၂၀၂၂
မုန်တိုင်းများထဲ၌တည်ငြိမ်ခြင်း
မေ ၂၀၂၂


“မုန်တိုင်းများထဲ၌တည်ငြိမ်ခြင်း၊” လူငယ်တို့အတွက် ခွန်အား၊ မေ ၂၀၂၂။

လစဉ် Liahona အမှာစကား၊ မေ ၂၀၂၂

မုန်တိုင်းများထဲ၌တည်ငြိမ်ခြင်း

ကောက်နှုတ်ချက်များ

ရုပ်ပုံ
မီးပြတိုက်

ကျွန်တော်တို့ကိုယ်တိုင်နဲ့ ကျွန်တော်တို့ချစ်တဲ့သူတွေအတွက် စိုးရိမ်ကြတဲ့ကျွန်တော်တို့အတွက်၊ ရှေ့မှာရှိတဲ့မုန်တိုင်းတွေထဲမှာ ဘေးကင်းရာနေရာတစ်ခုနဲ့ပတ်သက်လို့ ဘုရားသခင်ပြုတော်မူထားတဲ့ကတိတော်မှာ မျှော်လင့်ချက်ရှိပါတယ်။

ဗင်္ယာမိန်မင်းကြီးရဲ့ ပရောဖက်ပြုစကားတွေဟာ ကျွန်တော်တို့ခေတ်မှာ ကျွန်တော်တို့နဲ့ သက်ဆိုင်ပါတယ်၊

သူက သူ့လူမျိုးတွေနဲ့ ကျွန်တော်တို့ကို တစ်ခုတည်းသောဘေးကင်းရာကျောက်၊ ကယ်တင်ရှင်အပေါ်မှာတည်ဆောက်ကြဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ ကျွန်တော်တို့ဟာ အမှန်နဲ့အမှားကို ရွေးချယ်ဖို့လွတ်လပ်တဲ့အကြောင်းနဲ့၊ ကျွန်တော်တို့ရွေးချယ်မှုတွေရဲ့ အကျိုးဆက်ကို မရှောင်နိုင်တဲ့အကြောင်း ရှင်းလင်းစေခဲ့ပါတယ်။

ကျွန်တော်တို့ရဲ့သဘာဝတွေဟာ ကလေးသူငယ်တစ်ယောက်လို ဖြစ်လာဖို့နဲ့ ဘုရားသခင်ကို နာခံဖို့နဲ့ ပိုပြီးချစ်စရာကောင်းလာဖို့ ပြောင်းလဲကြပါတယ်။ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်ရောက်လာတဲ့ ဆုကျေးဇူးတွေနဲ့ မွေ့လျော်စေဖို့ ကျွန်တော်တို့ကို အဲဒီပြောင်းလဲမှုကအရည်အချင်းပြည့်မီစေပါတယ်။ ဝိညာဉ်တော်ရဲ့အဖော်ပြုမှုကို ရရှိခြင်းက ကျွန်တော်တို့ကို နှစ်သိမ့်စေပြီး၊ လမ်းညွှန်ပါတယ်၊ ပြီးတော့ ခွန်အားဖြည့်ပေးပါတယ်။

ဘဝမုန်တိုင်းတွေရောက်လာတဲ့အခါ၊ သင်ဟာ ယေရှုခရစ်တော်၌ သင်၏ယုံကြည်ခြင်းကျောက်ပေါ်မှာရပ်နေတာဖြစ်လို့ တည်ငြိမ်နိုင်ပါတယ်။ အဲဒီယုံကြည်ခြင်းက သင့်ကို နေ့စဉ်နောင်တရခြင်းနဲ့ ပဋိညာဉ်ပုံမှန်စောင့်ထိန်းခြင်းဆီကို ပို့ဆောင်ပါလိမ့်မယ်။ အဲဒီနည်းနဲ့ သင်ဟာ ကိုယ်တော်ကို အမြဲသတိရပါလိမ့်မယ်။ အမုန်းတရားနဲ့ ဆိုးညစ်ခြင်းမုန်တိုင်းတွေတလျှောက်မှာ သင်ဟာ တည်ငြိမ်ခြင်းနဲ့ မျှော်လင့်ချက်ပြည့်ခြင်းတွေကို ခံစားရပါလိမ့်မယ်။

သိမ်မွေ့အောက်ကျို့ပြီးချစ်စရာကောင်းတဲ့ကလေးတစ်ယောက်လို သူ့ရဲ့အကူအညီကို လက်ခံပါ။ ယေရှုခရစ်တော်ရဲ့နောက်ပိုင်းကာလသန့်ရှင်းသူများအသင်းတော်ထဲမှာ သူပေးတဲ့ ပဋိညာဉ်တွေကို ပြုပြီးစောင့်ထိန်းပါ။ အဲဒါတွေက သင့်ကို ခွန်အားဖြည့်ပေးပါလိမ့်မယ်။ ကယ်တင်ရှင်က မုန်တိုင်းတွေ၊ သူနဲ့ ကျွန်တော်တို့ရဲ့ ကောင်းကင်ဘုံရှင်အဘဆီပြန်သွားရာလမ်းမှာ ရှိတဲ့ ဘေးကင်းရာနေရာတွေကို သိပါတယ်။ သူက ခရီးကို သိပါတယ်။ သူကခရီးလမ်းဖြစ်ပါတယ်။

ပုံနှိပ်သည်