ ဘာကြောင့်အရေးကြီးသလဲ၊” လူငယ်တို့အတွက်ခွန်အား၊ ဖေ၊ ၂၀၂၂။

လစဉ် လူငယ်တို့အတွက်ခွန်အား အမှာစကား၊ ဖေဖော်ဝါရီ ၂၀၂၂

ကမ္ဘာဦးကျမ်း ၁၁-၅၀

မျိုးနွယ်စုအဘများ

သူတို့ဘယ်သူတွေလဲ၊ ဘာကြောင့်အရေးကြီးသလဲ

သင်ဟာ အာဗြဟံ၊ ဣဇာက်နဲ့ ယာကုပ်တို့အကြာင်း ကြားဖူးပြီးသားဖြစ်မှာပါ။ ကျွန်တော်တို့ဟာ သူတို့အကြောင်းကို မော်မုန်ကျမ်းထဲမှာ မကြာခဏဖတ်ရပါတယ်၊ ဒီနှစ်မှာ သင်တို့ ဓမ္မဟောင်းကျမ်းကို လေ့လာတဲ့အခါ သူတို့အကြောင်းကို သေချာပေါက် ပိုကြားရမှာဖြစ်ပါတယ်။ သူတို့ကို အလွန်များစွာအာရုံစိုက်ရတာက၊ သူတို့ဟာ အလွန်အရေးကြီးလို့ဖြစ်ပါလိမ့်မယ်၊ ဟုတ်တယ်မဟုတ်လား။ ဒါပေမယ့် သင့်ကိုယ်သင်မေးကောင်းမေးနိုင်ပါတယ်၊ “လွန်ခဲ့တဲ့နှစ်တွေထောင်ပေါင်းများစွာက ရှိခဲ့တဲ့ လူသုံးယောက်က ဒီခေတ်မှာ ဘာဖြစ်လို့ရေးကြီးရတာလဲ။” ဟုတ်ပါပြီ၊ အဲဒီအဖြေရဲ့ အဓိကအချက်ကတော့ သူတို့ကို ဘုရားသခင်ပေးခဲ့တဲ့ ထာဝရပဋိညာဉ်တွေနဲ့ ကတိထားတဲ့ကောင်းချီးမင်္ဂလာတွေမှာတည်ရှိပါတယ်။

အာဗြဟံ

ရုပ်ပုံ
အာဗြဟံ

ရာရုန် ဗိုဂျယ်လ်၏ သရုပ်ဖော်ပုံများ

အာဗြဟံဟာ ကြီးမြတ်တဲ့ ပရောဖက်တစ်ပါးဖြစ်ပါတယ်။ သူဟာဖြောင့်မတ်ပါတယ်၊ ဘုရားသခင်ရဲ့ပညတ်တော်တွေကိုလည်း နာခံပါတယ်။

သူဟ ဗတ္တိဇံခံခဲ့တယ်၊ ယဇ်ပုရောဟိတ်အခွင့်ကို ရရှိခဲ့တယ်၊ ပြီးတော့ သူ့ဇနီးစာရာနဲ့ ထာဝရတံဆိပ်ခတ်ခဲ့ပါတယ်။

ဘုရားသခင်က အာဗြဟံရဲ့ သားစဉ်မြေးဆက်တွေကြီးမြတ်မယ့်အကြောင်းနဲ့၊ သူရရှိခဲ့တဲ့ အလားတူကောင်းချီးမင်္ဂလာတွေရရှိမယ့်အကြောင်း အာဗြဟံနဲ့ ပဋိညာဉ်ပြုခဲ့ပါတယ်။

သူတို့ဟာ ယေရှုခရစ်တော်ရဲ့ ဧဝံဂေလိတရားတော်အပြည့်အစုံကို မြေကြီးပေါ်ရှိနိုင်ငံများဆီဆောင်ယူကြမှာဖြစ်ပါတယ်။

