၂၀၂၂
အကျွန်ုပ်တို့ခြေရှေ့မှမီးခွက်
သြဂုတ်လ ၂၀၂၂


“အကျွန်ုပ်တို့ခြေရှေ့မှမီးခွက်” For the Strength of Youth,သြဂုတ်လ ၂၀၂၂

လစဉ် လူငယ်တို့အတွက်ခွန်အား အမှာစကား၊ ဩဂုတ် ၂၀၂၂

အကျွန်ုပ်တို့ခြေရှေ့မှမီးခွက်

ရှေးဣသရေလအမျိုးသားတို့၏သာမန်ပစ္စည်းတစ်ခုက ကျွန်တော်တို့ကို ကိုယ်တော်ရှင်မည်သို့ လမ်းညွှန်တော်မူသည်ကို သွန်သင်နိုင်ပါသည်။

ရုပ်ပုံ
ဆီမီးခွက်

အချက်အလက်များ

ဓမ္မဟောင်းကျမ်းကာလတွင်၊ လူတို့သည် အမှောင်ထဲ၌ အလင်းကိုဆောင်ရန် ဆီမီးခွက်များကို အသုံးပြုကြပါသည်။ ဤဆီမီးခွက်အများစုတွင် အခြေခံလက္ခဏာသုံးခုရှိပါသည်။

  1. ဆီထည့်ရန် ရွံ့စေးခွက် သည် အများအားဖြင့် လူတစ်ယောက်၏လက်ထဲ၌ ကိုင်ထားနိုင်လောက်အောင် သေးငယ်ပါသည်။

  2. ဆီစိုပြီးနောက် မီးညှိရမည့် လျှော်မီးစာတစ်ခု၊

  3. မီးစာကို ထိန်းသည့် ခေါင်း သို့မဟုတ် နှုတ်သီး

မီးစာတစ်ခုသာပါသည့် ရိုးရှင်းသောဆီမီးခွက်များသည် ၎င်းတို့ပတ်ပတ်လည် ပေအနည်းငယ်ကို အလင်းပြပါလိမ့်မည်။ လမ်းလျှောက်စဉ် အသုံးပြုလျှင်၊ သင့်ရှေ့ခြေတစ်လှမ်းစာကို လုံလောက်အောင် အလင်းပေးသဖြင့် အမှောင်ထဲ၌ ဂရုစိုက်၍သွားလာနိုင်ပါသည်။

ကျွန်တော်သည့်မည်သည့်အရာကို သင်ယူနိုင်ပါသနည်း

ရုပ်ပုံ
ဆီမီးခွက်ကို ကိုင်ထားသည့်ယေရှုခရစ်တော်

ခွင့်ပြုချက်ဖြင့်အသုံးပြုထားပါသည်။ ဆိုင်မွန်ဒွေး၏ ပို့ဆောင်ပါ၊ ကြင်နာစွာအလင်းဖြင့်။ altusfineart.com © 2022.၏စေတနာ

ကိုယ်တော်ရှင်၏နှုတ်ကပတ်တော်က အမှောင်ထဲမှာ ကျွန်တော်တို့ရဲ့ လမ်းတစ်လျှောက်မှာ၊ လောကထဲ၌ကျွန်တော်တို့ပတ်လည်မှာရှိတဲ့ ရှုပ်ထွေးခြင်းမှာ အလင်းပြနိုင်ပါတယ်။

ကိုယ်တော်ရှင်က ကျွန်တော်တို့ကို ကိုယ့်အလင်းကို ဖုံးမထားဘဲ၊ အခြားသူတွေမြင်နိုင်စေဖို့ ဧဝံဂေလိတရားတော်အလင်းကို ကျွန်တော်တို့နဲ့အတူ သယ်ဆောင်သွားဖို့ မိန့်တော်မူခဲ့ပါတယ်( ရှုမဿဲ ၅း၁၄-၁၆)။

ကျွန်တော်တို့ရဲ့ မီးခွက်တွေ ဆီနဲ့ပြည့်နေဖို့ဆိုတာ ကျွန်တော်တို့ သဘောအတိုင်းပဲဖြစ်ပါတယ် (ရှု မဿဲ ၂၅း၁-၁၃)။ ကျွန်တော်တို့ဟာ ဒီအရာကို ဆုတောင်းခြင်း၊ ကျမ်းစာလေ့လာခြင်း၊ အစေခံခြင်း၊ ပရောဖက်နောက်ကို လိုက်လျှောက်ခြင်း၊ အခြားယုံကြည်ခြင်းနဲ့ ဆက်ကပ်ခြင်းအပြုအမူများဖြင့် ပြုလုပ်ကြပါတယ်၊ (ရှု စပင်ဆာ ဒဗလျူ ကင်းဘောလ်ယုံကြည်ခြင်းသည် အလွန်တရာအံ့ဩဖွယ်အမှု ရှေ့မှသွား၏ [၁၉၇၂]၊၂၅၆)။

ကျွန်တော်တို့ဟာ ယုံကြည်ခြင်းကို ကျင့်သုံးကြမယ်ဆိုလျှင်၊ ကိုယ်တော်ရှင်က အချိန်အတော်များများမှာ ကျွန်တော်တို့အတွက် ရှေ့တစ်လှမ်းသွားလို့ရအောင် ကျွန်တော်တို့လမ်းမှာ လင်းစေတော်မူပါတယ်(ရှု ဘွိုက်ကေပက်ကာ၊ “The Candle of the Lord,” Ensign, ဇန်၊ ၁၉၈၃၊ ၅၄)။

ပုံနှိပ်သည်