ဣဇာက်

ရုပ်ပုံ
ဣဇာက်

ဣဇာက်ဟာ အာဗြဟံနဲ့ စာရာတို့ရဲ့ သားဖြစ်ပါတယ်။

ဘုရားသခင်က အာဗြဟံကို ဣဇာက်ကို ယဇ်အဖြစ်ပူဇော်ဖို့ မိန့်တော်မူခဲ့ပါတယ်။ အာဗြဟံဟာ ဣဇာက်ကို ချစ်ပါတယ်၊ ဒါပေမယ့် ဘုရားသခင်ကို နာခံဖို့ရွေးချယ်ခဲ့ပါတယ်။ အာဗြဟံက ဣဇာက်ကို ယာဇ်အဖြစ်မပူဇော်ခင်လေးမှာပဲ ကောင်းကင်တမန်တစ်ပါးက အာဗြဟံကို ရပ်တန့်ဖို့ မြွက်ဆိုပါတယ်။ ဘုရားသခင်ကို နာခံဖို့ အာဗြဟံနဲ့ ဣဇာတ်တို့ရဲ့ လိုလိုလားလားရှိခြင်းဟာ ဘုရားသခင်ရဲ့တစ်ပါးတည်းသောသားတော်ရဲ့ အပြစ်ဖြေခြင်းမင်္ဂလာရဲ့ သင်္ကေတဖြစ်ပါတယ်။

ဣဇာက်ဟာ အာဗြဟံနဲ့အလားတူကောင်းချီးမင်္ဂလာတွေနဲ့ ကတိထားခံခဲ့ရပါတယ်။

ယာကုပ်

ရုပ်ပုံ
ယာကုပ်

ယာကုပ်ဟာ သူ့အဘနဲ့ အဘိုးလိုပါပဲ၊ ဘုရားသခင်ကို သစ္စာရှိပါတယ်။

သူ့ရဲ့သစ္စာရှိခြင်းကြောင့်၊ ကိုယ်တော်ရှင်က ယာကုပ်ရဲ့အမည်ကို ဣသ‌ရေလလို့ ပြောင်းခဲ့ပါတယ်၊ “ဘုရားသခင်အနိုင်ပြုသူ” သို့မဟုတ် “ဘုရားသခင်ကို အနိုင်ပြုခွင့်ပေးသူ” လို့အဓိပ္ပာယ်ရပါတယ် (ရှု သမ္မာကျမ်းအဘိဓာန် “ဣသရေလ”)။

ယာကုပ်နှင့် သားများ ဒီသားတွေနဲ့ သူတို့ရဲ့မိသားစုတွေဟာ ဣသရေလမျိုးနွယ်စုများလို့ ထင်ရှားလာခဲ့ပါတယ်။

ဘုရားသခင် အာဗြဟံနဲ့ပြုခဲ့တဲ့ပဋိညာဉ်ကို ယာကုပ်နဲ့ သူ့သားသမီးတွေနဲ့ ထပ်ပြီးပြုခဲ့ပါတယ်။

မျိုးနွယ်စုအဘများနှင့် သင်

အသင်းတော်အသင်းသားတစ်ယောက်အဖြစ်၊ သင်ဟာ အာဗြဟံ၊ ဣဇာက်နဲ့ ယာကုပ်တို့ရဲ့ သားစဉ်မြေးဆက်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။ သူတို့ ဘုရားသခင်နဲ့ပြုခဲ့တဲ့ ပဋိညာဉ်ဟာ သင်နဲ့ သက်ဆိုင်ပါတယ်။

ကယ်တင်ရှင်အကြောင်း သင့်ရဲ့ သက်သေခံချက်ကို သက်သေခံဖို့နဲ့ ဧဝံဂေလိတရားတော်ကို ဝေငှဖို့ ကောင်းချီးမင်္ဂလာနဲ့ တာဝန် သင့်မှာရှိပါတယ်။

လူတိုင်းကို ပဋိညာဉ်တွေပြုပြီးစောင့်ထိန်းစေရန်နဲ့ ယဇ်ပုရောဟိတ်အခွင့် ဘိသိက်မင်္ဂလာတွေရရှိစေရန် ဖိတ်ခေါ်ဖို့လည်း သင့်ကို ခေါ်သွင်းထားပါတယ်။ ဒါဟာ ဣ‌သရေလအမျိုးကို စုဝေးခြင်းရဲ့ အစိတ်အပိုင်းအားလုံးဖြစ်တယ်လို့ ဥက္ကဋ္ဌနယ်လဆင်က ပြောထားပါတယ်၊ အဲဒါကတော့ “ဒီနေ့မြေကြီးပေါ်မှာဖြစ်ပျက်နေတဲ့ အရေးအကြီးဆုံးအရာဖြစ်ပါတယ်” (“ဣ‌သရေလမျှော်လင့်ခြင်း၊” [ကမ္ဘာတစ်ဝန်းလူငယ်ဝတ်ပြုခြင်း၊ ဇွန် ၃၊၂၀၁၈]၊ ၈၊ChurchofJesusChrist.org)။

ပုံနှိပ်သည်